"ကျွန်တော်တစ်ခုလောက်မေးလို့ရလားဟင်"

"မေးလေ ထယ်ယောင်း "

"အဲ့နေ့ကကျွန်တော်ကားတိုက်ခံရပြီးတော့ အလုပ်မှာဘယ်လိုဖြစ်သွားသေးလည်း"

"ထယ်ယောင်းကိုမင်းသမီးနူနာထင်ပြီး ကားနဲ့တိုက်လိုက်တာမဟုတ်ဘူး မဟုတ်မှန်းသိလိုတိုက်ခဲ့တာ အခုတော့သူအဖမ်းခံလိုက်ရပြီ ဒါရိုက်တာကြီးက အရေးယူလိုက်တာပါ"

တောင်းပန်ပါတယ်ထယ်ယောင်း နောက်ဆုံးစကားကအလိမ်အညာဖြစ်နေလို့

"ကျွန်တော့်မှာကိုယ်ဝန်ရှိနေတာ သိပြီးပြီဆိုတော့ ဒီကိုယ်ဝန်ပိုင်ရှင်ကိုလည်းအကိုလည်းသိလောက်ပြီမှတ်လား"

"ထယ်ယောင်း  အကိုအခုလိုပြောတာကိုတစ်မျိုးတော့မထင်စေချင်ဘူး ဖြစ်နိုင်ရင်ဂျောင်ဂုကိုမေ့လိုက်ပါလား"

"မေ့မှာပါ ကျွန်တော်လည်း ကျွန်တော်နေပြန်ကောင်းရင် ဘူဆန်မှာရှိတဲ့ကျွန်တော့်မိဘတွေစီကိုပဲပြန်နေတော့မယ်"

"အွန်းပါ အခုတော့အနားယူတော့နော် အကိုအပြင်ခနသွားအုန်းမယ်"

ထယ်ယောင်းဝမ်းနည်းနေတာကိုသိပါတယ် ဒါပင်မဲ့အကို့ကိုခွင့်လွှတ်ပါ ဂျောင်ဂုကိုမေ့လိုက်တာထယ်ယောင်းအတွက်ရော ဂျောင်ဂုအတွက်ပါအဆင်ပြေမှာမို့ပါ

မုန်းတယ်ဂျွန် ဒါပင်မဲ့တစ်ခါလောက်တွေ့ချင်သေးတယ် တစ်ခါလောက်ထယ်ဆိုတဲ့ ခေါ်နေကျအသံလေးကိုရော ဂျွန့်ရဲ့ရင်ခွင်နွေးနွေးလေးကိုပါ လွမ်းတယ် ထယ်ယောင်းပါးပေါ်မှာကျနေတဲ့မျက်ရည်တစ်ချို့ကိုခပ်ကြမ်းကြမ်းဆွဲသုတ်ပြီး မျက်လုံးကိုမှိတ်ထားလိုက်တယ် ပြန်ပြီးမေ့သာနေလိုက်ချင်တယ်

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"ဂျောင်ဂု  ထယ်ယောင်းသတိရလာပြီ"

"သူသက်ရောသက်သာရဲ့လားအကိုဂျင်"

ထယ်ယောင်းကိုသက်သာရဲ့လား မေးနေတဲ့မင်းရော အဆင်ပြေရဲ့လား ဖြူဖက်ဖြူရော်နှုတ်ခမ်းတွေက အရင်ကလိုထယ်ယောင်းကိုဆူငေါက်နေတဲ့ ပန်းနုရောင်နှုတ်ခမ်းမဟုတ်နေတော့ဘူး

"သူအဆင်ပြေပါတယ် သူမင်းကိုသတိရနေတယ်"

"ကျွန်တော့်အလုပ်တွေကို မင်ယွန်ဂီစီမှာအပ်ထားတယ် ကျွန်တော်မရှိတော့ရင် သူကိုကျွန်တော်နေရာအစားထိုးလိုက်ပါ ပြီးတော့ ကျွန်တော်မရှိတော့ရင် ထယ့်ကိုစောင့်ရှောက်ပေးပါအကိုဂျင်"

စကားပြောနေတဲ့ သူမမောင်ကိုကြည့်ပြီး ဂျယ်ဟီးထိန်းထားတဲ့ကြားကမျက်ရည်ကျမိတယ် ခွင့်လွှတ်ပါမောင်လေးရယ် ဒီကိစ္စထယ်ယောင်းသိမှရမှာမို့ပါ
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
#TaeKook❣️
#Pim☘️❣️
Copyကူးယူထားခြင်းမရှိပါ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်
နောက်တစ်ပိုင်းဆိုပြီးပါပြီရှင့်🥺💗

မငြိုးပန်း❣️Where stories live. Discover now