အပိုင်း(၂၁)

Start from the beginning
                                    

'' အို ဟုတ်ကိုမဟုတ်ဘူး။ ဘာကိစ္စ ခင်လေးက အလျှော့ပေးရမှာလဲ။ ဒါကခင်လေးနေရာ။ ပြီးတော့မြို့အုပ်မင်းကလည်း ခင်လေးကိုသဘောကျတာ။ သူ့ကိုမဟုတ်ဘူး။ ''

'' ဒါ ဒါကလည်း ခင်လေးက ယောကျ်ားပျိုမှန်းမသိသေးလို့ပါ။ သိများသိသွားခဲ့ရင် ခင်လေးကို ရွံ့ပါရွံ့သွားမှာ ။ ''

'' ဘာလို့ အဲလိုတွေလျှောက်တွေးနေတာလဲ ခင်လေးရယ်။ ခင်လေး မြို့အုပ်မင်းကို သဘောမကျဘူးလား။နည်းနည်းလေးမှ မေတ္တာမရှိဘူးလား ။''

'' ခင်လေး မမျှော်မှန်းရဲတဲ့အရာတွေပါ ခင်ထွေးရယ်''

လရောင်၏ စကားကြောင့် ခင်ထွေးသက်ပျင်းတွေသာ ချနေမိသည်။

'' အစ်မလေး ရေခဲရပြီ ။ ခင်ထွေး ကူညီပေးပါအုံး ။ ''

ခင်ထွေးအား ရေခဲတုံး ကြီးအားပေးကာ ဆိုလာသည့် ကိုထွန်းတောက်ကြောင့် ခင်ထွေးခေါင်းညိတ်ကာယူလိုက်ပြီး ဓားနှင့်ခွဲကာ သဘက်ကလေးနှင်ထုတ်ပြီး ခင်လေးအားကပ်ပေးလိုက်လေသည်။

'' အစ်မလေး ဘာကြောင့်ဒဏ်ရာရမှန်းကျုပ်မသိပေမဲ့ ။ အစ်မလေး နောက်တစ်ခါဘာမှကြောက်နေစရာမလိုဘူးနော်။ အစ်မလေးမှာ ကျုပ်ဆရာရော ၊ ကျုပ်တို့ရောရှိတယ်။ ''

ကိုထွန်းတောင်ကြီး၏ စကားကြောင့် လရောင် ငိုချင်စိတ်အားထိန်းပြီး ခေါင်းလေးသာညိတ်ပြလိုက်လေသည်။

>>>>>
<<<<<

'' မောင် ပြန်ရောက်ပြီ လရောင် ''

သစ်ဦး အိမ်ထဲသို့ဝင်ဝင်ချင်း ရှုးဖိနပ်အားချွတ်ကာ အော်ပြောလိုက်လေသည်။

'' သြော် မြို့အုပ်မင်း ပြန်ရောက်ပြီလား။ ဒေါ်ဒေါ်တို့ကတော့ အဆင်သင့်ဖြစ်နေပြီကွဲ့။ ''

'' ဟုတ်ကဲ့ဒေါ်ဒေါ်။ ဒါနဲ့လရောင်ရော''

အိမ်ထဲတွင် လေဒီရှူးဖိနပ်အားစီးကာ ဆံပင်တသသနှင့် ဟန်ရေးပြင်နေသော မော်လေးဆိုသောသူမအား လစ်လျူရှု့ကာ လရောင်အားမေးလိုက်လေသည်။

'' လရောင် ဒီမှာပါ ကိုသစ်ဦး။ မေမေကြီးကိုရေချိုးပေးနေလို့ရယ်။ ''

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Where stories live. Discover now