Alexက ကြားသောအခါ တသိမ့်သိမ့်ရယ်နေသည်မှာမရပ်တော့။

"အဲ့တာဆိုရင်တော့မပူနဲ့...... ခင်ဗျားယောကျာ်းက သေချာပေါက်ဖောက်ပြန်နေတာ ခုရက်ပိုင်းခင်ဗျားနားကပ်နေရတဲ့အကြောင်းရင်းက သူ့ရည်းစား ကျွန်တော့်အစ်မဝမ်းကွဲက အိမ်ပြန်ရောက်နေလို့လေ"

"မင်းအစ်မ?"

"အင်းလေ ဟိုတစ်ခါတုန်းကတစ်ယောက်...... ခင်ဗျားမျက်နှာကဘာလဲ သူ့ကိုသဝန်တိုနေသေးတာလား"

ဆူပုပ်လာတာကိုမြင်ရလျှင် တွန့်ကုတ်မိလိုက်သောမျက်ခုံးကို ဟန်သစ်ပြန်လည်ဖြေလျော့ရသည်။

"မဟုတ်ဘူး........ ဒီလိုဆက်ဆံရေးက နည်းနည်းတော့ကသိကအောက်ဖြစ်စရာကောင်းလို့"

တရားဝင်လင်ယောကျာ်းနှစ်ယောက် တစ်ပြိုင်တည်းဖောက်ပြန်နေမိသူများက မောင်နှမဝမ်းကွဲများဖြစ်နေသည်တဲ့လေ။ 

"ဘာကိုကသိကအောက်ဖြစ်ရမှာလဲ မဖြစ်ဘူး"

Alexက ပြတ်သွားတဲ့စကားကိုဆက်သည်။

"သိပ်မကြာခင် ခင်ဗျားနဲ့ကွာရှင်းပြီး သူတို့ချင်းလက်ထပ်ဖို့သဘောတူထားတယ် ဒါကြောင့် ကျွန်တော်တို့က အခွင့်ရေးကိုစောင့်နေရုံပဲ......... ခင်ဗျားသူ့အပေါ်သဝန်တိုခွင့်မရှိဘူး Okay?"

"အင်း....အင်း"

"ဘာကိုအင်း,အင်းလဲ"

"မရစ်နဲ့.......ကိုယ်သိပြီလို့ပြောတာ"

Alexက နှာကိုမှုတ်လိုက်ပြီး အတန်းမပြန်ဘဲ လစ်ထွက်လာရန်ပြင်လိုက်၏။ သို့သော် သူခြေလှမ်းအများကြီးမလှမ်းရသေးခင် ကော်လံမှပြန်ဆွဲယူခံလိုက်ရသည်။

"အတန်းဘက်သွားတဲ့လမ်းက အဲ့ဘက်မဟုတ်ဘူးလို့ ကိုယ်သတိပေးရဦးမှာတော့မဟုတ်ဘူးမလား"

"............"

Alex မကျေမနပ်ဖြင့် ဆိုလိုက်မိသည်။

"အတန်းမတက်ချင်ဘူး......."

"??? ဆရာတစ်ယောက်လုံးကိုရှေ့ထားပြီး အတန်းလစ်ဖို့မင်းကပြောရဲသေးတယ်"

ဟန်သစ်က ထိုသို့ပြောလိုက်သည့်အခါ ပြဿနာအိုးက ဘာကိုတွေးမိသွားသည်မသိ။ စပ်ဖြဲဖြဲဖြင့် သူ၏ခါးကိုတို့လာပြီး.......

Student(Completed)Onde histórias criam vida. Descubra agora