"အဲ့တာမကောင်းဘူးလား ကြာရင် ငါ့ကိုထယ်ကစိတ်နာသွားမှာလေ ဒါမဲ့ခက်တယ်ဟာ ဒီလောက်ရက်စက်ပြနေတာတောင် ထယ်ငါ့ကိုအခုချိန်ထိမထားခဲ့သေးဘူးဟ"

"ဒါဆိုဘာလို့ ထယ်ယောင်းကိုဘူဆန်ကနေဒီကိုခေါ်လာခဲ့သေးလည်း"

"ဒါတွေအာလုံးနင်လည်းသိပြီးသားပဲကို ဘာလို့ငါ့ကိုလာမေးနေသေးလည်း တော်တော့အမရာ ငါခေါင်းတွေကိုက်လို့ အနားယူပါရစေ"

သူမပြောတာဆို ဒီကောင်လေးကဘာမှနားမထောင်ဘူး ဂျောင်ဂုလည်းထယ်ယောင်းကိုအရမ်းချစ်တာသူမအသိဆုံး ‌ ဂျောင်ဂုမှာသာသွေးကင်ဆာရှိရင် ထယ်ယောင်းကိုဘူဆန်ကနေခေါ်မလာတဲ့အပြင် ဂျောင်ဂုကဒါရိုက်တာတစ်ယောက်လည်းလုပ်မှာမဟုတ်ဘူး သူရောဂါရှိမှန်းသိတဲ့အချိန်ကအရမ်းနောက်ကျသွားခဲ့ပြီလေ ထယ်ယောင်းကိုဘူဆန်ကနေခေါ်လာပြီ၂လအတွင်းမှာသိရတာ ကုသလို့မရတဲ့အထိရောဂါကဆိုးနေမှန်း ဂျောင်ဂုသိလိုက်ရတော့ ထယ်ယောင်း သူ့ကိုမုန်းအောင်လုပ်မဲ့နည်းလမ်းကိုရွေးချယ်ခဲ့တာ ဒါမှထယ်ယောင်းသူကို့မုန်းမှာမှတ်လားဆိုတဲ့ စကားပြောပြီတိုင်း ငိုနေတဲ့သူမမောင်လေးကိုသူမ မကူညီနိုင်ခဲ့ဘူး~~~~~~~~~~
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"ထယ်ယောင်း ဒီမှာဘာထိုင်လုပ်နေတာလည်း အလုပ်ထဲဝင်ရအောင်လေ"

"အရင်ဝင်နှင့်ပါလား အကိုဂျင် ကျွန်တော်လုပ်စရာလေးရှိလို့"

"အမယ် ငါသိတယ်နော် ထယ်ယောင်း မင်းအလုပ်လာတဲ့ကောင်မလေးတွေကို ငမ်းမလို့မလား"

ပေါက်ပန်းလေးဆယ်တွေပြောနေတဲ့ အကိုဂျင်ကိုထယ်ယောင်းတစ်ချက်ပဲပြုံးပြလိုက်မိတယ် သူပြောတာမှန်တယ်ထင်နေတဲ့ပုံပဲ သူကိုလိုက်စနေတာ ရုပ်ကစပ်ဖြီးဖြီးနဲ့

"အကိုသိရင်ရောပြီးရောမလား"

"အေးပါ အေးပါ အဲ့ဆိုငါအရင်ဝင်နှင့်မယ် အရမ်းတော့မငမ်းနဲ့နော် အလုပ်ချိန်နောက်ကျမယ်"

"ဟုတ်ကဲ့"
ထယ်ယောင်းစောင့်နေတဲ့တစ်စုံတစ်ယောက်ကတော့အခုထိပေါ်မလာသေးဘူး ထယ်ယောင်းမနက်အစောကြီးအလုပ်လာပြီး ဂျွန်များအလုပ်လာမလားလို့ ပြောလို့တောင်မဆုံးသေးပါဘူး အလုပ်ရှေ့ကိုမောင်းလာတဲ့ ကားလေ ဂျွန့်ရဲ့ကားလေး ထယ်ယောင်းလည်းစဥ်းစားမနေပဲဂျွန်ဆင်းမဲ့နေရာကိုသွားကားတံခါးဖွင့်ပေးမို့ပြေးလိုက်မိပင်မဲ့ တစ်ဖက်ကဆင်းလာတဲ့အမျိုးသမီးကြောင့် ထယ်ယောင်းခြေလှမ်းလေးတွေက တိခနဲပဲ ဒီအမျိုးသမီးကို ဂျွန့်အနားမှာတွေ့တာကြာပြီ ဂျွန်ကအကြာကြီးမတွဲဘူးလေ ဒီအမျိုးသမီးကိုတကယ်ချစ်လို့များလား ဟင့်အင်းမဟုတ်လောက်ပါဘူး

"ကင်မ်ထယ်ယောင်း အလုပ်မဝင်ပဲ ဒီမှာဘာထိုင်လုပ်နေတာလည်း ငါမလာဘူးဆိုပြီးး အချောင်လာခိုနေတာလား"

"မဟုတ်ရပါဘူး ကျွန်တော်အခုမှအလုပ်ရောက်တာမို့ ဒါရိုက်တာကြီးကိုတွေ့လို့ အထုပ်လေးကူသယ်ပေးရမလားလို့ပါ"

"ငါ့ဘာသာသယ်နိုင်တယ် အကူမလိုဘူး "
ကျွန်တော်ကိုကြည့်ရင်တော့ စူးစူစိုက်စိုက် ရိုက်နှက်မဲ့အကြည့်နဲ့ သူ့ဘေးကအမျိုးသမီးကိုကျတော့ အသံကအစပြောင်းသွားတာ

"ဘေဘီသွားမယ်လေ ဘာတွေစဥ်းစားနေတာလည်း"

"ဘာမှမဟုတ်ပါဘူး ဂျွန်သွားရအောင်လေ"

သူရှေ့ကလက်ချိတ်ပြီးဝင်သွားတဲ့နှစ်ယောက်ကိုထယ်ယောင်းမျက်စိတစ်လုံးလိုက်ကြည့်နေမိတယ် လိုက်ဖက်ပါတယ် ဂျွန်သာဒီအမျိုးသမီးကိုတကယ်ချစ်ရင် ထယ်ယောင်းအလိုက်တသိထွက်သွားပေးမှာပါ ဂျွန်~~~~~

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"ထယ်ယောင်း အဲ့တာ ကင်မ်ထယ်ယောင်းလား"

ကင်မ်ထယ်ယောင်းကိုအခုမှမြင်ဖူးနေတဲ့ သူ့အမပါလေ သူမကအခုမှမြင်ဖူးပင်မဲ့ ကင်မ်ထယ်ယောင်းကခနခနမြင်ဖူးတယ်ဆိုတာ ဂျောင်ဂုသိတယ် ဘာလို့ဆို သူကသူ့ဘေဘီဆိုပြီးပုံပြထားတာလေ

"ဟုတ်တယ် "

"ကင်မ်ထယ်ယောင်းကချောလည်းချောတယ် ခန့်လည်းခန့်တယ် ပြီးတော့ချစ်ဖို့လည်းကောင်းတယ် လှလည်းလှတယ်"

"အမ ကင်မ်ထယ်ယောင်းကလေ ငါ့အပိုင်ဆိုတာသိလား"

"ဟုတ်ပါပြီ ဂျွန်ရယ်"

"မခေါ်စမ်းပါနဲ့ "

"ဂျောင်ဂု အမေတို့လည်းထယ်ယောင်းကိုမြင်ရင် အရမ်းချစ်ကြမှာသိလား"

"နင်ထယ်ယောင်းကို ငါမရှိတော့ရင်စောင့်ရှောက်ပေးပါနော် မမ"

လေးလေးနက်နက်ပြောနေတဲ့ သူမမောင်လေးကိုကြည့်ပြီး ဂျယ်ဟီးတစ်ယောက်စိတ်မကောင်းဖြစ်မိတယ် ဂျောင်ဂုရောဂါက အလွန်ဆုံးနေရလည်း 6လပဲကျန်တော့တယ်
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

#TaeKook❣️
#Pim☘️❣️
Copyကူးယူးထားခြင်းမရှိပါ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်
ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် အရေးအသားညံ့ဖျင်းတာမို့သည်းခံပေးကြပါရှင့် 🥺🙏🌸
SE (or) HE🥺🌼

မငြိုးပန်း❣️Where stories live. Discover now