ငါ့ယောကျ်ားက လူဆိုးကောင်

Start from the beginning
                                    

အိမ်ရှေ့မှာ တွေ့လိုက်တာက စိတ်ပျက်စရာ မြင်ကွင်း အမူး သမားက လမ်းတောင်မလျှောက်နိုင် ။ ငါ့ဒေါသကို မင်းစွနေတာဘဲ Wang Yibo ။ အေး မင်းရဲ့ အဲ့ပုံစံကို အဖေမြင်သွားလည်း ကောင်းတာဘဲ ဒါမှ ငါမလွန်ဘူးဆိုတာကို သိမှာ။

"သဲလေး ယောက်ျားကို လာတွဲပါအုံး အေ့ "

"ဟုတ်လား အော် အိမ်ထိ ရောက်အောင်ပြန်လာနိုင်တယ် အိမ်ပေါ်ကျ မတက်နိုင်တော့ဘူးပေါ့ ဟမ်  ဟုတ်လား ယောက်ျားစုတ် ယောက်ျား နာ "

"သဲလေးရာ    အေ့ ယောက်ျား မူးနေလို့ပါ အေ့ "

"မတွဲဘူး !! ကိုဟာ့ကို ၀င်လာခဲ့ အိမ်မှာ အဖေရောက်နေတယ်နော် မင်းကိစ္စ မင်းလာရှင်း "

"ဟမ်  ယောက်ခမကြီး ရောက်နေတယ် လို့   .. ပြောတာလား   မိန်းမ "

"ဘောကို မိန်းမ ငိုးမ ၀မ်ရိပေါ် မင်းမြန်မြန်၀င်ခဲ့ "

"သဲလေးက လာကူတွဲမှ အေ့ ယောက်ျားက ၀င်မှာ  အေ့  ... မဟုတ်ရင် ဒီမှာ ထိုင်နေမှာ ''

"၀မ်ရိပေါ် !!!!! သေနာကောင်  လာခဲ့ မင်း "

နောက်ဆုံး အမူးသမားနဲ့ စကားနိုင်လုမနေတော့ဘဲ အိမ်ထဲ တွဲခေါ်လာခဲ့ပြီး ဧည့်ခန်း ဆိုဖာပေါ်မှာ ဘုန်းကနဲ ပြစ်ချလိုက်တော့ အမူးသမားက သူ့ကိုပါ ဆွဲချသွားသည်လေ

"၀မ်ရိပေါ်   မင်း !  ဘာဖြစ်နေတာလဲ ဒီမှာ အဖေ ရှိတယ် နော် "

အမူးသမားက ဒါကျ အမူးက ပါးတယ် ချက်ချင်းကောက်ထပြီး အဖေ့ကို လက်အုပ်ချီကာ တောင်ပန်နေတော့သည် ။

"အာ ...အဖေ သား တောင်းပန်တယ်နော် .
.. သား တောင်းပန်တယ် သားက တခါတလေမှ သောက်တာပါ "

"အင်း အဖေ နားလည်ပါတယ် မင်းတို့ရန်လည်း ခန ခန မဖြစ်ကြနဲ့ပေါ့ကွာ "

"သားက မဖြစ်ပါဘူး အဖေ .."

"အော် ဒါဆို ငါကဘဲ မင်းကို အပြစ်မရှိ အပြစ်ရှာပြောနေတာပေါ့ "

"ရှောင်ကျန့်  ဒီမှာ ငါဆုံးမနေတယ်လေ မင်း၀င်မပြောနဲ့"

"အဖေ ...."

"ဒါက ဒီလို ရှိပါတယ် အဖေ "

ရှောင်ကျန့် ပြောမဲ့စကားကို ကြားထဲက ဖြတ်ပြောတဲ့ အမူးသမားကြောင့် ရှောင်ကျန့် မျက်စောင်းထိုးလိုက်တယ် 

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now