မောင့် နှင်းဆီနီ

Start from the beginning
                                    

"  သားတွက် ကိုကိုက လိမ်မာတဲ့ ကလေးမို့ မုန့်ကျွေးတာ အိမ်ကို ကောင်းကောင်းပြန်နော် မပြေးနဲ့ ချော်လဲမယ်  ကိုကိုက ဆိုးရင် မချစ်ဘူး ကိုကိုပြောတာ နားလည်လား "

" ဟုတ်ကိုကို "

ကလေးလေးက လိမ်မာစွာဘဲ ခေါင်းငြိမ့်သည် ။ ကြည်တောက်နေတဲ့ မျက်လုံးလေးတွေက ပကတိ ဖြူစင်တဲ့ ကလေးလေးတွေမှာဘဲ ရှိနိုင်သည် ။

" လိမ်မာတယ် ကိုကို ခြံရှေ့ထိ ပို့ပေးမယ်နော် "

ရှောင်ကျန့်က ထိုကလေးလေးကို အိမ်ရှေ့ ခြံတံခါးထိ လိုက်ပို့ပေးပြီး သူကတော့ တစုံတယောက် နဲ့ တွေ့ဖို့ရာ မှန်ရှေ့ရောက်နေသည် ။

" မမ မေမေ့ကို မပြောနဲ့နော် ငါအမြန်ပြန်လာမှာ "

" ပြောတာဘဲ လင်ရှေ့ရောက်ရင် အိမ်ပြန်လမ်းတောင် မေ့တတ်တာ မလား "

" အမလေး တခါလေး မေ့ဖူးတာကို ပြောလို့ မပြီးတော့ဘူး "

ရှောင်ကျန့်က မှန်ရှေ့မှာ ရပ်ကာ ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးသင်နေရင်း နောက်မှာ ခါးထောက်ရပ်နေတဲ့ အမဖြစ်သူကို လှည့်မကြည့်ဘဲ ပြောလိုက်သည် ။

" နေပါအုံး တွဲနေတာ 3နှစ်ရှိနေပြီ အဲ့ကောင်က နင့်ကို လက်ထပ်ဖို့ တခွန်းမှ မပြောဘူးလား "

မမက နှုတ်သွက်သူ ပီပီ ပါးစပ်ကလည်း ခပ်ကြမ်းကြမ်းရယ် မေ့မေ့သမီးလို့ မပြောရဘူး အရမ်းစွာတာ ။

ထိုစကားကြောင့် ရှောင်ကျန့်က ခနမျှနှုတ်ဆိတ်သွားသည် ။ ဟုတ်ပါရဲ့ မောင်နဲ့သူ မေတ္တာမျှခဲ့တဲ့ 3နှစ်တွင်းမှာ မောင့်ဘက်က သူ့ကို လက်ထပ်ဖို့ မတောင်းဆိုခဲ့ ဖူးဘူးရယ် ။ သူ့ဘက်ကလည်း ထုတ်မမေးဖူးဘူး ။ သူသိချင်တယ် မောင်က သူ့ကို လက်ထပ်ချင်ရဲ့လား ဒီတိုင်း ချစ်နေကြရုံနဲ့ လုံလောက်ပြီလား

" ဘာမှ မပြောဘူးမလား ငါထင်သားဘဲ သူက နင့်ကို အပျော်ကြံနေတာ "

" မဟုတ်ဘူး မောင်က အလို မဟုတ်ပါဘူးမမ  သူ့မှာလည်း အကြောင်းရှိလို့နေမှာပါ "

" ဘာ အကြောင်းလဲ သူက ဒီကို တာဝန်ကြောင့် ပြောင်းလာတာ 3နှစ်ရှိပြီ အဲ့ဒီ 3 နှစ်အတွင်းမှာလည်း ငါသိတယ် သူ့ဘက်ကဘဲ နင့်ကို လိုက်ထားတယ်ဆိုတာ မနေ့က သူ့အမ ဝမ်းကွဲနဲ့တွေ့တယ် သူ့မောင်က မကြာခင် နယ်ပြောင်းမိန့် ကျတယ်ဆိုလားဘဲ "

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now