မူးမူးနဲ့ ဖုန်းကလည်း ကားထဲမှာ ကျန်ခဲ့လို့ မင်းပုံလေး ကြည့်ပြီး အလွမ်းသည်လို့ မရပေ ။ မောင့်ဘ၀က ဆိုးလိုက်တာ ဗျာ  ။

အရက်နာကျပြီး အော်နေတဲ့ ရိပေါ် အသံက အခန်းတံခါး မပိတ်ထားလို့ အောက်ထပ်ထိပါ အတိုင်းသား ကြားနေရသည် ။

" ဟေ့ကောင် အိပ်မှာဖြင့်အိပ် လျှောက်အော်မနေနဲ့  မင်းလိုကောင်ကို ဘယ်သူမှ ပြန်ကြိုက်မှာ မဟုတ်ဘူး "

" ကဲ  အကိုရယ် သားကို အလို မပြောပါနဲ့ သူက ငယ်သေးတော့ နဲနဲဆိုးနေတာပါ နောက်ကျရင် အချိန်က အားလုံးကို ပြင်ဆင်ပေးပါလိမ့်မယ် "

" မေ  ကိုယ်သားအစား ကိုယ်တောင်းပန်တယ်ကွာ "

" ဟင့်အင်း မေ့သားလေးကို မေ စိတ်မဆိုးပါဘူး အကို သူက ကလေးဘဲ ရှိသေးတာလေ မေနားလည်ပါတယ် "

" အင်း ကို့သားလေးကို စောင့်ရှောက်ပေးပါအုံးမေ "

" သား၀မ်ကို မေက မေ့သားအရင်းလို ချစ်ပါတယ် အကိုရယ် သားကသာ   ...  ထားပါ သူ့မေမေ နေရာမှာ ဘယ်သူ့မှ အစားမထိုးချင်တာ သူ့အတ္တလေးနေမှာပါ "

ရိပေါ်က ခုမှ 22 နှစ်ဘဲ ရှိသေးတယ်  ။ သားအထက်တန်းနှစ်မှာ သားရဲ့ Mammy က နှလုံးရောဂါနဲ့ ဆုံးသွားတယ် ။ မကြာဘူး ဦး၀မ်မင်းဟန်က က ဒေါ်ကျိုးမေက သူ့အချစ်ဦးပါဆိုတဲ့ အကြောင်းပြချက်နဲ့ လက်ထပ်လိုက်တယ် အဲ့ကတည်းက ၀မ်ရိပေါ်က ကျောင်းလည်း ဆက်မတက်တော့ဘဲ ဆိုးချင်တိုင်း ဆိုးနေတာ ။ သူ့ဘက်ပလည်း မှားခဲ့တာမို့ ၀မ်ပါးလည်း သားကို အပြစ် မပြောတော့ပေ ။ တနေ့ သူနားလည်မှာပါ ...

_________________________

" ငါမှားလား  "

" မင်းမှားတယ် ဟျောင့် ဘယ်သူက ကို့ဆီကခွင့်ပြုချက်မယူဘဲ ဓာတ်ပုံရိုက်တာ လက်ခံမှာလည်းကွ "

ရှေ့နေခေါ်ကာမှ ထောင်လုံးလုံး ကျတော့မည့်ပုံ  ။ ရိပေါ်  Haoxuan ကို နရင်း ပိတ်အုပ်လိုက်ပြီး ကော့တေး တခွက်ကို ကောက်မော့ လိုက်သည် ။

" အတာ ပါးစပ်က ပြောလေ ဘာလို့ ငါ့ဖုန်းကိုပါ ပစ်ခွဲလိုက်တာလဲ "

" အော် ငါ- ်ုးရဲ့ အတာ မင်းဟာလေး လုပ်တာလေ သူ့ကို သွားအုပ်ပါလား  "

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now