မောင်က စစ်သားမို့လို့ အမြဲတမ်း လေ့ကျင့်ရေး ဆင်းနေရတာကြောင့် အသားရေက ညိုတဲ့ဘက်ရောက်နေပြီး လက်တွေကလည်း သေနတ်အမြဲတမ်းကိုင်နေတာကြောင့် အသားမာတွေပင် တက်နေသည် ။

စစ်သားဖြစ်နေလို့ ထင်တယ် စကားပြောလည်း နည်းပြီး ပြောလိုက်ရင်လည်း တုံးတိကြီးဘဲ ပြီးတော့ နုံတာလား အ တာလား ရိုးတာလား မသိဘူး ခုလည်း အဖေနဲ့ အမေက သဘောမတူဘူးလို့ ပြောလိုက်တာနဲ့ဘဲ ချက်ချင်း လမ်းခွဲပေးဖိူ့ ရွေးလိုက်တယ်လေ နှလုံးသားရော ရှိရဲ့လား ခင်ဗျား 

"မောင် ကျနော့်လက်ကို လွှတ်နော် လက်နာနေပြီ "

သူ့လက်တဖက်ကို အတင်း ဆွဲထားတဲ့ မောင့်လက်ထဲက ရုန်းနေတာ သူ့လက်ပင် ပိုနာ လာရသည် မောင်က တကယ် အားသန်လွန်းတယ်

"လွှတ်လို့ ပြောနေတယ်လေ နှလုံးသား မရှိတဲ့လူ "

"ကျန့် မောင့်ကို ကြိုက်သလို ပြောပါ မောင့်ကိုတော့ မမုန်းပါနဲ့ "

"ခု ကျနော်နဲ့  မောင်က  အော် ၀မ်ရိပေါ်က ဘာမှ မဆိုင်တော့ဘူး မိူ့လို့ ကျနော့်ရှေ့ ထပ်ပြီး ပေါ်မလာပါနဲ့ ကျနော် ခင်ဗျားကို မုန်းမိလိမ့်မယ်  လွှတ် "

သူ့လက်ထဲက အတင်းရုန်းထွက်သွားတဲ့ ကျန့်ကိုလည်း ထပ်ပြီး ဆွဲမထားမိဘူး

ခင်ဗျားလေး မုန်းမှာ မောင် အရမ်း ကြောက်လို့ပါ ။ မောင် မင်းကို အရမ်းချစ်တာပါ ကျန့်ရယ် အတာလေးတော့ ယုံပေးစေချင်ပါတယ်

___________________________

"ကျန့် "

"ဘာလဲဟာ စိတ်ညစ်နေပါတယ်ဆို "

"မနက်ဖြန် အကိုရိပေါ် စစ်ထွက်မှာတဲ့ "

"အတာ ငါနဲ့ ဘာဆိုင်လို့လဲ "

မနက်ထဲက သူ့အိမ်လာပြီး သူ့အကြောင်းဘဲ တဖွဖွ လာပြောနေတဲ့ ရှင်းအာကို ရှောင်ကျန့် ကန်ထုတ်ပစ်ချင်နေပြီ

"နင်တို့က တကယ် ပြတ်သွားတာလား ငါ့အမြင်မှာတော့ အကိုရိပေါ်က နင့်ကို အရမ်းချစ်တာပါ "

" အဲ့လူအကြောင်းဘဲ ပြောနေမယ်ဆိုရင် နင်ပြန်လိုက်တော့နော် "

🖇️ YiZhan One Short Fic Collection 🖇️जहाँ कहानियाँ रहती हैं। अभी खोजें