💚 အစိမ်းရောင် "လ " ကလေး💚

Start from the beginning
                                    

တဂျီဂျီ ထပ်ပြောလာတဲ့ လူကြောင့် စိတ်မရှည်ဘဲ လက်ထဲက ကိုင်ထားတဲ့ဖုန်းကို ရှေ့က ကားလမ်ပေါ်ကို လှမ်ပစ်လိုက်တာ နောက်ဆုံးပေါ် iphone လေးတော့ အစိတ်စိတ်အမွှာမွှာနဲ့ သနားစရာ ဖြစ်သွားလေသည် ။

" ဘာလို့ အလောက်စိတ်တိုနေတာလဲ ရှောင်း"

"အတာငါ့ကိစ္စ ခင်ဗျားနဲ့မဆိုင်ဘူး "

"ဟက် ဘာလို့မဆိုင်ရမှာလည်း မင်းက မကြာခင်ငါရဲ့ သက်ဆိုင်သူ ဖြစ်လာတော့မှာလေ"

ချော့ပြောနေတာ မရလို့ ရိပေါ်ခပ်တင်းတင်းစကားကို ပြောလိုက်တဲ့အခါ ရှေ့က ကောင်လေးက  ဒေါသတထောင်းထောင်း ထွက်ပြီး လက်ညိုးတထိုးထိုးနဲ့ ရန်ဖြစ်လာတယ်

"ခင်ဗျား !! အရူးထမနေနဲ့  ခင်ဗျားကို ဘယ်သူက ယူမှာမို့လို့လဲ "

" ဒါမဲ့ အမှန်တရားကိုတော့ လက်ခံရမယ်လေ "

"Wang Yibo ..!!"

အိမ်က လူတွေကလည်း ဒီအရူးကိုမှ ဘာတွေသဘောကျပြီး သူ့နဲ့တောင် လက်ထပ်ပေးဖို့ စီစဉ်လိုက်တာလည်း မသိဘူး

" မင်းခု ကိုနဲ့ မလိုက်ရင် ကိုပွေ့ချီခေါ်သွားရလိမ့်မယ် "

" ခင်ဗျား!!"

ရှောင်ကျန့် ခင်ဗျားလို့အော်ပြီးမှ ပတ်၀န်းကျင်ကို တချက် ဝေ့၀ိုက်ကြည့်လိုက်တော့ ကျောင်းသားတချို့နဲ့ ကျောင်းလာကြိုတဲ့ ကာတွေထဲမှ လူတွေကလည်း သူတို့ 2ယောက်ကို ဝိုင်းကြည့်လာတယ် ။ ရိပေါ်က ပြောရင် ပြောတဲ့အတိုင်းလုပ်မှာ သူသိသည် ။ ဒီလူတွေရှေ့မှာ ပွေ့ချီသွားရင်တော့ ဒုက္ခဘဲ အရှက်ကွဲတော့မှာဘဲ

" ခင်ဗျားနဲ့ နောက်မှ တွေ့မယ် "

ရှေ့သွားလေးနှစ်ချောင်းနဲ့ အောက်နှုတ်ခမ်းကို ဖိကိုက်ပြီးသွားကြားထဲက လေသံနဲ့မှ ချိန်းခြောက်သွားတဲ့သူလေးက သူ့လွယ်အိတ်ကိုလည်း ရိပေါ်ဆီ ဘုန်းက ပစ်ပေးလိုက်ပြီး ခြေထောက်စောင့်အောင့်ကာ ရိပေါ်ကားဆီသို့ ရှေ့က သွားလိုက်သည်။

ရုတ်တရက်မို့ ရိပေါ်လွယ်အိတ်ပြုတ်မကျအောင်အမြန်ဖမ်းလိုက်ရပြီး အဆိုးလေးဆီ ပြေးလိုက်သွားရပါတော့သည်

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now