Extra 2

11.2K 268 8
                                    



👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

~ Extra ~ အဆက်

သူ့အရှေ့ထိုင်ကာ ကန်တော့နေကြတဲ့ သူ့ချစ်ဇနီးလေးရယ် ကလေးတွေကိုကြည့်ကာ စိတ်ဓာတ်မာကျောပါတယ် ဘဝတစ်လျှောက်လုံးတွေ့ကြုံလာတဲ့ အခက်အခဲတွေကို မျက်ရည်တစ်ကေးပါက်မကျပဲ ဖြတ်သန်းလာခဲ့သူက အခုတော့ ဝမ်းသာရတဲ့စိတ်ကြောင့် ဘာကြောင့်လဲမသိ ပါးပေါ်ကိုမျက်ရည်တွေကျလာတာ သူကိုယ်တိုင်ပင်သတိမထားမိ။

"ကိုကိုအပေါ် ဆိုးခဲ့တာတွေရော ပြောမှာဆိုးမှားရှိတာတွေရော နောက်အနာဂတ်မှာပြောမှာတွေအတွက် ခွင့်လွှတ်ပေးပါ"

ကန်တော့ရင်းနဲ့ သူမပြောလာတဲ့စကားကြောင့် သူမှာရီရခက်ငိုရခတ်ဖြစ်ရပင်မဲ့ သူ့မိန်းကလေးပြောတာကိုကျေနပ်စွာခေါင်းငြိမ့်ပြသည်။သူမိန်းကလေး ဘာလုပ်လုပ်ဘယ်တုန်းကမှ စိတ်ထဲငြိုငြင်တယ်ဆိုတာမှမရှိခဲ့တာ ခွင့်လွှတ်မူတောင်းဆိုစရာတောင်မလိုပါဘူး။

"အသည်းကတော့ ပါးပါးကိုချစ်လို့ ကန်တော့တာပါ အပြစ်တစ်ခုမှမလုပ်ထားတဲ့အတွက် တောင်းပန်စရာမလိုပါဘူးနော် မနက်ကလိမ်တာကလည်း ပါးပါးကို ကန်တော့ဖို့လိမ်တာဖြစ်တဲ့အတွက် အပြစ်မရှိပါဘူး"

ကိုယ်ဘက်ကိုယ်ရပ်စွာပြောသွားတဲ့ သမီးစကားကြောင့် ကိုကိုကပြုံးနေပင်မဲ့ ဆောင်းကတော့ မျက်စောင်းထိုးပစ်လိုက်သည်။မသိရင် ကိုကိုအပေါ်အပြစ်လုပ်တာ သူမတစ်ယောက်ထဲကြနေရောပဲ။

"ပါးပါး "

သူမတို့နဲ့အတူတူ ဆိုဖာအောက်ထိုင်နေရာက ထက သားလတ်လေးကထသွားက သူပါးပါးနားသွားပြီး ဝတ်ထားတဲ့ shirt လည်ကတုံးအင်္ကျီလေးမှာပါတဲ့ အိတ်ကပ်ထဲက ကဒ်လေးတစ်ခုပေးကာ ထုတ်ပေးသည်။

Mine သားကသူ့လက်ထဲ ဘဏ်ကဒ်တစ်ခုထည့်လာပေးတာကြောင့် သူသားတွေအတွက်လုပ်ပေးထားတာရှိပင်မဲ့ အရွယ်မရောက်ခင်ပေးမှာမဟုတ်တဲ့အတွက် ဒီကဒ်ဟာ သေချာပေါက်သူလုပ်ပေးထားမဟုတ်။

"သား ဒီကဒ်ကဘယ်သူဟာလဲ"

"ဟွန်း ကယ်ကယ်လေးဆီကယူလာတာ သားအတွက် မုန့်ဖိုးတဲ့လစဥ်ထည့်ထည့်ပေးမယ်တဲ့......အစကသားကမယူဖို့တွေးထားတာပါ သိန်း 100 ထည့်ပေးထားတယ်ဆိုလို အများကြီးပဲလေ နည်းနည်းလေးဆိုမယူပါဘူး"

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now