ဂျောင်ဂုမသိတာက ကင်မ်ထယ်ယောင်းကသူ့ရဲ့ပေါ့တိပေါ့ပျက်အတွေးလေးမှာတောင် သူ့ကိုပြုံးအောင်ပြုစားနိုင်တယ်ဆိုတာ သူမသိခဲ့ဘူး သူသိတာတစ်ခုပဲ ကင်မ်ထယ်ယောင်းကသူဘယ်လိုနှင်နှင် ဘယ်တော့မှမထွက်သွားတဲ့ အရှုပ်ထုပ်ဆိုတာပဲ--------------------------
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
"ဟို....ဒီအလုပ်မှာလူလေးဘာလေးမလိုဘူးလား"
ဆန်ဟွန်းတစ်ယောက် သူ့ရှေ့မှာရှိတဲ့ ညစ်တီးညစ်စုတ်ပုံစံလေးနဲ့ အလုပ်အင်တာဗျူးလာဖြေတဲ့သူကိုစိတ်ဝင်တစားကြည့်နေမိတယ် ရှေ့မှာအင်တာဗျူးဖြေတဲ့သူတွေကသန့်သန့်ပြန့်ပြန့်ဖြစ်နေသလောက် ဒီကောင်လေးကညစ်တီးညစ်စုတ်နဲ့ ဘယ်လောက်ပဲ မလှပမှုတွေနဲ့ဖုံးကွယ်ထားပါစေ ကျွန်တော်သေချာစိုက်ကြည့်နေမိလို့လားမသိ မျက်ဝန်းညိုနဲ့ကောင်လေးဟာ သိပ်လှတယ်
"လူလိုလို့ပဲ ကျွန်တော်တို့အင်တာဗျူးဖြေခိုင်းပြီးလူခေါ်နေတာပေါ့ဗျာ"
"အာ...ကျွန်တော်က အထက်တန်းတော့အောင်ထားပါတယ်"
"ကျွန်တော်တ်ု့ဆိုင်မှာလူလိုပင်မဲ့ မင်းကိုခေါ်လို့မရဘူး မင်းကညစ်တီးညစ်စုတ်လေးဖြစ်နေလို့ ငါကဒီကသူဠေးမဟုတ်ဘူးကွ ငါသာသူဠေးဆိုမင်းကိုခန့်ပါတယ် အခုတော့ ခန့်လို့မရဘူး"
"အာ... ဟုတ်ကဲ့"
ပြန်ထွက်မသွားခင် လေးထောင့်ဆန်အပြုံးလေးကို ဖျော့တော့တော့လေးပြုံးပြသွားတဲ့ကောင်လေးကြောင့် ဖောင်ဖြည့်ထားတဲ့စာရွက်လေးကို အမြန်ကောက်ကြည့်လိုက်တော့ ကျွန်တော်နတ်သားငယ် အမည်နာမလေးက ကင်မ်ထယ်ယောင်းတဲ့...................
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
"ဟူးးး~~~~~~"
ဒီနေ့ထဲမှာတင်သက်ပြင်းချနေတာ ဘယ်နှစ်ကြိမ်မှန်းမသိဘူး အလုပ်လေးရှာပါတယ် ညစ်တီးညစ်စုတ်နဲ့မို့တဲ့ မခန့်ဘူး အေးလေ လစာက ဂျွန့်စီမှာ ဂျွန်ကတစ်ခါတစ်လေလာမှ သူ့ကိုသုံးဖို့နည်းနည်းပါးပါးပဲပေးတာ အခုတလောမလာတာကြာနေတဲ့ဂျောင်ဂုကြောင့် သူလည်းသုံးဖိုးပြတ်နေတာ
ထယ်ယောင်းလည်းအလုပ်မရတဲ့အတူတူခြေဦးတည့်ရာလျှောက်သွားနေရင်း ညနေစောင်းနေပြီမို့ အိမ်ကိုပဲပြန်လာခဲ့လိုက်တော့တယ်
"ပြန်လာသေးတယ်ပေါ့..."
"ဂျွန်...အဲဂျောင်ဂု ဘယ်လိုလုပ်ရနေတာလည်း"
"ငါ့အိမ်ပဲ ငါဘယ်ချိန်ချိန်လာလာပေါ့"
ဘယ်ချိန်ထဲကဂျောင်ဂု ဒီရောက်နေလည်းမသိဘူး ဂျောင်ဂုကသူမသိပဲအပြင်သွားတာမျိုးကိုမကြိုက်ဘူး
"အခုဘယ်ကပြန်လာတာလည်း"
"ဟို...အာ ဟိုကိုထယ်.. ဟိုကို...."
"ကင်မ်ထယ်ယောင်း ငါမေးနေရင်မြန်မြန်ဖြေ"
"ဟို...ထယ်ပျင်းလို့ ဒီနားခနသွားတာပါ့"
"ပျင်း..လို့ ဟုတ်လားကင်မ်ထယ်ယောင်း"
"ဟုတ်..."
"စောက်လုပ်ကြလာမလုပ်ပဲ ပျင်းလိုလျှောက်သွားနေတယ်ပေါ့ ဟုတ်လားကင်မ်ထယ်ယောင်း"
"မဟုတ်ရပါ...."
"မဟုတ်မှ မင်းမှာဇယားအသစ်တွေဘာတွေရှိနေလို့လား"
"ဂျွန့်!!!!!!"
သူ့ကိုအော်လိုက်တဲ့ထယ်ယောင်းကို ဂျောင်ဂုစူးစိုက်ကြည့်နေမိလိုက်တယ် ဟက် တကယ်ပဲဇယားတွေတွေ့နေတာလား
"ဂျွန့်စိတ်နဲ့ ထယ့်ကိုလာမနှိုင်းနဲ့ ထယ်အဲ့လိုလူစားမျိုးမဟုတ်ဘူး"
"စိတ်မဝင်စားဘူး မင်းဘယ်လိုလူစားမျိုးဖြစ်ဖြစ် အေးမင်းမြဲမြဲမှတ်ထားရမှာက ငါ့နောက်ကွယ်မှာ မဟုတ်တာလုပ်နေရင် မင်းရောမင်းအကောင်ကိုရောငါသတ်ပစ်မှာ"
"ဂျွန်ဂျောင်ဂု!!!!!"
"ဖြန်း!!!!!!!!"ကြမ်းပြင်ပေါ်ဘုတ်ခနဲ့လှဲကျသွားတဲ့ ထယ်ယောင်းခန္ဓာကိုယ်လေး
"ငါ့ကိုမအော်နဲ့ ကင်မ်ထယ်ယောင်း!!!!! "
"ဂျွန်....ထယ့်ကို...."
"အေးနောက်တစ်ခါထပ်အော်ရင် ဒီထပ်ဆိုးတဲ့ရိုက်ချက်မင်းပါးပေါ်ထပ်ကျလာလိမ့်မယ် ကင်မ်ထယ်ယောင်း တောက်!!!!"
ဒေါသတကြီးထွက်သွားတဲ့ဂျွန့်ကို ထယ်ယောင်းလှမ်းတာပြီးအမှီအရဆွဲထားပင်မဲ့ ဂျွန့်ရဲ့အားနဲ့ဆောင့်တွန်းခြင်းကိုပဲခံလိုက်ရတယ် ငါမှားတာ ဂျွန့်ကိုအော်မိတာငါမှားတာ သူပင်ပန်းလာတာ အလိုက်ကန်းဆိုးမသိပဲအော်ခဲ့တဲ့ငါမှားတာ ဟင့် ဂျွန် ထယ့်ကိုစိတ်ပျက်သွားပြီလားဟင်~~~~~~~~~~~~~~
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^#TaeKook❣️
#Pim☘️❣️
Copyကူးယူထားခြင်းမရှိပါ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်
ဒီအပိုင်းလေးပေါ့သွားတဲ့အတွက်တောင်းပန်ပါတယ် အရေးအသားကညံ့ဖျင်းတာမို့ သည်းခံဖတ်ပေးကြပါအုန်းရှင့်🥺🙏💗
YOU ARE READING
မငြိုးပန်း❣️
Fanfictionကံကြမ္မာကလွန်ဆွဲတဲ့ ကြိုးမှာ မင်းရောငါရောမနိုင်ဘူး #TaeKook💗