Men Hen::::မဟုတ်ပါဘူးကွာ သူအများဆုံးသွားတာ မိဘမဲ့ ဂေဟာ

Wang::::အင်း

_____________

"Leo တညလုံး ထိုကောင်လေးရဲ့ ဓာတ်ပုံကို ကြည့်နေတာ မင်ဟန်ပြောလိုက်တဲ့ စကားကြောင့်လေ ထိုကောင်လေးက အမြဲတမ်း မိဘမဲ့ ဂေဟာမှာ အချိန် ကုန်တာတဲ့"

"သူ့လို အရာရာပြည့်စုံတဲ့ သူဋ္ဌေးသားလေးက သူ့အချိန်တွေကို မိဘမဲ့ ဂေဟာမှာဘဲ သုံးတာတဲ့ ဖြူစင်လိုက်တာ ဓာတ်ပုံထဲမှာတောင်ပြုံးနေတာလေးက နတ်သားလေး လားထင်ရတယ်"

_____________

"မနက် 10နာရီ ၀န်းကျင် Leo တယောက် မိဘမဲ့ ဂေဟာရှေ့ ရောက်နေတယ် ခြံတံခါးနားက အုတ်တံတိုင်းကို မှီလို့ ဆေးလိပ်တဖွာဖွာသောက်ရင်း ထိုကောင်လေးကို စောင့်နေတယ်"

"ခနနေတော့ သူ့ရှေ့ကားတစီးရပ်လာတယ်"

"ကားပေါ်က သူဓာတ်ပုံထဲမှာတွေ့တဲ့ ထိုကောင်လေးက ဆင်းလာတယ် အပြင်မှာ ပိုချစ်စရာကောင်းတယ် ဖြူဖြူအုအုလေး သူငေးကြည့်မိတဲ့အထိဘဲ ထိုကောင်လေးက ကားပေါ်က ဆင်းပြီး ကားထဲက လူနဲ့ စကားရပ်ပြောနေတယ်"

Haoxuan:::ရှောင်းငယ်လေး  ကိုကြီး ညနေလာကြိုမယ် ကို့ဟာကို ပြန်မလာနဲ့နော် ပါးပါးက ကိုကြီးကို ဆူလိမ့်မယ်

Xiao:::ဟုတ်ကဲ့ပါဗျ ညီလေးကို အကြောင်းပြပြီး စောကြီး ထွက်မလာနဲ့နော် ပါးပါးကို အလုပ်တွေ ဝိုင်းကူ ညနေမှ လာ

Haoxuan:::ဟုတ်ကဲ့ပါ ရှောင်းသခင်လေး

Xiao :::ဟီး ဟီး သွားပြီ တာ့တာ

"Haoxuan က ကားမောင်းထွက်သွားတယ် သူလည်း ဂေဟာထဲ ၀င်မို့ ဒီဘက်လှည့်လိုက်တော့ ဆေးလိပ်တဖွာဖွာ သောက်ရင်းသူ့ကိုစိုက်ကြည့်နေတဲ့ ထိုလူ သူအဲ့နားသွားလိုက်ပြီး

Xiao:::အကိုရေ ကိစ္စရှိလို့လားဗျ ကျနော့်ကို ပြောပါ ကျနော်က ဒီမှာ တာ၀န်ရှိသူပါ

Wang:::ဟုတ်လား ဒါဆို မင်းကိုပြောရမှာပေါ့

"၀မ်က ဆေးလိပ်ငွေ့တွေကို ထိုကောင်လေး မျက်နှာ နား မှုတ်ထုတ်လိုက်တယ်"

Xiao::::ဟိုလေ အကို ဒီမှာဆေးလိပ်မသောက်လို့ရမလား ဒီမှာ ကလေးတွေရှိလို့လေ ကျန်းမာရေး ထိခိုက်မှာစိုးလို့ပါ ပြီးတော့ အကို့အတွက်လည်း မကောင်းဘူးလေ ဟုတ်တယ်မလား "

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now