"သူနာရီကြည့်လိုက်တော့ 10နာရီကျော်နေပြီ သွားပြီ ဒီအလုပ်တော့ ရတော့မှာမဟုတ်ဘူး ဒီက CEOက အချိန်အရမ်းသိကျတာတဲ့ ကြိုးစားကြည့်ရမှာဘဲ"

" ဓာတ်လှေကားပွင့်လာပြီမို့ သူအလောကြီးနေတာနဲ့ အထဲက လူတောင်မထွက်ရသေးဘူး သူပြေး၀င်သွားမို့လုပ်တော့ အပြင်ထွက်လာတဲ့ ဓာတ်လှေကားထဲက သူနဲ့ ၀င်တိုက်မိတယ်"

Wang::: ဒီမှာ မင်းဘယ်လိုလုပ်တာလဲ လူတောင်မထွက်ရသေးဘူးလေ ယဉ်ကျေးမှုမရှိလိုက်တာ

Xiao::: Sorry ပါ ကျနော် နောက်ကျနေပြီမလို့

" ပြောပြီး ဓာတ်လှေကားထဲ ၀င်လို့ ပိတ်ဖို့လုပ်တော့ ထိုလူက တားထားတယ်"

Wang::: မင်းဘယ်လိုလူလဲ ဒီမှာ မင်းနဲ့တိုက်မိလို့ ငါ့ဖုန်းအောက်ကျသွားပြီလေ ပြန်ကောက်ပေးဖို့မသိဘူးလား

Xiao::: ခင်ဗျားနဲ့တိုက်မိလို့ ကျသွားတဲ့ ကျနော့်စာရွက်တွေတောင် ကျနော့်ဟာ ကျနော်ကောက်တာလေ ခင်ဗျားလည်း လက်ပါတယ်မလား

Wang:::; ဘာ ! ခုမင်းမှားတာမဟုတ်ဘူးလား

Xiao::: မှားတယ် ဟုတ်လား ဘာကိုလဲ ခင်ဗျားမြင်ရင် ရှောင်လိုက်လေ ကျနော်က မမြင်လို့ လို့ပြောပြီးပြီမလားခင်ဗျားဟာ ခင်ဗျား မိုးမမြင်လေမမြင် ဖုန်းပြောလာပြီး ကျနော့်ကို အပြစ်လာမတင်နဲ့

" တလုံးမကျန် ကပ်ကပ်လန်အောင် ရန်ပြန်တွေ့တဲ့ ထိုကောင်လေးကို ၀မ်အသည်းယားသလို စိတ်လည်းတိုပါသည်"

Wang::: ခု မင်းဒီကို ဘာလာလုပ်တာလဲ

Xiao::: အဲ့တာ ခင်ဗျားနဲ့ မဆိုင်ဘူး

" ဟာ ရင့်လှချည်လား"

Wang::: ဘာလို့ မဆိုင်တာလဲ ဒါက ငါ့ကုမ္မဏီလေ CEO Wang Yibo က ငါဘဲ

" ဘာရယ် " သေစမ်း! ငါခု ဘာလုပ်မိတာလဲ "

Xiao::: အင်း ကျနော် အင်တာဗျူးလာဖြေတာ ခုမဖြေတော့ဘူး ပြန်တော့မယ်

"ပြောပြီး ထွက်သွားဖို့လုပ်တဲ့ ထိုကောင်လေး"

"ဘယ်လိုဖြေဖြေ ဒီအပေါက်ဆိုးဆိုးလူက ငါ့ကိုအလုပ်ခန့်မှာ မဟုတ်တော့ဘူး "

Wang::: ဟိတ် မင်းကို ဘယ်သူက ပြန်ခိုင်းလို့လဲ

Xiao::: ငါ့စိတ်နဲ့ ငါ့ကိုယ် ပြန်ချင်ပြန်မယ် မပြန်ချင်မပြန်ဘူး ခင်ဗျားနဲ့ မဆိုင်ဘူး

🖇️ YiZhan One Short Fic Collection 🖇️Where stories live. Discover now