ပတ်ဝန်ဘင်းကပိုက်ဆံကုန်တာထက်သူ့စကားကိုနားမထောင်တာကိုပိုစိတ်ဆိုးမိသည်။
" မန်ယူဘော်ဒီကိုင်လိုက်လို့ "
" အီချန်းယောင်း "
" ဗျာ "
" မောင်ငါ့ကိုစိတ်တိုအောင်လုပ်နေတာလား "
" မောင့်ကိုငါပြောထားတယ်လေ
အဲ့လိုလောင်းကစားတွေလုပ်တာမကြိုက်ဘူးဆိုတာ "" မောင်မှားသွားပါတယ် ဒီတစ်ခါတော့ခွင့်လွှတ်ပေးပါ "
ချန်းယောင်းဝန်ဘင်းကိုဖက်ဖို့လုပ်ပေမဲ့ဝန်ဘင်းကအထိမခံ။ လက်ထဲကကိုင်ထားတဲ့ရီမုတ်နဲ့ချန်းယောင်းရဲ့လက်ကိုရိုက်ပစ်လိုက်သည်။
" မင်းဒီနေ့အခန်းထဲလာမအိပ်နဲ့ "
" မောင်ကဘယ်မှာအိပ်ရမှာလဲ "
ပတ်ဝန်ဘင်းစိတ်တိုနေ၍မောင်လို့တောင်မခေါ်တော့မင်းတွေငါတွေဖြစ်နေသည်။
" မင်းဘာသာမင်းဘယ်နေရာမှာအိပ်အိပ် "
" မောင်မှတစ်ယောက်တည်းမအိပ်တတ်တာကို သိရဲ့သားနဲ့ကိုကိုရာ "
ဝန်ဘင်းကချက်ချင်းဧည့်ခန်းထဲကနေထထွက်သွားသည်။ စိတ်ဆိုးနေသူရဲ့ခြေလှမ်းတွေကဘောက်ဆတ်ဆတ်နှင့်။
ခဏကြာတော့စောင်တွေခေါင်းအုံးတွေနဲ့ပြန်ရောက်လာသည်။
အီချန်းယောင်းတို့အပြစ်လုပ်တုန်းကလုပ်ထားပြီးအခုကျမှလာကြောက်ပြနေတယ်။ မျက်နှာငယ်လေးနဲ့လာလုပ်ပြနေလည်းမသနားဘူး။
" မောင့်ကိုရက်စက်တော့မှာပေါ့ "
" ထင်ချင်သလိုထင် "
ထိုနေ့ညကချန်းယောင်းတစ်ယောက်ဧည့်ခန်းထဲမှာအိပ်လိုက်ရသည်။ ကိုကိုရဲ့ကိုယ်လုံးလေးကိုရင်ခွင်ထဲထည့်အိပ်နေကျဆိုတော့တော်တော်နှင့်လည်းအိပ်မပျော်။
⋆˙⟡♡⟡⋆˙
မနက်လင်းတော့လည်းချန်းယောင်းအလုပ်သွားရမှာကိုသိသော်လည်းဘာမှမချက်ထား။ ကိုကိုကစိတ်ဆိုးပြီဆိုရင်တော်တော်နှင့်မပြေတတ်။
" မောင်ကဘာစားရမှာလဲ "
" စားချင်တာစားပေါ့ "
![](https://img.wattpad.com/cover/355178803-288-k608720.jpg)
You Are My Everything
Start from the beginning