Extra 1

7.8K 285 12
                                    


👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

~ Extra ~

ဒီနေ့ကသီတင်းကျွတ်လပြည့်နေဖြစ်တဲ့အပြင် သူမတို့မိသားစု မြန်မာပြည်ရောက်နေတဲ့အချိန်နဲ့ အချိန်ကိုက်ဖြစ်သည်။မနက်ဖြန်က လပြည့်နေမို့ မေကြီးတို့ကိုကန်တော့ဖို့ တသ်ခြား ကန်တော့ဖို့တွေးထားတဲ့သူအတွက်ပါဝယ်ဖို့ သားတွေထက် ဒီနေရာမှာတော့ သမီးလေးကအသုံးဝင်သည်။

"မားမား အသည်းကိုဘာပြောမို့လဲ"

"အသည်း မားမားတို့ ပါးပါး နဲ့ ဖိုးဖိုးဖွားဖွားတို့ကို ကန်တော့ဖို့ပစ္စည်းသွားဝယ်ရအောင်"

သူမက အပြင်သွားမယ်ဆိုတဲ့အကြောင်းကိုပြောတော့ သမီးကခေါင်းငြိမ့်ပြသည်။သမီးလေးနဲ့ သားတို့ကအသက် 7နှစ်တောင်ရှိပြီမို့ စကားပြောရတာ နားလည်လွယ်သည်။

"ပါးပါး အတွက်ပါဝယ်မယ်နော် အသည်းမှာပိုက်ဆံရှိတယ် မားမား"

"မားမားကသိတာပေါ့ အဲ့တာကြောင့် ပါးပါးမသိအောင် မားမားတို့ကတစ်နေရာသွားမယ်ဆိုပြီ အိမ်ကနေထွက်ရအောင်"

အိမ်ဆိုတာကလည်း ကလေးတွေကိုယ်ဝန်ရှိတုန်းကဝယ်ထားတဲ့ ကွန်ဒိုမဟုတ်တော့ ခြံဝန်းအကျယ်ကြီးနဲ့ နှစ်ထပ်တိုက်ပုံစံကို Luxury ဆန်ဆန်ပုံစံမျိူး။ဒီတိုက်ကိုလည်း ကိုကိုက သူသားအကြီးဆုံးလေးက မြန်မာပြည်မှာအခြေချဖို့အတွေးရှိတယ်သိထားတာကြောင့် ဆောက်လုပ်ရေး campany နဲ့သေချာဆွေးနွေးပြီး ပြင်ဆင်ထားတာကို သူမတို့အခုတစ်ခေါက်မြန်မာပြည်ရောက်မှသိရခြင်း။တကယ် ကိုကိုတို့ကသူ့သားကြီးလာရင်နေဖို့အတွက်ပါ ပြင်ထားပေးတာ။ဒါကလည်း တစ်ခုတော့ကောင်းတာပေါ့ ကွန်ဒိုမှာဆို ခြံနဲ့ဝနဲ့မဟုတ်တော့ ကလေးတွေအတွက်အဆင်မပြေဘူးလေ ဒီမှာကြ ခြံထဲဆင်းပြီး ဆော့လို့ရတော့ သူ့အသည်းသက်တို့က အကြိုက်ပေါ့။

"မားမား အပြင်သွားမယ်ဆိုတော့ အဝတ်လဲဦးမှာလား"

သမီးမေးတယ်ဆို သားအမိနှစ်ယောက်လုံးဝတ်ထားတာက အိမ်နေရင်းရောအပြင်သွားတဲ့အတွက်ရောအဆင်ပြေတာဖြစ်တဲ့အပြင် သားအမိနှစ်ယောက်ဝတ်ထားတာက ဆင်တူ။

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now