'ကလေးညနေကျဘာလုပ်စားမလဲ..'

လမ်းထောင့်ချိုးအား ဖြတ်လျှောက်ချိန်ပို၍တိုးကပ်လာသည့်ကိုယ်လေးကြောင့်အာရုံလွှဲရန် စကားတစ်ချို့အားအစပျိုးလိုက်မိ၏။ကြောက်လဲကြောက်သလို ထိုခွေးများအားအကြည့်မလွှဲသည့်ကောင်လေးသည်အတော်ပင်လန့်နေသည့်ပုံ။ထိုအခါမှ ညအမှောင်ထဲ အိမ်ပြန်သွားသည့်ကောင်လေးသည် မိုးသည်းသည့်အချိန်လမ်းတွင်မည်သူမျှမရှိဘဲ ပြန်သွားသည့်ပုံရိပ်အားသတိရမိသည့်အခါ ဝဲဘတ်ရင်သည်အောင့်တက်လာသည်။မရောက်လာခဲ့လျှင် ထိုနေ့သာသူအိမ်မှာနေခဲ့လျှင်။

'ကလေး!!..'

အာရုံမရသည့်ကောင်လေးအား လမ်းတစ်ဝက်တွင်ရပ်ပြီး ပါးနှစ်ဖက်အားအုပ်ကိုင်ကာ မျက်နှာချင်းဆိုင်ဆွဲလှည့်စေသည်။ထိုအခါ 'အင့်' ကနဲထွက်ပေါ်လာသည့်အသံလေးနှင့်အတူ ပြူးကျယ်သွားသည့်မျက်ဝန်းတို့သည် နေရောင်ခြည်ထက်ပင်ပို၍တောက်ပနေ၏။

နီးကပ်နေသည်ခန္ဓာနှစ်ခု တိတ်ဆိတ်နေသည့်ဝန်းကျင်
ကျေးငှက်တို့၏သီကျူးသံတစ်ချို့နှင့်အတူ ခပ်ငြိမ့်ငြိမ့်တိုးတိုးလေးခုန်လှုပ်လာသည့် နှလုံးခုန်သံတို့သည် ထိုဝန်းကျင်တွင် ဖြစ်တည်နေ၏။

'ကိုယ့်ကိုကြည့်..'

'ဒေါက်တာ..'

'မလှည့်နဲ့!!..'

'အင့်..'

ပြတ်တောက်သွားသည့်အသံအပိုင်းအစတစ်ချို့သည် လေထုထဲတွင်ပျောက်ကွယ်သွား၏။ရုတ်တရက်ထဟောင်လာသည့်ခွေးသံတစ်ချို့နှင့်အတူ လက်ဖဝါးနှစ်ဖက်အောက်မြုပ်သွားသည့် နားရွက်ဖျားလေးတို့သည်လုံခြုံစွာ။ကုပ်ခြစ်မိသည့်ခြေချောင်းများနှင့်အတူ ခါးစတွင်ရစ်သွယ်လာသည့် လက်ဖြူဖြူလေးသည်တင်း
ကျပ်စွာ။

'ငြိမ်ငြိမ်နေ..'

ထွက်ပြေးဟန်ပြင်သည့်ခန္ဓာကိုယ်အား ခါးမှထိန်းကာရင်ခွင်ထဲဆွဲသွင်းမိ၏။ကိုယ့်အား ရန်လိုနေသည်မဟုတ်သော်လည်း ထိုသို့ထွက်ပြေးပါက လိုက်ခံရနိုင်သည်မို့ ငြိမ်သက်သွားသည့်အထိစောင့်ရန်လိုအပ်သည်။ရုတ်တရက်မို့ကိုယ်တိုင်ပင်လန့်သွားသော်လည်း အရေးကြီးသည်တစ်ခုမှာထိုကောင်လေးမထိတ်လန့်ရန်ဖြစ်သည်။

After AllWhere stories live. Discover now