သေချာဖြောင်းဖျပြီးနောက်မှာတော့ ဂျဲနို က စာကို လက်ထဲ
လှမ်းထည့်ပေးကာ

"ဟျောင်းမှာ ကျွန်တော်ရှိတယ်လေ တခုခုဆိုလည်း အတူတူ
အဖြေထုတ်လို့ရပါတယ် ဟုတ်ပြီလား"

ဒိုယောင်းက ခေါင်းသာ အသာငြိမ့်ပြကာ ငြိမ်လျက်ထိုင်နေမိသည်
သူလည်း ဒီလိုအခြေအနေကို မကြိုက်ပါ ဂျယ်ဟျွန်းနဲ့ပက်သက်ပြီး
လျစ်လျူလည်းမရှုနိုင်ပဲ ဂျယ်ဟျွန်း ပြောပြမှာတွေက တခုခုကို
မျှော်လင့်မိချင်တာက သူ့စိတ်ကို ပြဿနာပေးနေတာပင် ။
ဒါ့ကြောင့် အချိန်သေချာယူပြီးနောက် စာကိုပဲ ဖွင့်ဖတ်ဖို့
သူကြိုးစားလိုက်ပါသည်
_____________________________________________

စာမေးပွဲလည်းနီးနေတာကြောင့် ဒီရက်ပ်ုင်းမှာ ညနေအချိန်ပိုင်းအလုပ်တွေက အချိန်ကို လျှော့ချပေးတာကြောင့် ဒီည
ဒိုယောင်း စောစော ပြန်လာကာ စာလုပ်ဖို့ တွေးတောနေမိသည်
ဒါပေမယ့် မလှမ်းမကမ်းကနေ ကြားနေရတဲ့ ခြေသံကိုကြားတော့
ဒိုယောင်း အလွန်အမင်း သတိထားနေရသည်
ဒီကြားထဲ ပြဿနာတွေက ဘယ်လောက်တောင် တက်ခဲ့တာမလို့လဲ
သူ နားနားနေနေလေးတော့ နေချင်သေးသည်လေ

ဟိုရက်ကအကြောင်းက အတွေးထဲရောက်လာသည်
Do Yoon ရဲ့ တွေ့ဆုံဖို့ ‌တောင်းဆိုမှုကို တခနလက်ခံပေးခဲ့တဲ့
နေ့ကို ။ ဒီတိုင်း အရှုပ်အရှပ်တွေမဖြစ်ချင်တာကြောင့် သူအပြတ်
ပြောချင်ခဲ့ဖို့စိတ်သာ ရှိခဲ့သည် ဒါ့ကြောင့် သူ့ကို အကြိမ်ကြိမ်
တောင်းပန်နေခဲ့တဲ့ Do Yoon  ကို သူ အရာရာကို ခွင့်မလွှတ်နိုင်ပေမယ့်စိတ်ထဲလည်းမထားချင်တော့ကြောင်း
အရှင်းဆုံးပြောလိုက်ခါ
သူ့ကို တကယ်အဆင်ပြေစေချင် တောင်းပန်ချင်စိတ်ရှိရင်
သူ့ကို တစ်ယောက်တည်းပဲ လွှတ်ပေးထားစေချင်ကြောင်း ပြောခဲ့
တာကြောင့် သူ့နောက်က ခြေသံဟာ Do Yoon‌ဟုတ်နေတော့မှာ
မဟုတ်ပေ။ ဒါဆို ..

သူဟာ ခြေလှမ်းတို့ကို ဟန်မပျက် အနောက်က်ု ပြန်လှည့်လိုက်
တော့ မလှမ်းမကမ်းမှာ ကြောင်တောင်တောင်နဲ့ အလျင်စလို
လိုက်ရပ်နေတဲ့သူကို တွေ့လိုက်ရသည်

"Doyoung hyung ကျွန်တော် တမင် ဟို မဟုတ်ပါဘူး"

" ငါအဲ့နေ့က မင်းကို စာပြန်ခဲ့သလားလို့လေ "

𝗢𝗻𝗹𝘆 𝘆𝗼𝘂Where stories live. Discover now