လုရှန့်ရှန့်ပြောနေတဲ့လူကခုနှစ်နှစ်အရွယ်ကလေးတစ်ယောက်ဖြစ်သည်ကိုမေ့သွားပြီးဆရာတူဦးလေးဖြစ်ပြီးရက်စက်သည်ဟုအပြစ်တင်လာသည်။
''ဆရာတူဦးလေးဟုတ်လား''ဖန့်ရန်ခပ်မဲ့မဲ့ရယ်လိုက်သည်။ကလေးတစ်ယောက်ပုံစံနဲ့ဆိုတော့သိပ်မိမိုက်မနေဘူးပေါ့''ပြိုင်ပွဲမစတင်ခင်တူတပည့်တစ်ယောက်ကသူ့ဆရာတူဦးလေးကိုဆရာတူဦးလေးအဖြစ်သတ်မှတ်ခဲ့လားလို့မေးကြည့်လိုက်ဦးသူတောင်မှဆရာတူဦးလေးအဖြစ်မသတ်မှတ်ရင်ကျုပ်ကအသိအမှတ်ပြုပြီးလျော့ပေးနေစရာဘာအကြောင်းမှမရှိဘူး''
''ပြီးတော့ဆရာတူအမရဲ့တပည့်အနိုင်ရပြီးကျုပ်ဒဏ်ရာရခဲ့ရင်ဆရာတူအမဒီလိုစကားမျိုးဝင်ပြောပါ့မလား...''
လုရှန့်ရှန့်ရဲ့မျက်နှာကနီရဲသွားရာမှညိုပုတ်သွားသည်။ဖန့်ရန်စကားကမှန်တယ်။ရှန့်ဝေနေရာမှာဖန့်ရန်ဆိုရင်သူလာကြည့်မှာမဟုတ်ဘူး။ဆရာတူမောင်နှမအချင်းချင်းရန်စမပွားစေချင်တာကြောင့်လက်ရှိဂိုဏ်းချုပ်သူတို့ရဲ့ဆရာတူအကိုကြီးကဝင်ရောက်ဖြန်ဖြေပေးသည်။
''တတိယညီမလေးကပဥ္စမညီလေးကိုအပြစ်မတင်ပါနဲ့...သူကငယ်သေးတော့စွမ်းအားမထိန်းချုပ်နိုင်လို့ပါ ရှန့်ဝေရဲ့ဒဏ်ရာအတွက် လိုအပ်တဲ့ဆေးဝါးကို ဂိုဏ်းသိုလှောင်ခန်းထဲက ကြိုက်တာယူသုံးလိုက်ပါ မောင်နှမအချင်းချင်း အပြစ်တင်မနေကြနဲ့တော့ ပြိုင်ပွဲအသေးလေးတစ်ခုဘဲ''
''ဂိုဏ်းချုပ်ရဲ့စေတနာကိုကျေးဇူးတင်ပါတယ် တပည့်ကိုကုသပေးရမှာမို့ ပြန်လိုက်ပါဦးမယ်''
''ကောင်းပြီ''
လုရှန့်ရှန့်တို့ထွက်သွားတော့ဂိုဏ်းချုပ်ကဖန့်ရန်ကိုချီးကျူးသည်။
''ပဥ္စမညီလေးကငယ်ငယ်ရွယ်ရွယ်နဲ့ပါရမီရှိလိုက်တာဇီဖူအထွပ်အထိပ်တောင်ရောက်နေပြီပေါ့ဂိုဏ်းရဲ့အနာဂတ်ကိုမင်းလက်ထဲထည့်ရတော့မှာဘဲ''
''ဝမ်ရှင်းသူတော်စင်ကနဦးအဆင့်ပါ ပြီးတော့ မြှောက်ပင့်ပြီးအလုပ်ခိုင်းဖို့မကြိုးစားနဲ့''
ခန့်ညားတဲ့လူလတ်ပိုင်းမျက်နှာနဲ့ဂိုဏ်းချုပ်ကဖန့်ရန်စကားကိုကြားပြီးတဟားဟားအော်ရယ်ပါတော့သည်။