ရှန့်ဝေတိုက်ခိုက်ရင်းသတိပြုမိသည်ကားသူ့ချီစွမ်းအားတဖြေးဖြေးလျော့လာကာအနည်းငယ်အားယုတ်လာပေမယ့်ဖန့်ရန်ကပြိုင်ပွဲအစတုန်းကအတိုင်းချွေးတစ်ပေါက်ပင်မထွက်သေးဘဲရှိနေသည်။သူ့အရင်ပွဲစဥ်တွေလိုဖြစ်မှာစိုးရိမ်လာပြီးအလောတကြီးဖြင့်သူ့ရဲ့ဝှက်ဖဲဓားကြမ္မာကျင့်စဥ်ကိုထုတ်အသုံးပြုလိုက်တယ်။ရှန့်ဝေကသူအနိုင်ရပြီဟုသတ်မှတ်ထားသည်။ရှန့်ဝေရဲ့ဓားအရှိန်အဝါကအင်အားကြီးပေမယ့်ဝှက်ဖဲဆိုတာသူတစ်ယောက်ထဲပိုင်ဆိုင်ထားတဲ့အရာမဟုတ်ဘူးလူရှေ့မှာထုတ်မသုံးဖူးတဲ့လေဟာနယ်ခုန်ကူးခြင်းကိုအသုံးပြုပြီးရှန့်ဝေကိုရှောင်လိုက်ကာလက်ဝါး၁၆ချက်ရဲ့အင်အားကြီးဆုံးနတ်ဘုရားအပြစ်ဒဏ်ကိုရှန့်ဝေအပေါ်အသုံးပြုလိုက်သည်။

ဖန့်ရန်ကနေရာမှဘာသဲလွန်စမှမရှိဘဲပျောက်သွားတာကြောင့်ရှန့်ဝေအရှိန်သတ်လိုက်ရသည်။ဓားတိုက်ကွက်ကိုအတင်းချိုးနှိမ်လိုက်ရလို့သူ့ချီစွမ်းအားကမောက်ကမဖြစ်လုနီးနီးပင်။သူ့စွမ်းအားကိုမထိန်းချုပ်နိုင်ခင်ကြီးမြတ်တဲ့အင်အားတစ်ခုကသူ့ကိုလှုပ်လို့မရအောင်ဖိနှိပ်ထားသည်။

"E.N.D''

ကောင်းကင်မှဧရာမလက်ဖဝါးကြီးကရှန့်ဝေကိုဖိချပစ်လိုက်သည်။ပြိုင်ပွဲစင်ကျိုးကျပြီးအပိုင်းအစတို့ကရှန့်ဝေအပေါ်ပိမိသွားသည်။လက်ဖဝါးကြီးရဲ့အရိပ်ကိုမြင်ထဲကသူ့ခန္ဓာကိုယ်ကိုချီစွမ်းအားဖြင့်ကာကွယ်မထားခဲ့ရင်မတွေးရဲစရာဘဲအခုတောင်ရှန့်ဝေပါးစပ်မှသွေးအဆက်မပြတ်အန်နေရသည်။ပြိုင်ပွဲကိုလာကြည့်ကြတဲ့ကျင့်ကြံဆင့်နိမ့်တဲ့ဂိုဏ်းသားတွေမပြောနဲ့တစ်ချို့သောအကြီးအကဲတွေတောင်ပင့်သက်ရှိုက်မိကြသည်။

ဖန့်ရန်ရဲ့ဂိုဏ်းတူအမလုရှန့်ရှန့်ကအကြီးအကဲစင်မြင့်မှပျံသန်းလာပြီးရှန့်ဝေဒဏ်ရာ​တွေကိုချီစွမ်းအားလွှဲပေးကာကုသပေးရင်းဖန့်ရန်ကိုဒေါသမျက်လုံးအစုံဖြင့်စိုက်ကြည့်ဖို့မမေ့ပေ။ဖန့်ရန်ကကြောက်စိတ်မရှိဘူးသူကြည့်ကိုယ်ကြည့်ပေါ့

''ဆရာတူဦးလေးအနေနဲ့ဒါကမရက်စက်ဘူးလား တူတပည့်တစ်ယောက်ကိုအလျော့ပေးဖို့မပြောပါဘူးဒါပေမယ့်ဒီလောက်ဒဏ်ရာရအောင်မလုပ်သင့်ဘူး''

You've reached the end of published parts.

⏰ Last updated: Nov 13, 2023 ⏰

Add this story to your Library to get notified about new parts!

ဇာတ်လိုက်မဟုတ်တဲ့ဇာတ်လိုက်Where stories live. Discover now