ပဲဟင်းချက်ဖို့အတွက် ကုလားပဲ ၁၅ကျပ်သားကိုရေစင်အောင်ဆေးပြီး မီးဖိုထက်မှာနှုးသည့်အထိပြုတ်ထားလိုက်သည်။နှုးသွားတော့မီးဖိုထက်ကချကာ ပဲပြုတ်ရေတွေကိုမသွန်ပဲပန်ကန်လုံးလေးနဲ့ခတ်ထားကာ နှုးနေတဲ့ပဲတွေကို ငရုတ်ဆုံထဲထည့်ကာ ညှက်နေအောင်ထောင်းလိုက်သည်။ ပြီးရင် ပဲပြုတ်ရေတွေကိုရောထောင်းထားတဲ့ ပဲတွေကိုရောကာထည့်ပြီးဇွန်းနဲ့ချေလိုက်သည်။မဟုတ်ရင် အဖတ်လိုက်ကြီးတွေဖြစ်နေပေလိုက်မည်။ ပြီးတော့ ဆီအိုးကိုတည်ကာ လှီးထားတဲ့ ကြက်သွန်နီကို ဆီသတ်လိုက်သည်။ကြက်သွန်တွေအရောင်ပြောင်းလာတော့မှ ဖျော်ထားတဲ့ ပဲရေတွေကို ဆီအိုးထဲထည့်လိုက်တော့သည်။ ထိုနောက်ပဲဟင်းအိုးဆူလာပြီဆိုရင် ဆူးပုတ်ရွက်အနည်းငယ်ကိုပဲဟင်းရည်ထဲထည့်လိုက်တော့သည်။ အခုဆိုရင် ဆူးပုတ်ရွတ်ခပ်ထားတဲ့ပဲဟင်းရည်လေးရပါပြီပေါ့။

ပြီးရင် ဂဏန်းချက်ရန်ပြင်တော့သည်။ ဂဏန်းကိုသေချာဆေးကြောပြီးနှစ်ခြမ်းစိုတ်ကာ ထားလိုက်သည်။ ​ငရုတ်သီးခွဲခြမ်းတွေကို ကြက်သွန်နီဖြူ များများထည့်ကာ စပါးလင်ပါထည့်ထောင်းလိုက်သည်။အားလုံးစုံပြီးဆိုတော့မှ ထောင်းထားတဲ့ငရုတ်သီးတွေကိုဆီသတ်လိုက်သည်။ငရုတ်သီးတွေအရောင်ပြောင်းလာပြီဆိုတော့မှ ဂဏန်းကိုထည့်ကာ ငရုတ်သီးတွေနဲ့နှံ့အောင်မွှေကာ အချိုမှုန့် ၊ ငံပြာရည် မန်ကျည်းမှည့်ရည်လေးထည့် ရေပါနည်းနည်းထည့်ကာအဖုံးအုပ်ထားလိုက်သည်။ အိုးချကာနီးမှ မဆလာလေးအုပ်လိုက်လေသည်။

ဂဏန်းဝယ်ရင်း ငါးလုံးလေးသုံးကောပါတောင်းထားလိုက်တာမို့ ငါးလုံးသုံးကောင်ကိုမီးဖုတ်ကာ မျှင်ငပိကိုအရည်ဖျော်ကာကျိုလိုက်တော့သည်။ထို့နောက် ကြက်သွန်နီကိုပါးပါးလှီးထားကာကြက်သွန်ဖြူ ၃တက်လောက်ကိုထောင်းထားလိုက်သည်။ ကျိုးထားတဲ့မျှငါးပိအနေတော်ဖြစ်ကာမှ မီးဖိုထက်ကချကာ ရေနွေးအိုးတည်ထားလိုက်သည်။ပြီးရင်ဖုတ်ထားတဲ့ငါးသုံးကောင်ကိုပါအသားတွေခွာကာ ​ေကြအောင်ထောင်းလို့ မျှင်ငါပိကျိုထားတဲ့အရည်ကို ပန်ကန်လုံးလေးထဲထည့်ကာ ထောင်းထားတဲ့ငါးအသားဖက်တွေကိုထည့်လိုက်သည်။ အသားဖက်တွေကြေအောင်ပါဇွန်းလေးနဲ့မွှေပေးထားရသည်။ ထောင်းထားတဲ့ ကြက်သွန်ဖြူ လှီးထားတဲ့ ကြက်သွန်နီ ငရုတ်သီးအလှော်မှုန့်တွေပါထည့်ကာမွှေလိုက်သည်။ဆား ၊ အချိုမှုန့်နဲ့သံပုရာသီးပါညှစ်ထည့်လိုက်သည်။ပြစ်နေရင်ရေနွေးလေးထပ်ကာထည့်လိုသည်။ မြည်းကြည့်လို့အနေတော်ဖြစ်နေရင် ငါးလုံးငပိဖျော်ရည်မွှေးမွှေးလေးတစ်ခွပ်ရလေသည်။

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Where stories live. Discover now