" ကျစ်! ကားထဲမှာ သွားထိုင်နေ ကျုပ်လိုက်လာခဲ့မယ် "
" ဟုတ်ပြီ ငါစောင့်နေမယ် မြန်မြန်လာခဲ့ "
အဲ့ဒါပဲ ကျန်တဲ့ဘယ်ကိစ္စမဆိုအားလုံး ဝီရဦးခေါင် ခေါင်းမာမာနဲ့ တင်းထားနိုင်တယ် တစ်ခုပဲ နေနေ့ပါးစပ်က နော်နော် နော်ဆိုတာနဲ့ အကုန်လုံးကို လိုက်လျောပေးချင်နေတဲ့ စောက်ကျိုးနဲ စိတ်ကြီးကိုတော့ တားလို့ မရ ။
အိမ်ပြန်ရောက်ရောက်ချင်း ကြိုထားတဲ့ နွားနို့ကို အပူခံဓာတ်ဗူးအလှလေးထဲလောင်းထည့်ကာ ပျားရည်ကိတ်မုန့်နည်းနည်းကိုပါ ရေခဲသေတ္တာထဲကထုတ်ကာကော်ဗူးအကြည်လေးထဲထည့်ပြီးစားပွဲပေါ်ခဏတင်ပြီး အပေါ်ထပ်ကိုတက်ရပြန်သည်။
" ကြာလိုက်တာ "
စိတ်မရှည်သူက စူစူပုပ်ပုပ်မျက်နှာနဲ့ သူ့ကို မျက်စောင်းကထိုးနေသေးတယ် ။
" ရှေ့လာခဲ့ နေဥတ္တရာ "
" ဟင် ။ ဟင့်အင်း မင်းကောင်မလေးပဲပေးထိုင်မှာဆို "
" ကျုပ်မှာ ဘယ်ကောင်မလေး ရှိလို့လဲ ခင်ဗျား ကို လာဆိုလာလိုက် "
ကောင်မလေးတဲ့ ဘယ်တုန်းကပြောလိုက်မှန်း ဝီရဦးခေါင် တောင်မမှတ်မိဘူး ။
" မလာဘူး "
" ဒါဆို လိုက်မပို့ဘူး "
" မင်း! လာမယ် ငါလာမယ် "
ဝီရဦးခေါင် ထင်တဲ့အတိုင်းကို တစ်ဖက်လူ၏ အသက်ရှူသံတွေက မူမမှန်တော့ ။
အဖျားငွေ့တွေက သူ့ကိုပါရိုက်ခတ်နေတာမို့ စိတ်လည်းတိုလာသည် ။ ဒီလောက်ဖျားတော့မယ်ပြောနေတာတောင် အလုပ်ကသွားဦးမယ် ။
" ငါမဖျားပါဘူး မင်းငါ့ကို ဘယ်လိုလာကြည့်နေတာလဲ "
" ခင်ဗျားဘေးက အိတ်ထဲမှာ Hoodie ရှိတယ် ယူဝတ်ထား ပြီးရင် အပူခံဓာတ်ဗူးထဲမှာ နွားနို့နဲ့ သူ့ဘေးက ကော်ဗူးထဲမှာ ပျားရည်စမ်းထားတဲ့ကိတ်
မုန့်ရှိတယ် စားလိုက်စားပြီးတာနဲ့ ဆေးက အိတ်အကြည်လေးနဲ့ အောက်ဆုံးမှာ ပါတယ် ဆယ်မိနစ်အတွင်း ကျုပ်ပြောတာကို မြန်မြန်လုပ် "" ကျေး ကျေးဇူး "
" မလိုဘူး ကျုပ်မိန်းမ ဖျားတာ ကျုပ်မှာ တာဝန်ရှိတယ် "
Chapter 9
शुरू से प्रारंभ करें: