*1*

898 22 0
                                        

"ရားး နာဂျယ်မင်း!" မနက်ခင်းစောစောစီးစီးဂျဲနိုအခန်းထဲတွင် ကျက်သရေရှိလှစွာသောအသံများနှင့်စတင်လိုက်ခြင်းပင် အ​ကြောင်းကတော့ဂျယ်မင်းတစ်ယောက် ဂျဲနိုအခန်းထဲကိုရောက်နေတာမို့ ရေချိုးပြီးထွက်လာတဲ့ဂျဲနိုကဂျယ်မင်းကိုမြင်တော့ လန့်ပြီးအော်လိုက်မိသည်။

"ဘာလဲ? မနက်စောစောစီးစီးဆူနေတာဘဲ"

"ဆူရအောင်... မင်းဘာလို့ငါ့အခန်းထဲကိုတံခါးမခေါက်ဘဲဝင်လာလဲ?"

"အရင်တုန်းကလည်းဝင်နေကျဘဲကို အခုမှဘာတွေရှက်နေတာလဲ? မြန်မြန်လုပ်! တက္ကသိုလ်ဒုတိယနှစ်ရောက်နှစ်ပြီ အခုထိအိပ်ပုပ်ကြီးတုန်း"

"အိပ်ပုပ်ကြီးရအောင် ညကငါအိပ်တော့မှာကို ဘယ်သူဂိမ်းခေါ်ဆော့တာလဲ? ပြော!! ပြော!!"

"ဟားဟားဟုတ်ပါပြီ နောက်တစ်ခါဆိုခေါ်မဆော့တော့ပါဘူး  ပါပီပေါက်စရေ ငါသွားပြီ အောက်ထပ်မှာစောင့်နေမယ်"

"ကြွ ကြွ"

"ဆင်းလာပြီလားအစ်ကိုဂျဲနို?"

"ငယ်မ... ငါ့ကိုလာရွဲ့နေတာလား?"

"မရွဲ့ပါဘူး ထိုင်! မေမေတို့ကအရေးကြီးကိစ္စရှိလို့အစောကြီးထသွားတယ် မနက်စာကအဒေါ်ကကြီးပြင်ထားတာမလို့​ဖြည်း​​ဖြည်းစားလို့ရတယ်"

"ဒါနဲ့နာဂျယ်မင်းကော?"

"သူလား? အစ်ကို့ကိုစောင့်မလို့ဘဲ သူ့ညီယောင်းဟွန်းကဂျစ်တိုက်နေလို့သူအရင်သွားပြီတဲ့"

"နေပါဦး... လီဟေဇယ်! သူဘာလုပ်လုပ်ငါ့ကိုတင်ပြနေစရာလား?"

"ဘယ်သူအရင်စမေးတာလဲ? သူဘဲပါးစပ်ကနေဂျယ်မင်းအိုပါးကိုမချတမ်းမေးနေပြီးတော့များ သူများကိုလာအပြစ်တင်နေတယ်"

"ဒီမှာအစ်ကိုဂျဲနို! ဒါမျိုးတော့ဟေဇယ့်ကိုလာကြောမလို့မရဘူး ရှင်းလား?"

"ဟုတ်ပါပြီ စွာစိလန်ဂျပုမလေးရယ်"

"ဘာကိုဂျပုမလေးလည်း! ရင်ခွင်မှီအရပ်! အဟွန်းလေးရဲ့...  အဲလေအနာဂတ်​ကောင်လေးရဲ့ရင်ခွင်မှီအရပ်! ရှင်းလား! အစ်ကိုလည်းအဲ့လိုလိုက်ပြောနေလို့ရည်းစားမရတာ" သူ့အစ်ကို့ကိုစသွားကာထသွားလေရဲ့

Always yoursTempat cerita menjadi hidup. Temukan sekarang