နန်ဟွိုင်လင် အသည်းလေး လှုပ်ခါသွားရ၏။ " ဒါဆို အဲ့ဒီလတွေတုန်းက ခင်ဗျား ကျတော်ဆီ နေတိုင်း ခိုးခိုးပြီး လာကြည့်နေတာလား? "

" အင်း....မိုးရွာရွာ နေပူပူ"

" ဦးနှောက်မရှိတာလား ဉာဏ်ကောင်းတာလား" သူ ပြုံးကာ ပြောလိုက်မိသည်။

" ကိုယ့်ရဲ့အလုပ်က မင်းနဲ့ အတူရှိနေဖို့ပဲလေ "

" ဒါဆို...." သူ ပြုံးကာ ဆိုလိုက်သည်။ " ကျေးဇူး "

ဖေ့ချန်က သူ့ကို အနည်းငယ်တင်းကျပ်စွာ ပွေ့ဖက်လာ၏။ " အိပ်တော့ ဘေဘီ...မနက်ဖြန် ကိုယ်နိုးပေးမယ် "

နန်ဟွိုင်လင် ခနတိတ်ဆိတ်သွားပြီးမှ "....ဒီမှာ ခင်ဗျားနဲ့ အတူရှိနေရင် ကျတော် အိပ်မပျော်လောက်ဘူး "

" ကိုယ် မလှုပ်ပါဘူး....ဒါမှမဟုတ် မင်းယောက်ျားကို သီချင်းဆိုခိုင်းစေချင်လား? "

" ရလား အဲ့လို " သူ့အတွေးတွေက လွယ်ကူစွာပဲ လှည့်စားခံလိုက်ရ၏။ " ခင်ဗျား သီချင်းဆိုတာ ကျတော် တစ်ခါမှမကြားဖူးဘူး "

ဖေ့ချန်က လည်ချောင်းရှင်းကာ သူမကြားဖူးတဲ့ အင်္ဂလိပ်သီချင်းတစ်ပုဒ်ကို ဆိုပြလာ၏။

" Is everything just right...Don't want you thinking that I´m in a hurry......"

ဖေ့ချန်အသံက နဂိုတည်းက ဆွဲဆောင်မှုရှိပြီးသားဖြစ်သည်။ အခု သူတို့ရဲ့ အချစ်ကမ္ဘာလေးတည်ဆောက်အပြီးမှာ ဖေ့ချန်အသံက အနည်းငယ် အက်ရှမှုနှင့် ပျင်းရိခြင်းတို့ တစ်စွန်းတစ်စ ကပ်ပါနေကာ သီချင်းအေးအေးတစ်ပုဒ်ကို သီဆိုနေပုံက ပိုပိုပြီး နှစ်သက်ဖွယ်ကောင်းလှသည်။

"It looks like you...feels like you...Smile like you....I want someone just like you....."

သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ပြေလျော့သွားပြီး ဖေ့ချန်ရဲ့ ချိုသာလွန်းသော သီချင်းသီဆိုသံကြောင့် မကြာခင်မှာပဲ လှပတဲ့အိပ်မက်ကမ္ဘာထဲကို နန်ဟွိုင်လင် နှစ်မြှုပ်သွားခဲ့သည်။

_____________

15 , 10, 2023 (Sunday)

TN/ eng tranမှာတည်းက ဒီအပိုင်းက တိုနေတာပါနော်

see u soon ka...

🦊🦊🦊🦊🦊🦊

Zawgyi

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Onde as histórias ganham vida. Descobre agora