" ချစ်တယ် " ဖေ့ချန်က သူ့လည်ပင်းဂုတ်သားပေါ်နမ်းရှိုက်လာသည်။ " မင်းစိတ်အနှောက်အယှက်ဖြစ်မှာကို ကိုယ်စိုးရိမ်လို့...မဟုတ်ရင် ကိုယ် မင်းကိုချစ်တယ်ဆိုပြီး တစ်နေ့ကို အကြိမ်တစ်ထောင်လောက် ထိုင်ပြောနေမှာ "

" ပြောနေစရာမလိုပါဘူး " သူနှလုံးသားက ပျားရည်လိုပဲ ချိုမြိန်နေ၏။ " ကျတော်က သိပြီးသားပဲကို "

သူ့လက်ကို နန်ဟွိုင်လင်ရဲ့ ထင်ရှားနေတဲ့ဗိုက်သားလေးပေါ်ကို ဖေ့ချန်တင်ထားလိုက်သည်။ ကြည့်ရတာ သူ့ရဲ့နွေးထွေးတဲ့လက်ဖဝါးက နန်ဟွိုင်လင်ကို နေလို့ကောင်းစေတယ်ထင်၏။ " သူတို့က အခု အရမ်းငြိမ်တာပဲ "

သူ့လက်ကို ဖေ့ချန်လက်ပေါ် ထပ်ကာတင်လိုက်သည်။ " သူတို့က အမြဲအဲ့လိုပဲလေ...မဟုတ်ရင် ကျတော် နောက်ဆုံးဘေဘီလေးမွေးပြီးမှ သိမှာမှမဟုတ်တာ "

" မင်း အဲ့နေ့က တော်တော် လန့်သွားမှာပဲ ဟုတ်လား? " ဖေ့ချန် ပြုံးမိသွားသည်။

အဲ့ညက ဥတွေ မွေးလိုက်မိတဲ့အကြောင်း ပြန်စဥ်းစားကြည့်ရင် သူရှက်မိနေဆဲဖြစ်သည်။ " ကျတော်လေ အစက ဥတွေကို မမြင်ခဲ့ဘူး...ဒီတိုင်း ဘောင်းဘီထဲ အီးပါချမိတယ်ထင်နေတာ...အဲ့တာကြောင့် အဲ့အချိန်တုန်းက ခင်ဗျား ကျတော့်ကိုမြင်သွားမှာ အရမ်းကြောက်နေတာ...ဒါပေမယ့် ကျတော် စဥ်းစားဉာဏ် မြန်တာပဲ ကျေးဇူးတင်ရမယ် ခင်ဗျား အရင်ထွက်သွားအောင်လုပ်ဖို့ အကြောင်းပြချက်တစ်ခုရှာဖွေလိုက်နိုင်တယ် "

ထိုသို့ပြောပြီးနောက် သူ အရင်ကအရာတစ်ချို့ကို ရုတ်တရက်ကြီး ပြန်သိချင်လာတယ်။ " ခင်ဗျားပြောတော့ ကျတော့်ကို အရင်လာမရှာဘူးဆို...အဲ့တာဆို ဘာလို့ ကျတော့်နောက်က ခိုးလိုက်နေတာလဲ? "

" ကိုယ့်မိန်းမက ကြာလာလေ ပိုလှလာလေဆိုတော့ ကိုယ်သာ မျက်စိဒေါက်ထောက်ကြည့်မနေဘူးဆို တခြားသူတွေ လာလုသွားမှာပေါ့...ကိုယ် အဲ့တော့မှ အော်မငိုနိုင်ဘူးလေ...နောက်ပြီး " ဖေ့ချန် ခနစကားရပ်ကာ " ကိုယ် မင်းကို အရမ်းလွမ်းလွန်းလို့ အဲ့တုန်းက စားမဝင် အိပ်မရနဲ့...မင်းကိုမှ ချောင်းမကြည့်ရရင် သေတော့မလိုကို ခံစားရတယ် "

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now