အခန်း ၆ / အခန္း ၆ (Final)

Start from the beginning
                                    

သူ၏ခံစားချက်ကိုဖွင့်ဟပြောဆိုဖို့ရန် စဉ်းစားမိပေမဲ့ ထိပ်တိုက်ကြီးပြောဖို့ရာကျ သူနည်းနည်းတော့ကြောက်မိသား။ ဒါနဲ့ပဲစာနဲ့သာဖော်ပြရန်ဆုံးဖြတ်လိုက်သည်။ ဝမ်ရိပေါ်ဆိုသည်မှာလည်း မြို့တော်တွေရဲ့ စာတတ်ပေတတ်တွေလို စာလုံးတွေကို စီကာပတ်ကုံးမရေးဖွဲ့တတ်တော့ အဆင်ပြေလောက်မယ့်စာသားလေးတွေကိုသာ အချိန်အကြာကြီးစဉ်းစား၍ ရေးဖွဲ့လိုက်သည်။ သိုင်းလောကသားမို့ လက်ရေးလက်သားကလည်းသိပ်မကောင်းတာကြောင့် စာရွက်ပေါင်းများစွာပေါ်မှာ အကြိမ်ကြိမ်အဖန်ဖန်ရေးပြီးမှသာ ကျေနပ်စရာကောင်းလှသည့်ရလဒ်ကိုရရှိတော့သည်။ စာရွက်လေးရဲ့အောက်ဆုံးကဘယ်ဘက်ထောင့်မှာတော့ သူ့နာမည်ကိုရေးထိုးလိုက်တယ်။

သူများအိမ်ထဲခိုးဝင်တာကမကောင်းမှန်းတော့ သူသိပါရဲ့။ အခြေအနေနဲ့အချိန်အခါအရဆိုတော့ သူလည်းမတတ်သာဘူးလေ။ တိတ်ဆိတ်နေတဲ့အိမ်တော်ဝန်းထဲအရောက်မှာ မြက်ပင်ချုံပင်တွေကြားမှာခဲလုံးတစ်လုံးတွေ့တာနဲ့ ဝမ်ရိပေါ်ကောက်ယူလာခဲ့လိုက်တယ်။ အမတ်မင်းရှောင်းရဲ့အိမ်အတွင်းကိုသူမရောက်ဖူးတာမို့ စိမ်းသက်သက်ဖြစ်နေပြီး အိပ်ခန်းကိုပင်ဘယ်အခန်းမှန်းမသိ။ အိပ်ခန်းလို့ယူဆရသည့်အပေါ်ထပ်ကအခန်းရှေ့မှာပဲ ဝမ်ရိပေါ်ကစာရွက်လေးကိုခဲလုံးနဲ့ဖိထားခဲ့တယ်။ ဒီလောက်ဆိုရင်တော့မြင်သာထင်သာရှိလောက်ပါတယ်။

ဝမ်ရိပေါ်တည်းခိုခန်းကိုပြန်သွားလိုက်တယ်။ သူ့တစ်ကိုယ်လုံးနဲ့ချွေးစေးတွေပြန်နေတယ်။ တစ်ကိုယ်လုံးနဲ့တဆတ်ဆတ်နဲ့တုန်နေတာ မနည်းထိန်းနေရတယ်။ ရည်းစားစာလေးတစ်စောင်သွားပေးတာနဲ့ စိတ်လှုပ်ရှားလွန်ပြီးသေတော့မလိုဖြစ်နေတဲ့ သူ့ကိုယ်သူလည်းနားမလည်။ ခပ်တည်တည်နေတတ်တဲ့ ဝမ်ရိပေါ်ဟာအခုတော့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရသည်။ မနက်ဖြန်ကိုတော့ အမတ်မင်းရှောင်းရုံးတော်သွားတဲ့အချိန်ကို အိမ်ထဲဝင်ပြီးစာချန်ခဲ့သလားလို့ သူသွားကြည့်ရဦးမည်။ မျှော်လင့်ချက်တွေသိပ်မထားနဲ့လို့ သူ့ကိုယ်သူစိတ်ထဲမှာပြောနေသော်ငြား သူ့ရဲ့မသိစိတ်ကအမတ်မင်းရှောင်းလက်ခံလာဖို့ကိုသာ မျှော်လင့်နေမိသည်။ သူလည်းရူးနေပြီထင်ပါရဲ့။ ကုတင်ပေါ်မှာ ဟိုလှိမ့်ဒီလှိမ့်နဲ့လုပ်လိုက် ခေါင်းကိုတဗျင်းဗျင်းကုတ်လိုက် သူအတွေးနဲ့သူခေါင်းခါလိုက် ခေါင်းငြိမ့်လိုက်နဲ့ ဝမ်ရိပေါ်တစ်ယောက်အရူးလိုပင်ဖြစ်နေတော့သည်။

Summer Of LuoyangWhere stories live. Discover now