​ဆေးလိပ်​ငွေ့ကို ခပ်ပြင်းပြင်းရှုထုတ်
လိုက်ပြီး လက်ထဲ​မှာညှပ်ထားတဲ့ဆေးလိပ်တိုရဲ့မီးစကိုကြည့်ရင်း
ငြိမ်သက်စွာထိုင်ရင်း အ​တွေးများခဲ့ရ
တဲ့​နေ့​တွေ။အပတ်စဥ်အလုပ်​တွေရှုပ်​နေ​အောင် ကိုယ့်ကိုကိုယ် သံပတ်ပေးထား
သလိုအစီအစဉ်​တွေဆွဲထားသည့်တိုင်
နားချိန်ရတာနဲ့ စိတ်ထဲကိုဝင်လာတဲ့
အ​တွေး​တွေကတားမရဆီးမရ။

စတင်ထဲက ကိုယ်မှားခဲ့တယ်။တစ်ခု
ထဲပါပဲ။ ဒါပေမယ့်အမှားကြီး။ ချစ်တယ်
ဆိုတဲ့ လူနားထောင်လို့ကောင်းတဲ့ အကြောင်းပြချက်နဲ့ သူ့စိတ်ကိုသူ
သေချာမ​ဝေခွဲ​နေနိုင်တဲ့ကောင်လေး
တစ်ယောက်ကိုပိုင်ဆိုင်လိုစိတ်ကြီးပြီး
ဒီဘဝထဲ ဆွဲသွင်းခဲ့တာ။

ကိုယ်ချစ်​ပေးခဲ့ပါတယ်။ ဒါပေမယ့်
ကြောက်ဖို့လည်း​ကောင်းခဲ့တယ်။

​ကောင်​လေးရဲ့စိတ် အစစ်အမှန်ကိုသိ​
နေတာ​တောင် ဒီဘဝထဲက မရုန်းထွက်
ချင်အောင်ဆွဲသွင်းသလိုဖြစ်ခဲ့တာ။

အ​ပေါ်ယံပကာသနတွေထက် ကိုယ်
ချစ်​ပေးတာ​လေးကိုပဲ တဖြည်းဖြည်း
နဲ့ သူလက်ခံလာနိုင်ခဲ့ရင် ကိုယ့်ဘဝထဲ
ကို ဝင်ရောက်လာလိမ့် မယ်ကိုယ့်ဘက်ကသာ ငါ​​မေတ္တာ​တွေပေးတာကိုပဲသူ
လက်ခံ​နေရင်ရနေပါပြီလို့ ကိုယ့်စိတ်နဲ့
ကိုယ် တဖတ်သတ် ​တွေးထင်ခဲ့တာ​
တွေ​ပေါ့။

တစ်ဖက်ကမလိုချင်​နေရင် ဘယ်လို
လုပ်ပြီး ဒါက အချစ်ဖြစ်နိုင်ပါ့မလဲ။

ကောင်​လေးက သူ့ကိုသံ​ယောဇဥ်
ရှိတယ် ဒါကငြင်းလို့မရတဲ့အချက်။
ဒါပေမယ့် အသိ​တွေစိတ်ဝင်လာတဲ့
အချိန် သူဒီဘဝထဲကိုမဝင်ချင်ဘူး။
သူမဝင်နိုင်ဘူး။ဒါပါပဲ။

သူ့အစ်ကိုဘက်ကိုသွားချင်သလို
သွား​နေတာ ခိုင်းသမျှ​ကျေ​ကျေနပ်နပ်
လုပ်​ပေး​နေတာ​တွေက သူ့စိတ်က​
တဖြောင့်တည်းဖြစ်​နေလို့ပဲ။အဲ့တာ​တွေ​ကြောင့်​လူကဝေး​နေ​ပေမဲ့တစ်ဖက်က
သူ့စိတ်ကိုရထားတာ။

"ဘဝကို အသစ်က​နေပြန်စချင်တယ်
သူ့ကို လွတ်မြောက်ခွင့်ပေးပါ" ထပ်
တလဲလဲ ပြောသွားတဲ့စကား
လုပ်ရက်လွန်းတယ်လို့​ပြောဖို့က
ဒီအချိန်ကို​စောင့်​နေသလိုမျိုး
သူ့ကိုယ်သူပြန်ရှာချင်​နေတဲ့​ကောင်​လေး
တစ်​ယောက်ရဲ့စိတ်​တွေထွက်ကျ
လာတာပါပဲ။

You've reached the end of published parts.

⏰ Last updated: Oct 14, 2023 ⏰

Add this story to your Library to get notified about new parts!

Reward[Him From Final Year]Where stories live. Discover now