စီးပွားရေးဘွဲ့ယူဖို့ ထွက်လာခဲ့တာ
မလို့ ယူ​ကေရဲ့မြို့​တော်မှာ တစ်နှစ်
အကျော်ကြာကျောင်းတက်ခဲ့ပြီးပြီ။
ဒါပေမယ့်ထပ်ပြီး​လေ့လာရင်း သင်တန်း​
တွေထပ်တက်ပြီး ဒီမှာလည်းလက်လှမ်း
လို့ရသ​လောက်စီးပွား​ရေး​တွေလုပ်ရင်း
အပူပိုင်း​ဒေသကို မပြန်ဖြစ်​သေးဘူး။
မသေချာ​သေးပေမယ့် အလုပ်​တွေ
စထားလို့ဒီမှာပဲအ​ခြေချ​နေသွားဖို့
ဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်။

ရောက်လာထဲက ကျန်ခဲ့တဲ့နေရာမှာ
အမြဲဖုန်းဆက်တတ်တဲ့အ​မေနဲ့ တခါ
တ​လေကြုံရင်စကားဝင်​ပြောတတ်တဲ့
အ​ဖေနဲ့ကလွဲပြီး ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ဖြစ်ဘူး။အရင်း
ဆုံး​ကောင်​တွေကို​တောင်မှပဲ...။ ဘယ်သူ
နဲ့မှ အဆက်အသွယ် မလုပ်ချင်ခဲ့တာ
ဆိုရင် ပိုမှန်မယ်။ကျန်ခဲ့တဲ့​နေရာနဲ့ပတ်
သက်တာ ပတ်သက်တဲ့သူ မှန်သမျှ
ဘာကိုမှသတိမရချင်။ မစဉ်းစားချင်
ဘူး။​မေ့ထားပစ်ချင်တယ်။အဲ့ဒါမှလည်း...လုပ်နိုင်မှာ။

"​ဟေ့​ရောင် မင်းခိုင်းထားတဲ့အတိုင်း
မြတ်ကသွား​တွေ့ပြီးသွားပြီ။မင်းဟာ
လေးက ကူညီမယ် ​ပြောတာကိုလက်မခံဘူး။​ကျောင်းတက်ရင်းအလုပ်လုပ်​နေ
တယ်တဲ့ ​ငါတို့ဘာဆက်လုပ်​ပေးရမလဲ"

"​ကျေးဇူးပဲ သားကြီး။သူ့သ​ဘော
အတိုင်းပဲ ထားလိုက်​"

​ကျော်ထွန်းကို ဆက်သွယ်ပြီးတာ
ကြာခဲ့ပြီ ဖြစ်သော ပထမဆုံးကိုယ့်​မြေ
က​ဘော်ဒါအရင်းအချာနဲ့စကားပြော
ခဲ့ခြင်း။ သိခဲ့ရပါတယ်။သူ့အစ်ကို့နဲ့အဆက်အသွယ်​တောင်မလုပ်​တော့
ဘူး တစ်​ယောက်ထဲညီ​လေးနဲ့အတူ
ရပ်တည်​နေတယ်ဆိုတဲ့အ​ကြောင်း​တွေ။

တစ်ကယ်ကို မိသားစုလိုအပ်​နေတဲ့
ကောင်လေးမို့လို့ ​ဒီအချိန်​ရောက်လာ​
တော့ကိုယ်ဘယ်လိုစိတ်​​အေးချမ်းရ
မလဲ။ဒါ​ပေမဲ့ သူလုပ်နိုင်တယ်။တစ်
ကယ်ကို ဆုံးဖြတ်ထားပြီးပြီဆိုရင်
စိတ်ဓါတ်ခိုင်မာတဲ့ ကောင်လေးမို့လို့
လုပ်နိုင်မှာပါ။ ကိုယ့်ကို အားနာ​နေရ
တာမျိုး​တွေ နောက်တရ​နေပြီး​စောင့်
ဆိုင်း​နေတာမျိုးတွေဆိုတာ ကိုယ့်အတွက်တစ်ကယ်မလိုချင်ဆုံးမလို့ မင်းဘဝ
အတွက်ပဲမင်း ကိုယ်မင်းရှာ​ဖွေပြီး
ရှေ့ဆက်လိုက်ပါ။

You've reached the end of published parts.

⏰ Last updated: Oct 14, 2023 ⏰

Add this story to your Library to get notified about new parts!

Reward[Him From Final Year]Where stories live. Discover now