ကားထဲဝင်ရင်းပြောတာမလို့.... ခေါင်းဆောင့်မိမှာစိုးရိမ်တဲ့စိတ်နဲ့... ကားဘောင်ကို... ကိုင်ပေးထားလိုက်သည်... နောက်ဆုံးစကားကို... ကြားရတဲ့အခါမှတော့ ဆွန်းချောအနည်းငယ်... မျက်နှာပျက်ရသည်။

"ကောင်းကောင်းပြန်ပါ နူးနာ တာ့တာ့~"

ကားမှန်ကိုချကာ့... တာ့တာ့ပြလာတဲ့ နူးနာကို ဆွန်းချော.... ပါးချိုင့်တွေပေါ်အောင်... ပြုံးပြလိုက်ရင်း နှုတ်ဆက်ခဲ့ရတော့သည်

မတွေ့ရတာကြာပြီဖြစ်တဲ့... အချစ်ဦးကို.. ပြန်တွေ့ရသည်မှာ.... ဆွန်းချောအတွက်ကတော့... ဆုလာဘ်တစ်ခုလိုပင်ဖြစ်သည်... ထိုအချစ်ဦးက အိမ်ထောင်သည်ဖြစ်သွားတည်တိုင်ပေါ့။

အလယ်တန်းကတည်းက.... အရိပ်တစ်ကြည့်ကြည့်ဖြင့်... စောင့်ရှောက်ခဲ့ရသောပန်းကလေးတစ်ပွင့်ကို မောင်တစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို စည်းထားပြီး စောင့်ရှောက်ပေးခဲ့သည်။

ကံတရားဟာ သူ့ဘက်မလှည့်သာခဲ့...နူးနာက အထက်တန်းနောက်ဆုံးနှစ်မှာတင်... သူမအပေါ်ထားရှိတဲ့ဆွန်းချောရဲ့ စိတ်ကို... အနုနည်းနဲ့သာ ငြင်းဆိုခဲ့ပါသည်... သို့သော်လည်း... နူးနားဘေးမှာ သူရှိနိုင်သလောက်... ရှိပေးခဲ့ပါသည်။

နူးနာရဲ့ကားက... ထွက်သွားပြီဖြစ်ပြီး ဆွန်းချောသာ ကားလမ်းဘေးက... လူသွားလမ်းပေါ်မှာ... ကျန်ခဲ့တယ်... ရုတ်တရက်စိတ်က ဂျီဆူးဆီ... ရောက်သွားခဲ့ပြန်တယ်။

နေပါဦး ဂျီဆူးဆိုမှ ... !!

သူနဲ့ ဂျီဆူး... အတူဈေးဝယ်ထွက်လာကြတာဖြစ်ပြီး ဆွန်းချောက.... မစောင့်နိုင်တာမလို့ ကားပါကင်ဘက်ပြန်ဆင်းလာပြီးတော့... နီးစပ်ရာကော်ဖီဆိုင်ထိုင်နေခဲ့ပင်။

ထိုအချိန်မှာပဲ... နူးနာက ဆိုင်ထဲဝင်လာတာမလို့ စကားပြောရင်းနဲ့ .... နေ့လည်စာပါ တခါတည်းအတူစားဖြစ်သွားတာ.... ဖုန်းကလဲ do not disturb mode on ထားတာမလို့... ဘာအသံမှမကြားရ။

အလောတကြီး... အိတ်ကပ်ထဲက... ထုတ်တော့မှ
ဂျီဆူးဆီက စာတစ်စောင်ကိုတွေ့လိုက်ရတယ်.. ပို့ထားတဲ့အချိန်က 2:03 P.M မလို့.... ဆွန်းချော ကော်ဖီဆိုင်မှာ နူးနာနဲ့ ဆုံတဲ့အချိန်ဝန်းကျင်ပင်။

𝖬𝗈𝗋𝖺𝗅 𝗈𝖿 𝗍𝗁𝖾 𝗌𝗍𝗈𝗋𝗒 Where stories live. Discover now