သူ ဒါတွေကို ပြောတဲ့ အချိန် ​စိတ်ထဲမှာ ကြောက်ရွံ့မူတွေ ဖြစ်ပေါ်နေခဲ့ပါတယ်..။

လူလိမ် ထျန် ပြောလိုက်တယ်..။

"ငါ့ အမြင်ကို ပြောရရင် မင်းက အတော်ကို ကံဆိုးသွားတာပဲ.."

ချန်းဟိုင်ဂီ ပြန်ပြောလိုက်တယ်..။

"ကျွန်တော်က ကံဆိုးတာတော့  မှန်ပါတယ်..။ဒါပေမဲ့  အနည်းဆုံးတော့ ခန္တာကိုယ် အပိုင်းကို မထိခဲ့ဘူးလေ..။တကယ်ကို့ အပေါ်ပိုင်းကို သာ  ထိသွားခဲ့ရင် တစ်ခါတည်း ဇာတ်သိမ်းပြီ..."

"မင်းလို အခြေအနေ မျိုးကို  ငါပထမဆုံး မြင်ဖူးတာပဲ..။သူ့ရဲ့ ဗေဒင်ပညာက အရမ်းကို တိကျတယ်..။မင်းက သူ ပြောတာကို နားမထောင်ဘူးဆိုတော့  အတော်ဆိုးရွားတာပဲ.."

လူလိမ် ထျန် ခေါင်းခါယမ်းပြီး ပြောလိုက်တာပါ..။သူ  ဒီငနဲ ရဲ့ သတ္တိကို တကယ်လေးစာစ  မိပါတယ်..။

ချန်းဟိုင်ဂီ ရှကိရွံ့သွားခဲ့တယ်..။သူ ခေါင်းကို ငုံ့ပြီး ပြောလိုက်ပါတယ်..။

"ကျွန်တော် သူ့ကို ယုံကြည်ပါတယ်..။အခုဟာက...ဒါက..."

သူ တကယ် နောင်တရနေခံ့ပါပြီ..။သူ မာစတာလင်းကို  မယုံကြည်ခဲ့လို့ မဟုတ်ပဲ..သူငယ်ချင်းတွေ ရဲ့ စကားတွေကို မခံချင်စိတ်ဖြစ်သွားခဲ့လို့ပါ..။သိူ့ပေမယ့်  ဒီလောက်အထိ တိကျနေမယ် လို့တော့ သူ မထင်ထားခဲ့ပေ..။သူ တောင်ကုန်းတစ်ခုကို ရောက်ဖို့ ဘယ်လောက်မှတောင် မမောင်းရသေးပဲ အခုလို ဖြစ်သွားခဲ့တာပါ..။

"မာစတာ..လင်း..ကျွန်တော် ပြန်ကောင်းနိုင်သေးလား..."

ချန်းဟိုင်ဂီ လင်းဖန်ကို တောင်းပန်တဲ့ အကြည့်တွေနဲ့
ကြည့်လိုက်တယ်..။အခု သူ့မှာ တစ်ခြား ရွေးချယ်စရာ မရှိတော့ပါဘူး..။တကယ်လို့ မာစတာလင်းကသာ  မကူညီပေးနိုင်ဘူးလို့ ပြောရင် သူ တကယ် အဆုံးသတ်ပါပြီ..။

လင်းဖန် သူ့ကို ကြည့်လိုက်ပြီး..

"ဟင်း..မင်းက တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ..။ငါ အကြံပေးတာကို နားမထောင်တာ  မင်းပထမ ဆုံးပဲ..။အရင်တုန်းက ဆိုရင်  မိသားစုတစ်ခုက..အပျော်ခရီးကို သွားဖို့ စီစဥ္ထားတာကို ငါ့ရဲ့ အကြံပေးချက်ကြောင့် ဖျက်သိမ်းပြီး ..ကပ်ဆိုးကနေ လွတ်မြောက်သွားကြတယ်..။မင်း ငါ့စကားကို နားမထောင်တာလဲ ကောင်းပါတယ်..။အခု တစ်ခုခု ဖြစ်လာပြီ ဆိုတော့ နောင်တရနေပြီ မလား.."

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် )Where stories live. Discover now