*ကလင် ကလင် *

အဲ့အချိန်မှာပဲ ကျိုးမင်ချင်းရဲ့ ဖုန်းမြည်လာခဲ့တယ်..။

ဖုန်းခေါ်တဲ့ လူကို မြင်တဲ့ အချိန်မှာ ကျိုးမင်ချင်း မပျော်မရွှင်ဖြစ်သွားခဲ့ပါတယ်..။

"ဆရာ.ပညာရေး ဌာနက တစ်ယောက်ယောက် ဖုန်းခေါ်နေတယ်.."

"ဖြေလိုက်.."

လင်းဖန်  ပြောလိုက်တာပါ..။

ဖုန်းကိုင်လိုက်တဲ့အချိန်မှာ ခေါင်းဆောင်ရဲ့ အသံကို ကြားလိုက်ကြရတယ်..။

"ဒါရိုက်တာကျိုး ခင်ဗျားတို့ ဒီကိစ္စကို အလျင်မလို သင့်ဘူး..။ကျုပ် အခု သူတို့နဲ့ ဆွေးနွေးနေတာ..။ဒါက သူတို့ရဲ့ အမှားဖြစ်တာကြောင့် ကျုပ်သေချာ ကိုင်တွယ် မှာပါ..။ကျေးဇူးပြုပြီး ဒါကို မာစတာ လင်းကို လည်း ပြောပေးပါဦး.."

ကျိုးမင်ချင်း ဒေါသထွက်စွာ ပြောလိုက်တယ်..။

"သူတို့ ဒီကိစ္စမှာ ဘယ်လောက် စည်းကျော်လဲ ခင်ဗျားသိလား..။ကျုပ် ဆရာရဲ့ ခွငိ့ပြုချက်မရှိပဲ သူတို့နာမည် ရေးထိုးတဲ့ အပြင့် စာအုပ်ကိုပါ ဖြန့်ဝေ့လိုက်တယ်..။သူတို့က ကျုပ်ဆရာ ကို ဘာမှ မဟုတ်သလို ဆက်ဆံနေကြတာပဲ.."

ခေါင်းဆောင် ပြောလိုက်တယ်..။

"ကျုပ်သိပါတယ်..။ခင်ဗျားရဲ့ ဆရာကိုလည်း စိတ်မပူဖို့ ပြောလိုက်ဦး..။ကျုပ်သူတို့ကို ထုတ်ပြန်ချက် ကြေညာ ခိုင်းလိုက်မယ်..။

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"ထုတ်ပြန်ချက်က ဘာမှမဖြစ်ဘူး..ဒါပေမဲ့ သူတို့ ဖြန့်ဝေထားတဲ့ သင်ရိုးတွေ အကုန်ပြန်သိမ်းပြီး သူတို့နာမည်တွေ ဖယ်ထုတ်ရမယ်.."

"ဒါရိုက်တာကျိုး..ဖြစ်တာက ဖြစ်ပြီးသွားပြီလေ..။အခုမှ သူတို့ဝေထားတဲ့ စာအုပ်တွေကို ပြန်သိမ်းပြီး နာမည်တွေ ဖျက်မယ်ဆိုရင် ပြသနာ တွေ ပိုကြီးသွားလိမ့်မယ်..။ဒါကို လုပ်တာက..သူတို့ရဲ့ အသက်တွေကို  ပေးဖို့ တောင်းဆိုသလိုပဲ..။မာစတာ လင်းနဲ့ ခင်ဗျားတို့ ဒီတစ်ကြိမ်ပဲ ကျော်သွားပေးပါ..။ကျုပ် ဒါမျိုး နောက်တစ်ကြိမ်မဖြစ်စေရဘူး လို့ အာမခံပါတယ်.."

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် )Where stories live. Discover now