Updateက လောလောဆယ်တော့မရှိနိုင်ပါဘူးဗျ။ ဒီတိုင်း အသစ်လေးကို plotချပြချင်ယုံပါပဲ။ ဇာတ်အိမ်ကိုလည်း ခိုင်မာဖို့ အချိန်အနည်းငယ်ယူရပါအုံးမယ်။

#Day

{ မြေနီကုန်းရွာဆိုတာ ကျွန်တော့်အဘရဲ့ ရွာလေးပါ အရမ်းသာယာပြီးဖော်ရွေကြတဲ့အပြင် အရမ်းပျော်စရာကောင်းတာကြောင့် ficရေးဖို့စဉ်းစားမိသွားတာ ficရေးဖို့အတွက် မသိတာအားလုံးကို မေမေ့ကိုမေးဖြစ်တယ် ficရေးဖို့လိုတော့မပြောဖြစ်ပါဘူး အမေက ပြန်ရေးနေတာသိရင် ကျွန်တော်ထိပ်ကွဲမှာ ဟဲ ပိုလေ့လာချင်သေးလို့ အပိုင်းသစ်မတင်ဖြစ်သေးပါဘူး ချစ်တယ်ဗျ }

12.12.2023

Zawgyi

နာမည်တူနေရင်ဖြစ်ဖြစ် ဇာတ်အိမ် စကားပြောတူနေရင်ဖြစ်ဖြစ် ကျွန်တော့်ကိုပြောပြပေးပါအုံးဗျ။ အကူအညီတောင်းပါတယ်။

တည်ငြိမ်ပြီး စကားနည်းတဲ့ မြတ်မင်းမာန်နဲ့ စကားများပြီး ပေါတောတောနေတတ်တဲ့အပြင် တစ်ရွာလုံးရဲ့ အောချရလောက်အောင်ထိ မွှေတဲ့အမွှေစိန် မြတ်သိန်းကိုကို...

နှစ်ယောက်လုံး Strong Typeသွားမှာပါဗျ။ နုနုရွရွတွေတော့မပါနိုင်ပါဘူး။ ဟာသလေးတွေလည်းနှောထားပါတယ်။ အနည်းငယ်ပြုံးရင် ကျေနပ်ပြီဗျ။

" ဆရာဝန်လေး ကျုပ်ကိုစိတ်မဆိုးစမ်းနဲ့ဗျာ "

" .... "

" ဆရာဝန်လေး ကျုပ်ကို အခုချက်ချင်းစိတ်ဆိုးပြေမလား မပြေဘူးလား"

" ..... "

" ကျစ်! ကျုပ်စိတ်မရှည်ရင် ထိုင်ရှိခိုးပစ်မှာဗျ "

##########

" ကျုပ်ကိုသနားနေတာလား ဆရာဝန်လေးက အဟား မသနားနဲ့ နွားလှည်းမစီးတော့ဘူး "

" ဘာလို့လဲ မင်းပိုက်ဆံမရှိလို့ ရောင်းစားလိုက်တာလား "

" ဘာဗျ! ကျုပ်ပြောတာ ထော်လာဂျီဝယ်လာပြီလို့ပြောတာလေ! "

##########

>
>
>
>
>

" ကျုပ်ဘဝမှာ ရွေးချယ်စရာတွေအများကြီးရှိရင်တောင် ဆရာဝန်လေးကိုပဲ ကျုပ်ရွေးချယ်မယ်... အဲ့တာ ကျုပ်နွားတွေကို အရမ်းချစ်သလို...ဆရာဝန်လေးကိုလည်း အရမ်းချစ်လို့! "

~ မြတ်သိန်းကိုကို ~

" အခု...မင်းကိုယ့်ကို နွားနဲ့နှိုင်းလိုက်တာလား "

~ မြတ်မင်းမာန် ~

တောရွာပုံစံလေးမို့ ရိုးရိုးအေးအေးအခွီလေးပဲသွားမှာပါဗျ။ အဆင်ပြေမှဖတ်နိုင်ပါတယ်။
ကျွန်တော်ရေးသားသည့် မည်သည့် ficမဆို ကျွန်တော်ဟာအဆင်ပြေမှဖတ်ဖို့အရင်ပြောတတ်တဲ့အကျင့်လေးရှိပါတယ်။
အဲ့တာကြောင့် ကျွန်တော့်ဘက်က ဘာပြဿနာဖြစ်လာလာ မသိချင်ယောင်ပဲဆောင်ဖြစ်မှာပါ။ စာရေးသားခြင်းဟာ ကျွန်တော်နဲ့ပဲသက်ဆိုင်ပါတယ်။ ကျွန်တော့်မိဘတွေနဲ့ ကျွန်တော့်ဇာတ်ကောင်တွေကို ထိခိုက်ပြောဆိုတာကို ကျွန်တော်တကယ်မကြိုက်ပါဘူး။


#Day


12.12.2023

ပိုင်ဆိုင်သောWhere stories live. Discover now