"RENJUN လာ​ သွားရ​အောင်"

JENO ဧည့်ကြို​ကောင်​မ​လေးနဲ့စကား​ပြောပြီး

"RENJUN လာ​လေ လာ"

မ၀င်နိုင်​သေးဘဲ ကြောင်ရင်းရပ်လို့​နေတာမို့ လှမ်း​ခေါ်ကာ

"ဟုတ်ကဲ့ခင်ဗျာ"

Menu ကတ်ကြည့်ရင်း စားပွဲထိုးနဲ့ ဟင်းပွဲ​တွေအ​ကြောင်း​​​ပြော​နေတဲ့ အဖွဲ့မှူး Lee JENO က အတိုင်းအစမရှိ ခန့်ညားပြီးစတိုင်ကျ​နေတာမို့ RENJUN အကြည့်မခွာနိုင်

"RENJUN ဟေ့"

သူ့အမည်နာမကို ခေါ်လာတဲ့ အသံကလည်း ငြိမ့်​​ညောင်းလို့​​နေသည်

"RENJUN ​ဟေ့"

အ​ငေးလွန်​နေတဲ့​ကောင်​လေး ပြန်ထူး​တဲ့ပုံ​လေးက ချစ်စရာက​လေး​​လေးလို

" ဗျ...ဗျာ???"

"မှာ​လေ ဘာစားမှာလဲ"

"အ့....ဟို"

ထိုင်​နေကျမဟုတ်တဲ့စား​သောက်ဆိုင်ဆို RENJUN မ​ရွေးတတ်တာ​ကြောင့်

"ကျွန်တော်ဘာ​ရွေးရမှန်းမသိဘူး ဟိုအစ်ကို ကျေးဇူးပြုပြီး ကျွန်တော်ကိုဒီက စား​ကောင်းတာတစ်ခု​ရွေး​ပေးပါလား"

"ကိုယ်​ရွေး​ပေးမယ်​လေ ဘာလို့ကိုယ့်ကိုမ​မေးတာလဲ"

"အ့... ဟုတ်ကဲ့"

အရမ်းစတိုင်ကျတယ် ဒီ​နေ့မှဘာလို့အဲ့​လောက်​တောင်​ချောပြီးစတိုင်ကျ​နေတာပါလိမ့်

"ကိုယ်မှာထားတဲ့ stake ပဲ မှာလိုက်မယ်​နော် ဝိုင်​ရော​ Renjun ရွေးမလား ကိုယ်​ရွေးရမလား"

အား....၀ိုင်​​သောက်လို့မဖြစ်ဘူး သောက်လိုက်လို့ မျက်နှာက ခရမ်းချဉ်သီးလုံးလို နီရဲတွတ်လာရင် လူ​ချောတစ်​​ယောက်​ရှေ့ရှက်စရာကြီး

"ကျွန်တော်က မ​သောက်နိုင်တာမို့ Orange juice ပဲ"

"% နဲနဲလေး​တောင်မရဘူးလား"

"ဟုတ်ကဲ့ခင်ဗျာ"

အား....အရမ်းဟန်​ဆောင်ပန်​ဆောင်များသွားတာ​တော့မဟုတ်ပါဘူး​နော် ဟွမ်ရွမ်ကျွင့်တို့ကအလွဲ​တွေကြီးပဲ

Menu တင်ပို့ခဲ့ပြီး waiter နဲစကား​ပြော​နေတဲ့ မျက်စိရှေ့တည့်တည့်ကလူ သူရဲ့​ချော​မောမှု​တွေကို ကန့်သတ်ပေးထားရင်​ကောင်းမယ်

You Are In Love Where stories live. Discover now