ဘာမှပြန်မ​ပြောဘဲကြောင်လျက် JENO ပြောတာကိုနား​ထောင်လို့

" ဟိတ် ပြောတာ​ရောနား​ထောင်​နေရဲ့လား"

"ဗျာ?? ဟုတ်...ဟုတ်ကဲ့"

"ဟူး......ကျေးဇူးပြုပြီး ပြောတာနား​​ထောင်​နော် မင်းကဘယ်လိုဆိုးတဲ့​ကောင်​လေးမှန်း​တော့မသိဘူး
ပြောစကားလဲနားမ​ထောင်ဘူး ပြီးရင် လူကိုစိတ်ပူရ​အောင်လို့"

"စိတ်ပူ??? ကျွန်တော်ကိုစိတ်ပူတယ်လား"

ကိုယ့်ကိုယ်ကိုလက်ညှိုးထိုးရင်​မေးလိုက်တယ်

" အ့...အဲ့ဒါက ဟို ပူတာ​ပေါ့ ကိုယ့် Project Team ကလူပဲ အဟန့် နေမ​ကောင်းရင် အလုပ်​ကောင်း​ကောင်းမလုပ်နိုင်ဘူး​လေ"

ဟန်​ဆောင်ပန်​ဆောင်နဲ့​ JENO လိမ်လိုက်​ပေမယ့် ကောင်​လေးအဖို့​တော့ စိတ်မ​ကောင်းဖြစ်လို့သွားတယ်

တ​လျှောက်လုံးဂရုစိုက်လာ​​ပေးတာက အလုပ်အတွက်ပဲလား ဆိုပြီး

"ကိုယ့် Project Team ကလူ"

RENJUN အသာ​ရေရွတ်မိတယ်

" ဟုတ်ကဲ့ခင်ဗျာ့"

" စားဖို့​သောက်ဖို့ ကိုယ် အာဟာရရှိတာ​လေး​တွေလာပို့​ပေးမယ် အ့ မနက်ဖြန်ည​နေကျ ဆေးခန်းထပ်ပြပါလား ကိုယ်ပို့​ပေးမယ်"

RENJUN အကူအညီတွေ လက်မခံဝံ့​တော့ဘူး

"ဟို နေပါ​စေ အဖွဲ့မှူး ကျွန်တော့်အတွက်နဲ့ အလုပ်ရှုပ်​မခံပါနဲ့ ကျွန်တော်လိုတာမှန်သမျှ Zihan ကိုအကူအညီ​တောင်းလိုက်လို့ရပါတယ် တွေး​ပေးတဲ့အတွက်​ကျေးဇူးတင်ပါတယ်
ဟို...အ့ဆို ကောင်း​ကောင်းပြန်ပါခင်ဗျာ့"

အချိန်တိုင်း Zihan ဘယ်​တော့ဖြစ်ဖြစ် Zihan သူဘယ်​လောက်ကြိုးစားကြိုးစား RENJUN လိုအပ်တဲ့သူက သူမဟုတ်ဘဲ Zihan ပဲဖြစ်​နေတာမို့ ခံပြင်းမိတယ်

အဖွဲ့မှူး LEE JENO က သူတစ်​ယောက်တည်းအ​ပေါ် ကောင်း​ပေးတာမျိုးမဟုတ်ဘဲ
ရုံးမှာ လူတိုင်းအ​ပေါ် စိတ်ထား​ကောင်းကြင်နာပေးတတ်တဲ့လူမျိုး

တခြားလူများကို ဂရုစိုက်ပေးသလို သူကိုလည်းကြင်နာ​ပေးတာကို တစ်မျိုးတွေးပြီး ရင်ခုန်​တွေခုန်ခဲ့မိတာ​​ကြောင့် RENJUN ကိုရှက်​စေတယ်

You Are In Love Where stories live. Discover now