အပိုင်း (53)

Start from the beginning
                                    

သူ လူပုလေး၏ ဇာတ်လမ်းကိုနားထောင်ခဲ့သည်။ ဇာတ်လမ်းကရိုးရိုးရှင်းရှင်းပင်။ အစကတော့ ရေအောက်ကမ္ဘာရော ကုန်းပေါ်ကရော အဆင်ပြေပြေနှင့်ေနထိုင်ခဲ့ကြသည်။ ရုတ်တရက်တစ်န့တွင်တော့ ရေအောက်အရှင်သခင်က လောဘတွေတက်လာခဲ့ကာ ကမ္ဘာကြီးကိုသိမ်းယူဖို့ ကြိုးစားခဲ့သည်မို့ မြေပေါ်က နတ်ဘုရားသုံးပါး ပူးပေါင်းကာ သူ့ကိုနှိမ်နင်းခဲ့ကြသည်။ အခုတော့ သူတို့လေးပါးလုံးပျောက်ကွယ်သွားကြပြီ။

ဒီကမ္ဘာပေါ်ကလူတွေအားလုံး နတ်ဘုရားတွေ၏ ဖြစ်တည်မှုကိုသိထားသော်လည်း နတ်ဘုရားတွေကြားက အကြောင်းကိစ္စတွေကိုတော့ သူတို့မသိကြပေ။တိုက်ပွဲအပြီး ဒီဇာတ်လမ်းကပဲ မြေပေါ်ရေအောက်ပျံ့နှံ့နေခြင်းပင်။ တကယ့်အေကြာင်းပြချက်ကိုတော့ နတ်ဘုရားတွေမှလွဲ၍ ဘယ်သူမှ မသိနိုင်။ နတ်ဘုရားလေးပါးလုံးက နှစ်ပေါင်းသောင်းနှင့်ချီအောင် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ခဲ့ကြသည်။ တိုက်ခိုက်သည့် ပင်လယ်နတ်ဘုရားတွင်လည်းအကြောင်းအရင်းတစ်ခုခုရှိရမည်။

ဒီကိစ္စတွေက သူနှင့်မဆိုင်သည်မို့ ချီပိုင်ချာအတွက်တော့ စုံစမ်းဖု့ိမရှိ။

တခြားကမ္ဘာကနတ်ဘုရားတွေ၏ အတွင်းရေးကို သူစုံစမ်းစရာကိစ္စမရှိပေ။ အသက်စမ်းရေက ရေကိုရလျှင် ယိုပေါက်ကိုရှာပြီး သူပြန်မည်။ သူဒီမှာရှိနေခဲ့ဖူးတာကို ဘယ်သူမှ သိကြတော့မှာမဟုတ်ပေ။ ဒါကပဲ အကောင်းဆုံးဖြစ်လိမ့်မည်။

ကျန်တာ ချီပိုင်ချာ ဘာမှမစပ်စုချင်။

သူက ပန်းနတ်သူငယ်ကိုမေးလိုက်သည်။ "လတ်တလော ရေအောက်မှာဘာတွေဖြစ်ထားလဲဆိုတာကိုသိလား?"

ပန်းနတ်သူငယ်က ပြန်ဖြေသည်။ "မသိဘူးလေ။ ငါတစ်ခါမှရေအောက်ကိုမရောက်ဖူးဘူး" ရေနတ်သူငယ်တွေနဲ့ နှင်းနတ်သူငယ်တွေကလွဲလို့ ကျန်တာတွေအကုန်ရေနစ်တယ်"

ချီပိုင်ချာကထပ်မေးပြန်သည်။ "ဒါဆို နင့်မှာ ဒီကမ္ဘာရဲ့ မြေပုံရောရှိလား?"

"ဒါပေါ့ ရှိတယ်လေ။ ဒါပေမယ့် နင်က ဘာလုပ်ဖို့လဲ?"

ချီပိုင်ချာပြုံးလိုက်သည်။

ရေအောက်ကမ္ဘာမှာထအနတရယ်များတဲ့ စွန့်စားခန်းသွားလုပ်မလို့ပေါ့။
____

လူပုလေးပြသည့် လမ်းအတိုင်းဖူမင်ယယ်ေလျှာက်လာလိုက်တော့ ဗန်ပိုင်းယား ရဲတိုက်ကြီးကိုသူတွေ့သွားသည်။

အင်း...ဗန်ပိုင်းယားရဲတိုက် အပျက်အစီးကြီးလို့ပြောရမလား?

သူ့ရှေ့က အပျက်အစီးပုံကြီးကိုကြည့်ရင်း ဖူမင်ယယ်တွေးနေမိသည်။

သူလမ်းတော့မှားမလာခဲ့ဘူး ဟုတ်တယ်မလား?

သူပြန်လှည့်တော့မည့်အချိန်မှာပင် ကြီးမားသော ရေဘ၀ဲမကောင်ဆိုးဝါးကြီးက ကောင်းကင်ပေါ်မှကျလာ၏။ သူ့မျက်နှာကို ဖုန်မှုန့်တွေလာကပ်၏။
ဖူမင်ယယ်က ဗန်ပိုင်းယားထီးအနက်ကို အမြန်ဖွင့်ကာ ကာကွယ်လိုက်သည်။
"ဒယ်နီရယ် သတ်ပစ်လိုက်"
ဗန်ပိုင်းယားတစ်ကောင်က အော်လိုက်၏။

ဖူမင်ယယ်၏ မျက်နှာထားလုံးဝပြောင်းသွားသည်။

ရေဘဝဲဆီကနေ အရင်ကမ္ဘာက ပင်လယ်ကြမ်းပြင်တွင် ခံစားခဲ့ရသော အငွေ့အသက်ကို သူပြန်ခံစားလို်က်ရသည်။

ချာချာ့ကိုခေါ်သွားတာ ဒီအကောင်ပဲ။

သူထီးကိုပိတ်လိုက်ပြီး ထီးခေါင်းထိပ်နှင့် မကောင်းဆိုးဝါး၏ လက်တံတွေကိုဖြတ်ပစ်ကာ လေသံအေးစက်စက်ဖြင့်ဆိုလိုက်၏။
"မင်းခေါ်သွားတဲ့သူ ဘယ်မှာလဲ?"

ရေဘ၀ဲမကောင်းဆိုးဝါးက သူ့ကိုမတုန့်ပြန်ပေ။ ဘယ်လိူစဉ္းစားရမယ် ဘယ်လိုပြောရမယ်ဆိုတာကိုမသိဘဲ သဲကြီးမဲကြီးသာ တိုက်ခိုက်နေသည်။

ထို့ကြောင့်ဖူမင်ယယ်ကလည်း သူ့လက်တွေကို တိကျစွာလိုက်ဖြတ်နေပြီး မီးဝင်းဝင်းတောက်နေသောမျက်လုံးများနှင့်ဆိုလိုက်သည်။
"သူ ဘယ်မှာလဲ?"

ရေဘ၀ဲမကောင်းဆိုးဝါးက လွတ်မြောက်ချင်နေပြီ။

ဖူမင်ယယ်စိတ်မရှည်တော့ပေ။ သူမပြောရင် သွားသေလိုက်တော့။

အနောက်က ပြေးလိုက်လာကြသည့် ဗန်ပိုင်းယားများက ဘာမှအသုံးမကျသည့် ဒယ်နီယယ်တစ်ယောက် ရေဘဝဲ၏ လက်များကို ခေါက်ဆွဲဖြတ်သည့်အတိုင်းဖြတ်နေတာကို တအံ့တသြကြည့်နေရသည်။ ခေါင်းတစ်လုံးသာကျန်ခဲ့ပြီး မျက်စိမှာလည်း ထီးနှင့်အထိုးခံထားရကာ အပြင်သို့ထွက်နေ၏။ ထိုအရာကြီးက မြေပေါ်သို့လိှမ့်ကျလာကာ ဒယ်နီရယ်၏ ခြေဖဝါးနားသို့ရောက်လာသည်။

Vampires: ".."

အရမ်း အရမ်း ကြမ်းလိုက်တာ....

မကောင်းဆိုးဝါး၏ လက်တွေကို ဒီလိုဖြတ်နို်င်နေသည့် ဒယ်နီရယ်က နည်းနည်းထူးဆန်းနေတာကို သူတို့သိသော်လည်း အတူတူ အလုပ်လုပ်ဖူးသည့် မူလဗန်ပိုင်းယားအစစ်တွေအနေနှင့်တော့ သူသန်မာတာကို သိထားသည်။
ဖူမင်ယယ်ကတော့ သူဘာမှမေးလို့မရတာကို သိသော်လည်း ဒေါသကိုဖြေနေရုံသပ်သပ်သာ။
ရေဘဝဲမကောင်းဆိုးဝ့ါး စကားမပြောနိုင်တာကို ထားလိုက်ဉီး။ သူပြောနိုင်လျှင်တောင် ယိုပေါက်က သူတို့ကိုခွဲလိုက်နိုင်သည်မို့ ချီပိုင်ချာဘယ်ရောက်သွားလဲဆိုတာကို သိမှာမဟုတ်ပေ။

ရေဘ၀ဲမကောင်းဆိုးဝါးကို နုတ်နုတ်စဉ္းပြီးနောက်တွင် အရည်တွေပေနေသောထီးကို သူလွှင့်ပစ်လိုက်သည်။

သူကတော့ တစ်စက်လေးတောင် မစင်ဘဲ သန့်စင်နေလျှက်။

ခေါင်းပေါ်တွင် ရေဘဝဲလက်တွေတင်နေသော ဗန်ပိုင်းယားများ : "...."

ဒယ်နီရယ်ကိုဒီနေ့ဘယ်သူရန်သွားစလိုက်ကြတာလဲဟေ?

"ရေသူမတွေနဲ့ ရေဘဝဲတွေ တိုက်ကြပြန်ပြီ။ အဲ့ဒီမျိုးနွယ်စုနှစ်ခုလုံးက တစ်သက်လုံးထူးဆန်းတယ်။ ပင်လယ်နတ်ဘုရားကို ငါတို့သွေးနတ်ဘုရားက နှိမ်နင်းပြီးတာတောင် သူတို့က ထိန်းမယ့်နတ်ဘုရားမရိှတော့ သောင်းကျန်းနေကြတုန်းပဲ။

ပျက်စီးနေသောရဲတိုက်ထဲတွင် ဗန်ပိုင်းယားတွေဝိုင်းထိုင်ကာ အစည်းအဝေးလုပ်နေကြသည်။

ဗန်ပိုင်းယားတွေကတော့ သူတို့ဗန်ပိုင်းယားနတ်ဘုရားကိုသာယုံသည်။ ပင်လယ်နတ်ဘုရားကို နတ်သူငယ်နတ်ဘုရားနှင့် လူပုလေးတို့၏ နတ်ဘုရားက ပူးတွဲနှိမ်နင်းခဲ့တာတောင် သူတို့နတ်ဘုရားကိုသာ အမွှန်းတငိသည်။

*အစကတော့ အဲ့မျိုးနွယ်စုနှစ်ခုလုံးက အသာကွင်းဆက်ရဲ့ထိပ်မှာပေါ့ကွာ။ ရေသူမတွေကတော့ ပိုလှ ပိုထက်မြက်တော့ ပင်လယ်ကြိိးက ပိုကောင်းချီးပေးတာပေါ့ကွာ။ " ဗန်ပိုင်းယားတစ်ကောင်က စိုးရိမ်စွာပြောသည်။

"အဲ့ရေဘဝဲမျိုးနွယ်ရဲ့ ပရာဒါဆိုတဲ့ စုန်းမက တရားမဝင်တာတွေလုပ်ပြီး ဆေးရည်တစ်ခုကိုဖန်တီးနေတာတဲ့။ အဲ့ဆေးရည်ကိုသောက်ပြီးရင် ပုံမှန်ထက် ၁၀ဆမက ကြီးမားလာပြီး တိုက်ခိုက်ရည်လည်းဆယ်ဆလောက်ကောင်းလာမယ်။ လက်တွေလည်းထောင်နဲ့ချီအောင်ပွားလာမယ်တဲ့။ hackထားသလိူလေ။ ဒါပေမယ့် ပြန်ပေးရတာတော့ရှိတာပေါ့။ အဲ့အရည်ကိုသောက်တဲ့ ရေဘဝဲတွေအကုန် စဉ္းစားနိုင်စွမ်းတွေ စကားပြောနိုင်စွမ်းတွေပျောက်ကုန်တယ်။ လုံး၀ကို တိုက်ခိုက်တဲ့စက်တစ်ခုလိုပြောင်းသွားပြီး မကောင်းဆိုးဝါးဖြစ်သွားတာ။ ရေသူမမျိုးနွယ်တွေ မကိုင်တွယ်နိုင်ဘဲ အဲ့ကောင်တွေ ကုန်းပေါ်ထိတက်လာသောင်းကျန်းမှာကိုစိုးရိမ်တယ်"

"ရွံစရာကြီး။ ရေဘ၀ဲဆိုတာ ရေထဲမှာပဲနေရမှာမလား? ဘယ်လိုလုပ်ကောင်းကင်ပေါ်ကကျလာတာလဲ?"နောက်ဗန်ပိုင်းယားတစ်ယောက်ကရွံရှာစွာဆိုသည်။
"ကြည့်ရတာ ရေသူမတွေက တခြားက စစ်ကူတွေများခေါ်လိုက်သလား? နည်းနည်းလောက်ခံပါစေလို့တော့ဆုတောင်းမိတာပဲ။ ဒီလောက်ရွံစရာကောင်းတာကြီးငါ့တစ်သက်နဲ့တစ်ကိုယ်မကြုံဖူးဘူးကွာ။ ဒါနဲ့ဒယ်နီရယ် မင်းက ဘယ်တုန်းက ဒီလောက် အားကောင်းသွားတာလဲ?"

ဗန်ပိုင်းယားတွေ၏ တိုက်ခိုက်ရည်က အရမ်းမြင့်ပြီး အထူးသဖြင့် မူလသွေးရင်းတွေကပိုကောင်းသည်။ သို့သော် အများဆုံး ရေသူမမိစ္ဆာတစ်ကောင် လောက်သာတိုက်နို်င်ပြီး ဆေးရည်သောက်ထားသည့် မကောင်းဆိုးဝါးတွေမပါဝင်ပေ။

ဖူမင်ယယ်က သူတို့ပြောသမျှ ဗရုတ်သုတ်ခတွေကိုနားထောင်နေတာကြာနေပြီ။ ရေသူမမျိုးနွယ်ကိုရော ရေဘ၀ဲမျိုးနွယ်အပေါ်ကိုပါ သူ့အနေနှင့်ရန်ငြိုးမရှိသလို ကုန်းပေါ်နှင့်ရေအောက်၏ ပဋိပက္ခကိုလည်းသူစိတ်မဝင်စားပေ။ သူသိတာက ချီပိုင်ချာ၏ သတင်းအစအနရဖို့ပင်။

ဒီကောင်တွေကတော့ သိကြမှာမဟုတ်။

ဒါက တခြားကမ္ဘာဖြစ်သည်မို့ သူ့စွမ်းအင်တွေကို သုံးလို့မရပေ။ သူ ချီပိုင်ချာ့ကိုရှာချင်လျှင် ဖြည်းဖြည်းချင်းလိုက်မေးမှပဲ ရတော့မည်။

ဖြတ်လမ်းနည်းတစ်ခုတော့ရှိ၏။ ဒီကမ္ဘာ၏ နတ်ဘုရားတွေကိုရှာပြီး သက်ဆိုင်ရာ ပြည်တွင်းနတ်ဘုရားတွေထံ ချာချာ့ကိုရှာခိုင်းဖို့ဖြစ်သည်။

သို့သော် ကမ္ဘာအမှတ် ၄၉၃က နတ်တွေအကုန် ဆက်သွယ်၍ မရပေ။ အံ့သြစရာပင်။

ဖူမင်ယယ် ဘာမှမပြောပေမယ့် တခြားvampireတွေကလည်းးဂရုမစိုက်။ ဗန်ပိုင်းယားတွေက နဂို မာနကြီးကြသူများဖြစ်ကြသည့်အပြင် ဒယ်နီရယ်က ထိုထဲတွင်မာနအကြီးဆုံးဖြစ်သည်။ မျိုးနွယ်တူချင်းတောင် တစ်ခါတစ်လေ သူ့ကိုနားမလည်ပေ။

"ဒါပေမယ့်လည်းကွာ မင်းမှာ ဒီလောက်ကောင်းတဲ့ပါဝါတွေရှိနေတာ။ မင်းရဲ့ မျိုးဆက်တွေကလည်း အစွမ်းသေးမှာမဟုတ်ဘူး။ ငါတို့ဗန်ပိုင်းယားတွေရဲ့ အစွမ်းတွေကို ဆက်ပြီးထိန်းထားနိုင်ဖို့ ဒယ်နီရယ် မင်း အတည်တကျလက်တွဲရမယ့်သူ ရှာပြီး မြန်နိုင်သလောက်မြန်မြန် ပထမဆုံးပွေ့ဖက်ခြင်းကိုလုပ်တော့ကွာ"
ဗန်ပို်ငိးယားအကြီးက ဆိုလိုက်သည်။

ဖူမင်ယယ်က မေး၏။
"ပထမဆုံးပွေ့ဖက်ခြင်းဆိုတာ ဘာကြီးလဲ?"

"နင်မသိချင်ယောင် ဆောင်မနေတော့နဲ့။ အမြဲ ပတ်ပြေးနေတာ"
ဗန်ပိုင်းယားမ တစ်ကောင်က ငေါ့သည်။
"နင် နတ်သူငယ်မတွေကိုကြိုက်တာ ငါတို့သိတယ်။ ပြီးတော့ နင့်ကိုလည်း အသွင်ပြောင်းပေးခွင့် ပြုမထားတာမျိုးလည်းမဟုတ်ဘူးလေ။ အော် ငါမေ့တော့မလို့။ တခြားမျိုးနွယ်ထဲကတော့ နင် အသွင်ပြောင်းပေးတာကို ခံချင်တဲ့သူရှိမယ်မထင်ဘူး။ သူတို့ထာ၀ရအသက်ရှင်မယ်ဆိုရင်တောင်လေ"

"ထားလိုက်စမ်းပါ။ ဒယ်နီရယ်က နတ်သူငယ်မတွေကို ကြိုက်တာမဟုတ်ဘူး"
ဗန်ပိုင်းယားတစ်ကောင်က ထူးထူးဆန်းဆန်း သူ့အတိုင်းလိုက်တုပပြ၏။
" ငါက လုပ်နေတုန်းမှာ သူတို့ရဲ့အတောင်ပံတွေကို ဆွဲဖြဲရတာကြိုက်တာ။ ပြိိးတော့သူတို့ရဲ့နာကျင်နေတဲ့မျက်နှာတွေကိုရောပဲ လို့ ဒယ်နီရယ်ကပြောတာပဲ"

ဖူမင်ယယ် : "...."
ဒယ်နီရယ်၏ မူမမှန်သောလိင်စိတ်တွေအကြောင်း သူဘာမှမသိပေ။

သို့သော် သူတစ်ချက်ကိုတော့သိလိုက်၏။
"ထာ၀ရရှင်သန်မှု?"
ဒါက သူအမြဲအိပ်မက်မက်ခဲ့သည့်အရာပဲမလား။ အိပ်မက်ထဲမှာတောင် ချီပိုင်ချာ့ကို ဒီအခွင့်အရေးပေးနိုင်ဖို့ အမြဲရှာခဲ့သည်။

"ပထမဆုံးပွေ့ဖက်ခြင်းက တခြားလူတွေကို ဗန်ပိုင်းယားတွေလိုပဲ ထာ၀ရရှင်သန်ခြင်းကိုပေးနိုင်တာ နင်သိသွားပြီလား? နင်ကတကယ် မကောင်းတဲ့ကောင်ပဲ။ တစ်ယောက်ယောက်နဲ့တစ်ဘ၀လုံးကုန်ဆုံးရဖို့ကို နင်ဘယ်တော့မှ မစဉ္းစားဘူး"
ဗန်ပိုင်းယားမက အံ့အားတကြီးပြောသည်။

ဒီကမ္ဘာတွင် လူသားမျိုးနွယ်မရှိသည်မို့ ကျန်သည့်မျိုးနွယ်အကုန် သက်တမ်းရှည်ကြသည်။ အတိုဆုံးက လူပုမျိုးနွယ်ဖြစ်ကာနှစ်နှစ်ရာလောက်တော့သက်တမ်းရှည်သည်။ သူတို့၏ မျိုးပွားနိုင်မှုက အတေ်လေးမြင့်တာမို့ မျိုးဆက်ပြတ်မှာကိုတော့ စိတ်ပူဖို့မလိုပေ။ သူတို့က နတ်သူငယ်တွေနောက်ကို လိုက်ကြသည်။ နတ်သူငယ်တွေက နှစ်ထောင်ချီရှင်သန်နိုင်ပြီး အသက်သစ်ပင်မှမွေးဖွားကြသူများဖြစ်ကာ ပုံမှန်မွေးဖွားနှုန်းရှိသည်။ ထိုထဲတွင် လူဉီးရေအနည်းဆုံး မျိုးနွယ်စုမှာ ဗန်ပို်င်းယားတွေဖြစ်ည်။

ဗန်ပိုင်းယားတွေက မသေမျိုးတွေဖြစ်သော်လည်း နှစ်ထောင်ချီရှင်သန်ပြီးလျှင်တော့ အခေါင်းထဲတွင် နှစ်ရာနဲ့ချီအောင်တော့ပြန်အိပ်ဖို့လိုသည်။ ထို့ကြောင့် သူတို့ကိုယ်ဝန်ဆောင်နိုင်နှုန်းကအတော်နည်းသည်။ နှစ်ထောင်ချီကြာသည်အထိ ကလေးမွေးသူမရှိတာက ပုံမှန်ပင်။ မူလမျိုးနွယ်တွေအတွက်ဆို ပိုတောင်ဆိုးသေးသည်။ အခုလက်ရှိတွင် မူလဗန်ပိုင်းယား၁၂ကောင်လုံး ဆက်ခံသူမရှိပေ။

ဒီလိုမျိုးပွားမှုနှုန်းကြောင့် ဗန်ပိုင်းယားတွေ၏ လက်ထပ်မှုသည် အတော်လေး ပြဿနာဖြစ်လာသည်။ သူတို့ချင်း ပြန်ပေါင်းစည်းဖို့လည်း မလုံလောက်ပေ။ ထို့ကြောင့်မျိုးပွားနှုန်းတိုးစေရန်အလို့ငှာ တခြားမျိုးနွယ်ကလူတွေကို ဗန်ပို်င်းယားများရွေးချယိရသည်။ မျိုးမတူချင်းလက်ထပ်မှုတွင် သူတို့အများဆုံးရွေးချယ်ကြသည်က နတ်သူငယ်များနှင့် ရေသူမများဖြစ်ကြသည်။ တချို့ကတော့ ရေဘ၀ဲများကိုလည်းရွေးကြ၏။ လူပုတွေကတော့ သူတို့သွေးက အဆိပ်ဖြစ်စေသည်မို့ မပါပေ။

မျိုးမတူချင်းလက်ထပ်မှုအတွက် အရေးအကြီးဆုံး ပွဲက ပထမဆုံးပွေ့ဖက်ခြင်းဖြစ်သည်။ သွေးချင်းလဲလှယ်သောက်သုံးကာ ဗန်ပိုင်းယားအဖြစ် အသွင်ကူးပြောင်းစေပြီး တူညီသော ထာ၀ရရှင်သန်မှုကိုရရှိမည်ဖြစ်သည်။ ပြန်လည်ပေးဆပ်ရမည့်တန်ဖိူးကတော့ နေရောင်ကိုရှောင်ကာ သွေးသောက်ရင်းနေထိုင်ရတော့မည်။

ဗန်ပိုင်းယားအရှင်က ဒါမျိုးစည်းကမ်းချမှတ်ခဲ့သည်။ "ပထမဆုံးပွေ့ဖက်ခြင်းက နှစ်ဉီးသဘောတူဖြစ်ရမည်။ ဖိအားပေးခြင်းမဖြစ်စေရ"ဟု ဖြစ်သည်။ လက်ထပ်အပြီးတွင် ဗန်ပိုင်းယားတွေက သူတို့ကြင်ဖက်တွေကို သေဆုံးသည်အထိ သစ္စာရှိသွားကြသည်မို့ အတော်လေးသတိထားရွေးချယ်ကြသည်။ သဘာ၀ရန်သူတွေမှာလည်းအချစ်စစ်ရှိကာ နတ်သူငယ်တွေ ရေသူမတွေအများအပြား ဗန်ပိုင်းယားဖြစ်ချင်စိတ်ရှိကြသော်လည်း ဒယ်နီယယ်လို ခွေးသူတောင်းစားကောင်အတွက်တော့ ဘယ်သူမှမီးပုံထဲခုန်မချချင်ပေ။

ဖူမင်ယယ်တွေးလိုက်သည်။
"ကောင်းတာလေးတော့ရှိသေးသားပဲ"

ကံဆိုးတာကတော့ သူက တကယ့်ဗန်ပိုင်းယားမဟုတ်သလို ချာချာ့ကိုလည်းဒီလိုပုံစံဖြင့် ထာ၀ရရှင်သန်မှုမပေးနိုင်ပေ။

သို့သော် ဒီကမ္ဘာတွင်တော့ "မသေမျိုးအားလုံး ထာ၀ရမရှင်သန်ရဟူသော စည်းမျဉ္းမျိုးမရှိပေ။ တကယ်တော့ တစ်ကမ္ဘာလုံးတွင် လူသားတစ်ဉီးတောင်မရှိသည်မို့ ထာ၀ရရှင်သန်ဖို့နည်းတစ်ခုတော့ရှိမှာပင်။

သူက မျက်နှာသေကြီးဖြင့်ပြောလိုက်သည်။
"ထာ၀ရရှင်သန်မှုက ရဖို့မှမခက်တာ ဘယ်သူကလိုချင်မှာလဲ?"

သူလိုချင်တယ်လေ။ သူတကယ်ကိုလိုချင်နေတာ....

"နင်က သူများမျိုးနွယ်တွေလိုချင်တာတောင် မရနိုင်တဲ့ ဘ၀မျိုးမှာမွေးလာတာကိူးဟဲ့"
သူထင်ထားသလိုပင် ဗန်ပိုင်းယားမဆီက အချက်အလက်တွေဖွင့်ဟလာသည်။
"သနားစရာ လူပုလေးတွေခမျာ အသက်နှစ်ရာပဲ အသက်ရှင်ရတာ။ အော် ဟုတ်ပ အသက်စမ်းရေက အလုပ်လုပ်နေလို့သာပေါ့။ သူတို့ရဲ့ ပူးပေါင်းမှုကို ဒါအပေါ်မှာပဲ အားထားနေရတာလေ။ အသက်စမ်းရေက ရေကိုသောက်တဲ့လူပုလေးတွေအကုန် နှစ်ရာပေါင်းအနည်းငယ်တော့ ပိုနေရပါတယ်။ နည်းနည်းတော့တိုပေမယ့်"

အသက်စမ်းရေတဲ့။

ဖူမင်ယယ်တက်ကြွသွားသည်။

နတ်ဘုရားအရှင်ပြုစုသည့်"ကမ္ဘာပေါင်းစုံ၏ စွယ်စုံကျမ်း"ကို နတ်ဘုရားတိုင်းဖတ်ရသည်။ ထို့မှသာ ထောင်ပေါင်းများစွာသော ကမ္ဘာတွေ၏ ထူးဆန်းသော ဖြစ်တည်မှုတွေကိုသိရှိနိုင်မည်။ တခြားကမ္ဘာက သတ္တ၀ါတစ်ခုပေါ်လာလျှင်လည်းအချိန်မှီစံူစမ်းနိုင်လိမ့်မည်။

စာလေ့လာရတာမုန်းသည့် ဆိုးယုတ်ခြင်းနတ်ဘုရားတစ်ယောက်စာအုပ်ကိုု ခဏပဲလှန်ကာလွှင့်ပစ်လိုက်သည်။ ကံကောင်းချင်တော့ အသက်စမ်းချောင်းအကြောင်း မိတ်ဆက်စာပိုဒ်ကိုတော့ သတိရနေသေးသည်။

ထိုအရာက လူသားတွေကို ထာ၀ရအသက်ရှည်အောင်လုပ်ပေးနိုင်မည့်အရာပင်။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့်လက်ထပ်ပြီးနောက် (Book 2)Where stories live. Discover now