နေကြတ်တာကနေ လွတ်လာတဲ့နေမင်းလို အနက်ရောင်စမ်းတွင်းထဲကနေ အနက်ရောင်အလင်းတန်းတခုထွက်ပေါ်လာပြီး အလင်းရောင်ဟာ ရေမျက်နှာပြင်ပေါ်မှာ လွင့်မျောနေပါတယ်။

သိပ်မကြာခင်မှာပဲ အနက်ရောင်အလင်းတန်းထဲကနေ ကြောက်မက်ဖွယ်ရာေ သခြင်းစွမ်းအားတခုထွက်ပေါ်လာပြီး ဂူတဂူလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။ အဲဒီနောက် အနက်ရောင်အလင်းတန်းဟာ တဖြည်းဖြည်း မှိန်သွားပြီး သေခြင်းစွမ်းအားဟာ တဖြည်းဖြည်း အားကောင်းလာခဲ့တယ်။ အလင်းတန်းလုံးဝပျောက်ကွယ်သွားပြီးနောက် ဟန်ဆန်းဟာ ထွက်ပေါ်လာတဲ့အရာကို မြင်လိုက်ရတယ်။ အဲဒါက သူ့ရင်ခုန်သံကို ရပ်တန့်လုနီးပါး ဖြစ်စေခဲ့ပါတယ်။

အနက်ရောင်စမ်းတွင်းထဲကနေ လှပတဲ့အမျိုးသမီးတယောက်ထွက်လာခဲ့တယ်။ သူမဟာ အနက်ရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး အနက်ရောင်လေးတချောင်းကို ကိုင်ဆောင်ထားတယ်။ ကျီးကန်းတကောင်လို အနက်ရောင်အတောင်ပံတစုံရှိပြီး မျက်လုံးအိမ်က အတော်နက်ရှိုင်းတယ်။ ဆံပင်တွေကလဲ မှင်ရောင်လိုနက်မှောင်နေပြီး နတ်သမီးလေးလိုလှပတယ်။ သူမဆီကနေ ပြင်းထန်တဲ့စွမ်းအားတွေ ထုတ်လွှတ်နေပါတယ်။

" နောက်ဆုံးတော့ ပေါက်ဖွားလာပြီပေါ့ "

ဖျက်ဆီးဝံပုလွေရဲ့မျက်လုံးတွေဟာ တလက်လက်တောက်ပနေတယ်။ ဟန်ဆန်းကို မတို က်ခို က်တော့ဘဲ ဥကပေါက်လာတဲ့ အမျိုးသမီးဆီကို ပြေးသွားခဲ့တယ်။

ဟန်ဆန်းကတော့ ဥဆီကို မသွားခဲ့ဘူး။ မသွားတာက ဖျက်ဆီးဝံပုလွေကို ကြောက်လို့ မဟုတ်ဘဲ အမျိုးသမီးဆီက ထွက်ပေါ်လာတဲ့ ေ သခြင်းစွမ်းအားကို နည်းနည်းထိတ်လန့်လို့ပါ။ 

ဟန်ဆန်းဟာ အမျိုးသမီးကို ဖျက်ဆီးဝံပုလွေထက် ပိုကြောက်မိတယ်။ ဖျက်ဆီးဝံပုလွေကတော့ အမျိုးသမီးကို ကိုင်တွယ်နိုင်မယ်လို့ တွေးထားပြီး ကြိုတင်ပြင်ဆင်ထားပြီးဖြစ်နိုင်ပေမဲ့လဲ ဟန်ဆန်းကတော့ သူမဆီက ဘာစွမ်းအားကိုမှ ရရှိနိုင်မယ်လို့ မထင်ခဲ့ဘူး။

အမျိုးသမီးဟာ အနက်ရောင်စမ်းတွင်းအထက်မှာ လွင့်မျောနေတယ်။ သူမဟာ မျက်လုံးတွေဖွင့်ထားပေမဲ့လဲ မျက်လုံးတွေမပါသလို အခေါင်းပေါက်တွေဖြစ်နေတယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း အတွဲ ၂ ( Ch 961 - ......)ခွင့်ပြုချက်ရပြီးWhere stories live. Discover now