Zawgyi

125 7 0
                                        

Alway

"ဟျောင့်တွေ ဝါတာနဘဲဟရူတိုရဲ့
အဖေက လူသတ်သမားတဲ့"

"ကြားတာတော့ သူ့မိန်းမသူပြန်သတ်မိတာတဲ့"

"နှလုံးသားမရှိလိုက်ပုံများကွာ "

"ဟရူတိုလည်း သူ့အဖေခြေရာနင်းရင်
ဘယ်လိုလုပ်မလည်း"

"လူသတ်သမားသား က လူသတ်သမား
ဖြစ်မလာနိုင်ဘူးလို့ ပြောမရဘူးလေကွာ"

"အခုကစပြီး ဟရူတိုကို ဝေးဝေးက
ရှောင်တော့မယ် သူလိုလူသတ်သမား
သားနဲ့မပေါင်းချင်ဘူး"

"ဟုတ်တယ်ငါရောပဲ"

ခပ်လှမ်းလှမ်းမှ ကြားနေရသော
စကားများအား နားထောင်ရင်း
ဟရူတို ဟာ သက်ပြင်းတစ်ချက်ရှိုက်လျက်
ပြတင်းပေါက်ဘက်ကိုသာ မျက်နှာမူလိုက်မိသည်။
လွင့်ပျံနေတဲ့ လိုက်ကာစအား
ကြည့်ရင်း ဟရူတိုရဲ့ စိတ်အာရုံဟာ
မငြိမ်မသက်။

"ကောင်းကျိုးမပေးတဲ့ ကောင်"

"မွေးကတည်းက နင်ကအသေ ကလေး
မွေးလာရမှာ"

"လူသတ်သမားရဲ့သား"

ကြားနေကြစကားတွေ ဖြစ်သော်လည်း
နာကျင်နေတဲ့ နှလုံးသားတစ်စုံဟာဖြင့်
နေသားမကျသေးဟန် ။
ဟရူတိုဟာလည်း သူတို့ကဲ့သို့
သာမန်ဘဝမျိုးကို ပိုင်ဆိုင်ချင်ပါသည်။
သူတို့လိုမျိုး ဂရုစိုက်ပေးမဲ့
မိဘတွေလိုချင်မိပါသည်။
အရာရာမျှော်မှန်းနေတတ်တဲ့
ကလေးမဟုတ်ရင်တောင် ထိုကဲ့သို့သော
နွေးထွေးမှုတွေကို လိုချင်ပါသည်။
ဒါပေမဲ့ ဟရူတို ဟာ မေတ္တာတွေနဲ့
မထိုက်တန်ဘူးထင်ပါရဲ့။

. . . . . . . . . . . . . . .

လမ်းမထက်ပြေးလွှားနေကြတဲ့
လူတွေကိုကြည့်ရင်း
သက်ပြင်းချလိုက်မိသည်။
အုံ့မှိုင်းနေတဲ့ မိုးကောင်းကင်ထက်
တစ်စက်စက် ကျဆင်းလာတဲ့မိုးစက်တွေဟာ
ဒရက်ဆက်။
အိမ်အစောပြန်မဲ့
စိတ်ကူးလေးဟာ
ပပျောက်သွားတာကြောင့် ကောင်တာ
အတွင်းပိုင်းမှာသာ ပြန်ထိုင်မိသည်။

ဝေဝါးနေတဲ့ မှန်တံခါးချပ်ကို
ငေးစိုက်ကြည့်ရင်း အတွေးတွေဟာ
အတိတ်ကာလသို့။

" တရားခံ ဝါတနဘဲတနခ အား
လူသတ်မှုဖြင့် ထောင်ဒဏ်10နှစ်ကျခံစေ"

Alway ( Completed )Stories to obsess over. Discover now