ဒုတိယအချီသတ္တမအကြော့တွင်ဖန့်ချီအလှည့်ရောက်လာပြန်တယ်။ဒီတစ်ခါပြိုင်ဘက်ကမိန်းကလေးဖြစ်သည်။ထိုမိန်းကလေးကဖန့်ရန်ဂိုဏ်းတူအကိုနှစ်၏တပည့်မလေးလင်းရီဖြစ်သည်။ဂိုဏ်းရဲ့နတ်ဘုရားမလေးဆိုလည်းဟုတ်တယ်။

လင်းရီပြိုင်ပွဲစင်မြင့်ပေါ်ရောက်သည်နှင့်စကားတစ်ခွန်မှမပြောဘဲဖန့်ရန်ကိုချက်ချင်းတိုက်ခိုက်သည်။လင်းရီရဲ့ကြာပွတ်ကအရမ်းမြန်မြန်လှုပ်ရှားနေပြီးအနက်ရောင်အရိပ်တစ်ချို့ကိုသာမြင်နိုင်သည်။တရွှတ်ရွှတ်မြည်သံတွေကကြားရသူကိုကြက်သီးမွှေးညှင်းထစေလောက်ပေမယ့်ဖန့်ရန်ရဲ့လက်သီးချက်အောက်မှာသူ့အသားကိုမထိနိုင်ခဲ့ပေ။အစပိုင်းမှာဖန့်ရန်ကခုခံနေတဲ့ပုံစံမျိုးသက်ရောက်နေသော်ငြားသိုင်းကွက်လေးကွက်ပြီးနောက်အခြေအနေကပြောင်းပြန်ဖြစ်ပြီးလင်းရီက​ကြိုးစား​ပြီးခုခံနေရသည်။လင်းရီကချီစွမ်းအင်တစ်ဝက်နီးပါးအသုံးပြုပြီးနောက်မောပန်းနေပြီးဖန့်ရန်ကအေးဆေးဖြစ်နေဆဲ

လင်းရီဘေးပတ်ချာလည်မှာချီစွမ်းအားတွေဝန်းရံလာကာကြာပွတ်ကပိုပြီးနက်ဆွေးလာသည်သူမရဲ့လက်ကျန်ချီစွမ်းအားအကုန်အသုံးပြုနေပြီဆိုတာကြိမ်းသေတယ်။ကြာပွတ်ကမြွေသဖွယ်တွန့်လိမ်ပြီးဖန့်ရန်ဆီအရှိန်ပြင်းပြင်းဖြင့်ရောက်ရှိသွားသည်။ခုနှစ်နှစ်ကလေးတစ်ယောက်ဆီကြာပွတ်ဦးတည်နေပုံကအနည်းငယ်ထိတ်လန့်စရာကောင်းသောကြောင့်လူတိုင်းပင့်သက်ရှိုက်လိုက်တယ်။ပြိုင်ပွဲကြီးကြပ်ဒိုင်လူကြီးပင်ဖန့်ရန်ကိုကယ်ဆယ်ရန်အသင့်ဖြစ်နေပြီ။

ဒါပေမယ့်လူတိုင်းမျှော်လင့်နေသလိုကလေးကိုထိခိုက်တာမျိုးဖြစ်မလာခဲ့ဘဲထိုကလေးကရွှေရောင်လက်သီးနဲ့ကြာပွတ်ကိုဖျက်စီးပစ်လိုက်သည်။လင်းရီကအသက်၂၅နှစ်အောက်မျိုးဆက်တွင်အလားအလာအရှိဆုံးတပည့်တစ်ဦးအပါအဝင်ဖြစ်သည်။သူမရဲ့ကြာပွတ်စွမ်းအားကသူမထက်ကျင့်ကြံဆင့်တစ်ဆင့်မြင့်တဲ့လူကိုတောင်အနိုင်ရစေနိုင်သည်။အဲ့လိုစွမ်းအားကြီးတဲ့လက်နက်ကောင်းဟာဖန့်ရန်လက်ထဲမှာပျက်စီးသွားခဲ့ရပြီ။ဖန့်ရန်တိုက်ကွက်အရှိန်ကြောင့်လင်းရီလည်းအနည်းငယ်ထိခိုက်သွားသည်။သူမရဲ့ချီစွမ်းအားအကာအရံကြောင့်မဟုတ်ရင်ဒီထပ်ပိုပြီးထိခိုက်သွားမှာကံကောင်းသွားသည်။ထိုတိုက်ပွဲတွင်လည်းဖန့်ရန်အနိုင်ရရှိသည်။

ဇာတ်လိုက်မဟုတ်တဲ့ဇာတ်လိုက်Where stories live. Discover now