စောစောထွက်လာမှုကြောင့်ထိုနေရာသို့ပန်ဒိုရာအရင်ဆုံးကြိုရောက်နေပြီးလက်ဖက်ရည်ကိုသူမြည်းကြည့်လိုက်စဥ်မှာပင်အရမ်းသဘောကျသွားခဲ့သည်။လေးလေးနက်နက်အရသာနှင့်မွေးပျံ့လွန်းသည့်ရနံ့ကြောင့်တစ်ခွက်ပြီးတစ်ခွက်ဆက်တိုက်သောက်နေမိတော့သည်။လူငယ်လေးတွေဆွေးနွေးနေသည့်အကြောင်းအရာနှင့်ပတ်သက်ပြီးသူဘာမှဝင်မပြောပဲနာထောင်သူသာလုပ်နေလိုက်သည်။

သူတို့နဲ့အနီးအနားမှာကုန်းကုန်းနှင့်အပျိုတော်များကအော်ဟစ်နေကြတာကြောင့်အားလုံးကလှည့်ကြည့်လိုက်တော့ပန်ဒိုရာရဲ့ကုန်းကုန်းကလက်ထဲကလိမ္မော်သီးကိုမြှောက်လိုက်ချလိုက်လုပ်နေပြီးတစ်ခြားလူတွေရဲ့အစေခံတွေကအားကျမနာလိုစွာအော်ဟစ်နေကြသည်။သီတာဒေဝီမျက်မှောင်ကျုံ့လိုက်ပြီး

"မောင်ငယ်လေးမြင့်မြတ်တဲ့လူတွေသာသုံးဆောင်ခွင့်ရှိတဲ့အဖိုးတန်သစ်သီးကဘယ်လိုလုပ်နိမ့်ကျတဲ့ကုန်းကုန်းတစ်ယောက်ရဲ့လက်ထဲရောက်နေရတာလဲ"

ပန်ဒိုရာမျက်မှောင်ကျုံ့လိုက်မိသည်။

'လိမ္မော်သီးကဘာများမြင့်မြတ်နေလို့လဲပိုက်ဆံရှိရင်ကလေးအစခွေးအဆုံးဝယ်စားလို့ရနေတာကို'

ပန်ဒိုရာအမတော်ဘက်ပြုံးပြလိုက်ပြီး

"အမတော်လိမ္မော်သီးကလူတွေထက်အဖိုးမတန်ပါဘူး"

"ကုန်းကုန်းတစ်ယောက်ကလိမ္မော်သီးစားဖို့ထိုက်တန်တယ်လို့ပြောနေတာလား"

"မဟုတ်ဘူး..ကုန်းကုန်းနဲ့ပဲထိုက်တန်တာမဟုတ်ဘူးလူတိုင်းနဲ့ထိုက်တန်ပါတယ်ခမည်းတော်ဆီကလက်ဆောင်ရတဲ့လိမ္မော်သီးတွေကိုကုန်းကုန်းနဲ့အပျိုတော်တွေကိုပေးဝေတာတောင်မကုန်နိုင်သေးလို့စာပို့ငှက်လေးတွေကိုတောင်ကျွေးလိုက်ပါသေးတယ်"

"ဘာ..မောင်ငယ်တော်ကတော်တော်ထူးဆန်းတာပဲ!"

"ဟက်!...ကောလဟာလတွေကတကယ်မယုံရဘူးပဲ"

ရုတ်တရက်ကြီးသူ့ဘက်ကဝင်ပြောပေးလာတဲ့အရှေ့အရပ်စစ်သူကြီးရဲ့သားနေသွေးအဂ္ဂကြောင့်ပန်ဒိုရာမျက်လုံးပင့်ကြည့်မိလိုက်သည်။နာမည်တွေထည့်မပြောပေမယ့်သိသာနေတာကို။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!जहाँ कहानियाँ रहती हैं। अभी खोजें