မိုးသန္တာဝင်း " အေး ခဏလေးငါခေါင်းလေးဖြီးချင်လို့"

မိုးစန္ဒာဝင်း " အမလေး လှတာလည်းမဟုတ်ဘဲ ပြင်မနေနဲ့ ရွာမှာနင့်ကိုကြည့်မယ့်လူမရှိဘူး "

မိုးသန္တာဝင်း " သေနာမ"

ဝင်းလဲ့လဲ့မိုး "😃😃"

စကြနောက်ကြရင်း မျက်လှည့်သွားကြည့်ဖို့ အိမ်ရှေ့အထွက် ရပ်ထားတဲ့ကားတစ်စီးကြောင့် စန္ဒာတို့မှာအံ့သြသွားရသည်

မိုးစန္ဒာဝင်း " ဘယ်သူ့ကားလည်းမသိဘူးနော် "

မိုးသန္တာဝင်း " အေးဟ "

စပ်စုနေကြတုန်း ကားပေါ်မှဟန်ပါပါနဲ့ဆင်းလာတဲ့ အမျိုးသားတစ်ဦး

အရပ်၅ပေ၄က မပုပေမယ့် ယောက်ျားလေးတစ်ဦးမလို့ပုနေတာတော့အမှန်

ဝင်းလဲ့လဲ့မိုး " ဟင် အကိုရှောင်ချီ "

ရိပေါ်ရဲ့ လူယုံရှောင်ချီကိုတွေ့လိုက်ရတာကြောင့် အံ့သြမိတာမဆန်း

ရှောင်ချီ " မင်္ဂလာပါ ကျွန်တော်အမတို့၃ယောက်ကို လာခေါ်တာပါ"

မိုးစန္ဒာဝင်း " မောင်လေး အမတို့ကသဘက်ခါမှမြို့ကိုတက်မှာလေ "

ရှောင်ချီ " ဟုတ်ပါတယ် ဒါပေမယ့် bossက အကိုလေးကျန့်စိတ်ချမ်းသာအောင် အမတို့ကိုစောစောလာခေါ်ခိုင်းလိုက်တာပါ ကျေးဇူးပြု ပြီးလိုက်ခဲ့ပေးပါ"

ဝင်းလဲ့လဲ့မိုး " bossတို့များနော် ကဲချက်က သူ့ဟာလေးစိတ်ချမ်းသာအောင်လာခေါ်ခိုင်းရတယ်လို့"

မိုးသန္တာဝင်း " ဟုတ်ပါ့ ငါတို့ကအဝတ်ထုပ်တောင်မပြင်ရသေးတာကို"

မိုးစန္ဒာဝင်း " ဒီလိုလုပ်ပါလားမောင်လေး မောင်လေးလည်းခရီးပန်းလာမှာပေါ့ မနက်ဖြန်မှအမတိူ့ အေးဆေးသွားကြမယ်လေနော်"

စန္ဒာရဲ့စကားကအလုပ်ဖြစ်ပုံမရ ကောင်လေးကခေါင်းကုပ်ပြီး ငြင်းလေရဲ့

ရှောင်ချီ " မရပါဘူးဗျ bossကဒီနေ့ပဲချက်ချင်းပြန်လာဖို့မှာထားလို့ပါ အမတို့ကိုလည်း ဘောက်ဆူးပေးချင်လို့တဲ့"

All " ဘာ!! ဘောက်ဆူးဟုတ်လား?"

၃ယောက်သားတပြိုင်တည်းအော်သံကြောင့် ရှောင်ချီ တစ်ယောက် လန့်သွားရ၏

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now