ရှူ း

ကျန့်ကျန့်ရဲ့ ဘယ်ဘက်ပါးပြင်လေးကိုထပ်မံနမ်းကြူ လိုက်ပြီးနောက်မှာတော့ ရင်ခွင်ထဲကအကောင်ပေါက်ဆီမှ စောတကတက်သံလေးထွက်ပေါ်လာ၏

ရှောင်းကျန့် " ဒီနေရာလေးကိုရော မနမ်းတော့ဘူးလား ကိုကို😚"

နှုတ်ခမ်းလေးထော်ပြကာ မေးလေတဲ့အဆိုးလေးကြောင့် ရိပေါ်တစ်ယောက် ထိုနေရာလေးကို ခပ်ကြာကြာလေးဖိနမ်းလိုက်၏

အဆိုးလေးဘက်က အလံဖြူ ပြကာ ရင်ဘတ်ကိုလက်သေးသေးဖြင့်တွန်းထုတ်ကာမှ ရိပေါ်နှာဖူးလေးကိုတစ်ချက်နမ်းကာအဆုံးသတ်လိုက်၏

ရိပေါ် " မောသွားပြီလား "

ရှောင်းကျန့် " အွန်း ဒါပေမယ့် သဘောကျတယ်😊 ဒါနဲ့ အမစန္ဒာတို့က အမှီလာမှာပါနော်ကိုကို "

ရိပေါ် " ကလေးက သူတို့ကိုပါ Weeding မှာရှိစေချင်တာလား "

ရှောင်းကျန့် " ဟုတ် သူတို့တင်မကဘဲ ကြီးတော်တင်နဲ့ဦးစိုင်းကိုပါရှိစေချင်တာ 😌"

ရိပေါ် " ဘာမှစိတ်မပူနဲ့နော် ကိုကိုသူတို့ကိုရအောင်ခေါ်ပေးမယ် သိပ်အများကြီးမတွေးနဲ့ မင်းလေးရဲ့အတွေးထဲမှာ ကိုယ့်မဟုတ်တဲ့တခြားသူတွေကို အချိန်အများကြီးပေးတာမကြိုက်ဘူးကွာ"

ရှောင်းကျန့် " ကိုပိုကြီး"

ကျန့်ကျန့်တစ်ယောက် ကိုကိုယ့်ပုခုံးလေးပေါ်မေးတင်ကာ မှိန်းနေတုန်း ဒေါ်ကြည်လာခေါ်လို့ ကြည့်လိုက်မိသည်

ဒေါ်ကြည် " သခင်လေး မမကြီးခေါ်ခိုင်းလိုက်ပါတယ်"

ဒေါ်ကြည့်ရဲ့စကားကြောင့် ရိပေါ်ပေါင်ပေါ်ကအဆိုးလေးကိုတစ်ချက်ကြည့်ပြီး ဒေါ်ကြည့်ကိုခေါင်းညိမ့်ပြလိုက်တယ်

ရိပေါ် " မေမေခေါ်နေလို့ ကိုယ်ခဏသွားလိုက်ဥိးမယ် ဒီမှာလိမ်လိမ်မာမာနဲ့နေခဲ့နော်"

အဆိုးလေးရဲ့မေးဖျားလေးကိုကိုင်ကာပြောလိုက်တာကြောင့်အဆိုးလေးကနှုတ်ခမ်းဆူရင်းပြန်ပြောလေတယ်

ရှောင်းကျန့် " လိမ်လိမ်မာမာနေခဲ့ဆိုတော့ ကျန့်ကျန့်ကဆိုးတယ်လို့ပြောချင်တာလားကိုကိုယောကျာ်း ဟွန့်🙄"

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now