ခပ်တိုးတိုးအသံလေးက တကယ်ပဲစိတ်မကောင်းဖြစ်နေပုံပင်

ရိပေါ် " ဘာတွေတွေးနေတာလည်းကွာ ကိုကိုကသူနဲ့ပတ်သတ်တော့မှာမှမဟုတ်တာ မင်းလေးကဘာမှစိုးရိမ်မနေနဲ့ ကိုကိုက ဟောဒီကအဆိုးလေးကိုပဲ တုန်နေအောင်ချစ်တာ "

ရှောင်းကျန့် " ဟီး😁"

ထိုအခါမှ ရင်ခွင်ထဲမှမော့ကာပြုံးပြဖော်ရတဲ့ အဆိုးလေးကျန့်ကျန့်ပါ

ရိပေါ် ရင်ခွင်ထဲကအကောင်ပေါက်ကို ခပ်တင်းတင်းလေးတစ်ချက်ဖတ်ထားလိုက်၏

ရှောင်းကျန့် " ကိုကို့ကို ကျန့်ကျန့်ချစ်တယ် "

ရုတ်တရက် ထွက်ပေါ်လာသောစကားသံကြောင့် ရိပေါ်မှိတ်ထားတဲ့မျက်လုံးတွေတောင် ပြူ းကျယ်သွားရသည်

ရိပေါ် " ကျန့်ကျန့် ဘာပြော.."

ရှောင်းကျန့် " ကျန့်ကျန့်က ကိုကို့ကိုအရမ်းချစ်တာမလို့ ကိုကိုဒီရွာမှာကျန့်ကျန့်နဲ့နေစရာမလိုပါဘူး ကျန့်ကျန့်ကိုကိုနဲ့ပြန်လိုက်ခဲ့မယ် ကိုကို့အလုပ်ကပစ်ထားလို့မရဘူးမလား ပြီးတော့မားကိုလည်း တွေ့ချင်နေပြီ "

ရိပေါ်အလိုက်သိလွန်းတဲ့ ချစ်သူလေးအား အနမ်းရှည်ကြီးပေးကာ အသိမှတ်ပြုလိုက်၏

ရင်ခွင်ထဲကအကောင်ပေါက်ကလည်း အလိုက်တသိလေးငြိမ်နေပေးပါသည်

ရိပေါ် စိတ်လိုလက်ရနမ်းနေမိပြီးမှ ငြိမ်နေတဲ့အကောင်ပေါက်ကြောင့် နှာဖူးလေးတစ်ချက်နမ်းကာ ရပ်ပေးလိုက်၏

ရိပေါ် " မောသွားပြီလား sorry ကိုကိုသတိလွတ်သွားလို့ "

ရိပေါ်စကားကို ကျန့်ကျန့်ခေါင်းလေးခါပြလိုက်ပြီး

ရှောင်းကျန့် " ကိုကိုပေးတဲ့အနမ်းတွေကို ကျန့်ကျန့်သဘောကျတာမလို့ ကိုကို့စိတ်ကြိုက်ယူလို့ရပါတယ် ကျန့်ကျန့်အသက်ရှူ ကျပ်သွားရတဲ့အထိ ကိုကိုယူပါ"

အသံချိုချိုလေးနဲ့ စကားတတ်လွန်းတဲ့အကောင်ပေါက်ကြောင့် ထိန်းထားရိပေါ်စိတ်တွေအစိုးမရတော့

အကောင်ပေါက်လေးရဲ့ ကိုယ်ပေါ်အုပ်မိုးလိုက်ပြီး

ရိပေါ် " ဒါဆို ကိုကိုအခုကျန့်ကျန့်ကိုလိုချင်တယ်ဆိုရင်ရော "

ထူးထူးဆန်းဆန်း ချစ်ဖူးစာNơi câu chuyện tồn tại. Hãy khám phá bây giờ