ရှောင်းကျန့် " ဆွမ်းလောင်းပွဲကအရမ်းကိုကြည်နူးဖို့ကောင်းတာပဲနော် "

ကြီးတော်တင် " ဒါပေါ့ အခူလိုလှူခွင့်ရတာကြောင့် စိတ်ကိုကြည်လင်အေးမြစေတယ်လေ"

ကျန်းချန် " နေတောင်အတော်ပူလာပြီနော်"

မနက်၉နာရီကျော်လာပြီဆိုတော့နေက တဖြည်းဖြည်း အုပ်မိုးလာပါ၏

ဦးစိုင်လုံလုံ " ဒါဆိူ နေသိပ်မပြင်းခင် တို့တွေပြန်ကြမလား "

ကြီးတော်တင် " ကောင်းပြီလေ ပြန်ကြတာပေါ့ အိမ်ပြန်ရင်ထမင်းချက်ရဦးမယ်"

မနက်ကအစောကြီးထလာရတာမလို့ ထမင်းမချက်အားပါ

ဧည့်သည်တွေကတော့ တည်းခိုခန်းတွေမှာအနားယူပြီး ညဘက်ဆိုထပ်ပြီးလာဖူးနိုင်ပါသည်

ကျန့်ကျန့်တို့လည်း မော်တင်ဘုရားကြီးအား ရှီခိုးပြီးကားဖြင့် မိမိတို့နေရပ် ဆင်ရွာလေးသို့ပြန်လှည့်ခဲ့ကြပါ၏

.

.

.

.
မိုးသန္တာဝင်း " ကြီးတင် ကြီးတင်!"

အသံကျယ်ကျယ်နဲ့အော်ပြီး ခြံဝိုင်းလေးထဲဝင်လာတဲ့ သန္တာတို့၃ယောက်

မိုးစန္ဒာဝင်း " ကြီးတင်ရေ ချစ်တူမလေးတွေလာတယ်"

အထုပ်တွေသယ်ရင်း အိမ်ရှေ့ကကွပ်ပျစ်ပေါ်ချလိုက်၏

ဝင်းလဲ့လဲ့မိုး " ဟင် အိမ်တံခါးလည်းသော့ခတ်ထားတယ် ကြီးတင်ဘယ်သွားပါလိမ့်? "

ကွပ်ပျစ်ပေါ်ထိုင်ရင်း ခေါင်းရင်းကအိမ်ကိုကြည့်လိုက်တော့

မိုးသန္တာဝင်း " ဟင် လူပျိုကြီးအိမ်ကလည်းသော့ပိတ်ထားတယ်😳"

မိုးစန္ဒာဝင်း " ဧကန ကြီးတင်တို့ခိုးပြေးသွားကြတာလား🙄"

အဟွတ်အဟွတ်💥

စန္ဒာစကားကြောင့် ရေနွေးသောက်နေတဲ့ မိုးရေနွေးသည်းရသည်အထိ

မိုးသန္တာဝင်း " ဘယ်သူမှလုမသောက်ပါဘူးအေ"

ဝင်းလဲ့လဲ့မိုး " ရူးနေလို့ခိုးပြေးရမလား သူတိူ့ကိုသဘောမတူမယ့်မိဘတွေမှမရှိတာ"

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now