ရှောင်းကျန့် " အရာအားလုံးပဲကိုကို ကျန့်ကျန့်တကယ်ပဲနားမလည်တော့ဘူး ယောက်ျားလေးချင်းမုန်းတယ်လို့ပြောတဲ့ကိုကိုကပဲ ယောက်ျားလေးဖြစ်တဲ့ကျန့်ကျန့်ကိုနမ်းတယ် ။ ကိုကိုခေါ်ခိုင်းတဲ့အတိုင်း ကိုကိုလို့ခေါ်ပြန်တော့ Company မှာကိုကိုဆိူတာမရှိဘူးပြောတယ် ။ ဒီနေ့လည်းဘာထူးလည်းကိုကို..။"

.
ရိပေါ်အခုမှပဲ ဇာတ်ရည်လည်တော့တယ်

လတ်စသတ်တော့အကောင်ပေါက်က ဒီနေု့ မြစ်ဖျားထိပ် နဲ့လုပ်ငန်းအကြောင်းဆွေးနွေးမှုကိုပြောတာကိုး

မြစ်ဖျားထိပ် က COOL အတွက် share ပါချင်လို့လာဆွေးနွေးခဲ့သည်

ကျန်းချန်ကလည်း စက်ရုံတစ်ဖက်နဲ့မလို့အကောင်ပေါက်ကိုသာ ကော်ဖီဖျော်ခိုင်းလိုက်ပါ၏

အကောင်ပေါက်ရဲ့အလွဲလွဲအချော်ချော်ကြောင့် မြစ်ဖျားထိပ် အပေါ်ကော်ဖီတွေဖိတ်သွားသည်

ဒါ့ကြောင့် ရိပေါ်အကောင်ပေါက်ကို နည်းနည်းမာန်လိုက်မိ၏

ထိပ်က. ဘယ်လိုပဲသူကြည့်မရပါစေ share ကိစ္စနဲ့လာတာမလို့သူ့ဘက်က respect ရှိရမည် ပြီးတော့ တစ်စိမ်းတစ်ယောက်ရှေ့မှာအကောင်ပေါက်ကို ဆူရတာလည်း ဒါလေးတောင်ဖြစ်မြောက်အောင်မလုပ်နိုင်ဘူးလို့ တစ်ခြားသူတွေ တွေးသွားမှာ

ရှောင်းကျန့် ကိုအထင်သေးပြီးအပြစ်ပြောမှာကိုမလိုလားလိူ့ သူကပိတ်ပြောလိုက်ခြင်းပါ

ဒါကို မြစ်ဖျားထိပ် ရှေ့မှာဆူလို့ဆိုပြီး အခုထိပေါက်ကွဲနေတုန်းပင်

ရိပေါ် " မနက်ကကိစ္စဆိုရင် ကိုကိုတောင်းပန်တယ်ကျန့်ကျန့် မင်းကိုအဲ့ဒီ့မိန်းကလေးပြောမှာမကြိုက်လို့"

.
ရှောင်းကျန့် " လာမလိမ်စမ်းပါနဲ့ကိုကိုရာ အဲ့အဒေါ်ကြီးအပူလောင်သွားတာကျန့်ကျန့်ကြောင့်ဆိုပြီး စိတ်ဆိုးသွားတာကိုကိုပါ ပြီးတော့ကျန့်ကျန့်ကိုလည်းအော်တယ်😥"

.
အမှန်တော့ ကျန်းချန်ပြောပြလို့ ကိုကိုနဲ့မြစ်ဖျားထိပ် ဆိုတဲ့အဒေါ်ကြီးနဲ့အကြောင်းကိုသူသိထားပါသည်

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now