ရိပေါ် " ဟုတ် မေမေမေ့နေမှာစိုးလို့ ။ "

ဝမ်မား " မေမေမမေ့ပါဘုးသားရယ် ဒါဆိုသားလည်းအိပ်တော့နော် မေမေလည်းပြန်တော့မယ် "

ရိပေါ် " ဟုတ်မေမေ good night "

ဝမ္မား " good night သား"

ဝမ်မားရိပေါ်ရဲ့နှာဖူးလေးကို နမ်းပြီးအခန်းထဲမှထွက်သွားလေ၏

.

.

.
ရိပေါ် " ကျွန်တော်တို့တင်ပြချင်တဲ့ project ကတော့ ဒီနှစ်ရဲ့ဆောင်းရာသီ fashion ပါပဲ ဒီဖက်ရှင်က limited edition ဖြစ်တာကြောင့် ကုန်ကျစရိတ်တွေကို အသေးစိတ်တင်ပြပေးပါ့မယ် ဥက္ကဌကြီး "

Wang Company ရဲ့ Meeting Room ကတော့ခါတိုင်းထက်ပိုပြီး အချိန်ကြာမြင့်နေပါသည်

Wang Company ရဲ့ ဥက္ကဌဒေါ်မြသစ်သွင်က အခုလိုနောက်ဆုံးလက်မှတ်ထိုးဖို့နဲ့ အဆုံးအဖြတ်တွင်သာ Company သို့လာတက်တက်ပြီး ကျန်တဲ့အချိန်တွေကိုသူမရဲ့ တစ်ဦးတည်းသောသား CEO ဝမ်ရိပေါ်ကတာဝန်ယူထားပါတယ်

ဥက္ကဌ " ဒီfashion က COOL ရဲ့ own creation ဖြစ်ပြီးတော့ လူငယ်တွေရဲ့အကြိုက်နဲ့လည်းကိုက်ညီတယ် ပြီးတော့ တန်ဖိုးနဲ့ quality ကလည်းလုံးဝကို ညီမျှတယ် ဒါ့ကြောင့်ကျွန်မဒီ project ကိုထုတ်ခွင့်ပြုပါတယ် "

ဒေါ်မြသစ်သွင်ရဲ့အဆူံးအဖြတ်ကြောင့် voteအဖွဲ့ဝင်တွေနဲ့ ရိပေါ်ပါကျေနပ်မိပါသည်

.
ဥက္ကဌ " ဒါနဲ့ ဒီ design အတွက်ဘယ် model နဲ့တွဲဖိူ့စဉ်းစားထားကြလည်း "

.
ဝန်းနင် " ကျွန်တော်တိူ့တွေးထားတဲ့တစ်ယောက်တော့ရှိပါတယ် ဥက္ကဌ ။ ဒီ fashion ထုတ်လုပ်မှုမပြီးခင်သူနဲ့ တွဲခွင့်ရအောင်လုပ်နေပါတယ်ဗျ "

Vote အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်တဲ့ ဝန်းနင်က. သူ့ရဲ့ဆန္ဒကိုဖော်ထုတ်တော့ ရိပေါ်သိပ်မကြိုက်ချင်

.
ဘာလို့များ ဒီတစ်ယောက်နဲ့ပဲကြော်ငြာချင်ပါလိမ့်

.
ဥက္ကဌ " ဟုတ်လား ဘယ်သူများလည်း"

ဝန်းနင် " သူကအခုလတ်တလော hit ဖြစ်နေတဲ့သူပါ ပြီးတော့စာရေးဆရာလည်းဖြစ်တယ်ဥက္ကဌ နာမည်က ဝေ့ရင်းတဲ့ "

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now