.
ရှောင်းကျန့် " ဟူး စိတ်ကျဉ်းကျပ်လိုက်တာ necktie လည်းချည်ရဦးမယ် "

ပွစိပွစိပြောရင်း လည်ပင်းမှာ necktie လေးကိုပတ်နေ၏

ရှောင်းကျန့် " ဝမ်ရိပေါ်ကြီးကိုအနိုင်ယူချင်လို့သာ ဒီအလုပ်ကိုလုပ်တာ မဟုတ်ရင်အဲ့လိုမံမီရုပ်ကြီးလို တောင့်တောင့်ကြီးနေရမယ့်အလုပ်ကို သေတောင်မလုပ်ဘူး😏"

necktie လေးချည်ပြီးသွားလို့ ချောမောလှပတဲ့မိမိမျက်နှာလေးကိုကြည့်ရင်း ပီတိဖြစ်နေတဲ့ကျန့်ကျန့်ပါ

ကျန်းချန် " ကျန့်ကျန့်ရေ ပြီးရင်လည်းထွက်ခဲ့တော့ မှန်ထဲလည်းဝင်သွားအုန်းမယ် တကယ်ပဲပြင်ဆင်လို့ကိုမပြီးနိုင်ဘူး "

ထမင်းစားခန်းမှပြောတဲ့ကျန်းချန်ရဲ့အသံကား အိပ်ခန်းထဲထိကိုထိုးဖောက်နိုင်ပါသည်

ကျန့်ကျန့်တစ်ယောက် မိမိရုပ်ကလေးကြောင့်ဂုဏ်ယူမဆုံးဖြစ်နေတဲ့စိတ်တောင် ထိုအသံဆိူးကြောင့် ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရ၏.

ရှောင်းကျန့် " ပြင်ရမယ်လေ ငါကမင်းလိုဘယ်သူမှမကြည့်ချင်တဲ့ရုပ်မှမဟုတ်တာ အဲ့တော့ငါမျက်နှာလေးကိုမြင်ပြီး Company ကလူတွေစိတ်ချမ်းသာစွာအလုပ်လုပ်နိုင်ဖို့ ငါကစေတနာနဲ့ပါရမီဖြည့်ပေးနေတာ "

ကျန့်ကျန့်စကားကြောင့် ကျန်းချန်စားလတ်စပေါင်မုန့်တောင်နင်ချင်သွားရသည်

ဖြစ်ရလေခြင်း သူများတွေစိတ်ချမ်းသာအောင်ရုပ်ချောပေးနေရတယ်ဆိုပါလား ငါလေးအသက်ရှည်ချင်တယ်😔

ကျန်းချန် " မြိုစာရာရှိတာမြို တော်ကြာကားတွေပိတ်လို့ တစ်ခါတည်းထွက်စာတင်နေရမယ် "

ရှောင်းကျန့် " စိတ်မပူပါဘူး ငါတစ်ယောက်တည်းမှမဟုတ်တာ မင်းပါရှိတော့အဖော်ရတာပေါ့😁"

ကျန်းချန် " ရှီးကိုအဖော်ရှိတာလား ဖွက်ဖွက်လွှဲပါစေ စောစောစီးစီးနမိတ်မရှိဘာမရှိ "

ကျန့်ကျန့်တစ်ယောက် အပျိ ုကြီးကိုကြည့်ရင်း အရီမရပ်တော့ပေ

.
.

.

.
ကျန့်ကျန့်နဲ့ကျန်းချန် Company ထဲဝင်လာတာနဲ့ reception မှစ၍company တစ်ခုလုံးကလူတွေရဲ့အကြည့်က ကျန့်ကျန့်ဆီမှာပင်

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now