လူနှစ်ယောက်အကြည့်ချင်းဆုံနေတာဘယ်သူမှမသိပေ အရင်ဆုံး စစ်မှူးဘက်ကမျက်နှာအရင်လွဲလိုက်သည်  ဘာလို့ဆိုတော့ ကိုယ်ထက်ငယ်တဲ့လူနဲ့ရန်ဖြစ်ပီ အောက်တန်းကျအောင်လုပ်မည်မဟုပေ ကိုယ်ဘက်ကဒီတိုင်းကြည့်ပင်မဲ့တစ်ဘက်က ဘယ်လိုတွေးမှန်းမသိ  သူကိုမျက်လွဲမခက်ကြည့်နေတာ ကိုပင်လေးစားမိသည် နှုတ်ခမ်းကတော့ရွဲ့ပြုံးသာဆင်မိတော့သည်

"အဲ့တော့ ကလေးကလိုက်သွားမှပေါ့ "...ကလေးဘက်က .."အင် ဟုတယ်"လို့သာပြောလာသည် အခုတော့ကလေးကိုမပိုင်သေးဘူးဆိုတော့မပြောသေးဘူး ..အေပိုင်ဆိုင်..တဲ့တစ်နေ့ကျရင် ကိုယ့်အကြောင်းသိစေရမယ် ...အခုနေချောက်လိုက်ရင်..လန့်ပြီပြန်မလာမှာကြောက်တော့ .အနုနည်းသုံးထားအုန်းမယ်နော် ညစ်ကျေးကျေးပြုံးကာ ဆံပင်လေးကိုအနားသတ်ပေးလိုက်သည်

သဘောကျနေပုံရသည့်ညီမက ပြုံးကာဆိုလာသည်  " လင်းအိမ်ကိုကလိုက်ပို့စရာ မလိုဘူး အိမ်ကဒီနားတင် "

"ရတယ်အကိုလိုက်ပို့ပေးမယ်လေ"

" ခေတ်နေသွားမယ်လေငါ့အိမ်ကကားလာကြိုနေပြီ "

"အင် ..အကိုသွားပြီးနော် " လက်ပြကာသွားလေးပေါ်အောင်ပြုံးပြလိုက်သည် တကယ်ဆိုအနည်းငယ်တော့ အားနာမိသည် သူငယ်ချင်းကလည်းခေါ်နေတာကြာပြီ  ပုံမှန်သူများအိမ်လိုက်မသွားတက်ပင်မဲ့ ကိုယ်ကို အမြဲတိုင်းကူညီပေးနေသောသူငယ်ချင်းအရင်းကြီးဖြစ်သောကြောင့်ဖြစ်သည်

"အင်.."တစ်လုံးထဲသာပြောပြီ ကားပေါ်တက်သွားသောကျောပြင်လေးကိုငေးနေသည် ပြီမှဘေးနားက လင်းအိမ်ကို အိမ်ပြန်ပို့ဖို့ပြောလိုက်သည်

"လင်းအိမ် အကိုတို့လည်း သွားမယ်လေ "

"ရပါတယ်"ပြောပြီလွယ်အိပ်ကိုကိုင်ကာ"ဟဲ..ဟဲ.."
လုပ်ပြနေသောလင်းအိမ်

..........................❤️ ❤️

"ရာ....အိမ်ကမိုက်လိုက်.တာ.."လို့အရင်ဆုံးပြောမိသည် ခြံ ထဲဝင်တော့ လူတစ်ရပ်စာမြင့်သည့်အမျိုးအမည် မသိတဲ့ပန်းနဲ့ပန်းအိုတွေကိုမြင်နေရသည် တစ်ဘက်မှာ ရေတံခွန်လေးပြုလုပ်ထားသည် "ဟိုမှာ ရေတံခွန် သေးသေးလေး " လို့ပြောေတာ့သူငယ်ချင်းဖြစ်သူက" ကြိုက်လား အဲ့တာက ငါကိုယ်တိုင်ဒီဇိုင်းဆွဲပြီးလုပ်ခိုင်းထားတာ "တဲ့ တကယ်ကိုမိုက်တာဘဲ အောက်ကိုကြည့်တော့ကန်လေထဲမှာ ငါးမျိုးစုံနဲ့ အိမ်ထဲဝန်ပြီး ဧည့်ခန်းထဲဝင်ထိုင် လိုက်သည် မှန်ကနေဖောက်မြင်နေရသည့် ရေတံခွန်နဲ့ ပန်းတွေမှာတကယ်ကိုတောအုပ်သေးသေးလေးနဲ့ တူနေသည်

ကြိုးWhere stories live. Discover now