ရိပေါ်အားလုံးကိုကြေငြာပြီးကျန်းချန်ကိုတစ်ချက်ပြောလိုက်သည်

ရိပေါ် " ထုတ်မည့်အရေအတွက်နဲ့ ကုန်ကျမှုစာရင်းကိုတစ်ခါတည်းလုပ်လိုက် ပြီးရင်ဥက္ကဌကြီး ဆီကိုတင်ပြရမယ် "

ကျန်းချန် " စိတ်ချပါboss "

..

.

.
မြစ်ဖျားထိပ် " တစ်ဖက်က ဘာပြောလည်း Daddy "

ဖုန်းကိုကိုင်ကာစိတ်ပျက်ပျက်နဲ့ ဆိုဖာပေါ်ထိုင်ချလိုက်တဲ့ ဦးဂုဏ်ထိပ်ခေါင်အား ထိပ်မေးလိုက်ခြင်းပါ

ဦးဂုဏ်ထိပ်ခေါင် " နောက်လအတွင်း အတိုးရောအရင်းပါဆပ်ပါတဲ့ မဟုတ်ရင်သက်ဆိုင်ရာနဲ့စကားပြောမယ်တဲ့လေ "

ဦးဂုဏ် စိတ်ပျက်လက်ပျက်နဲ့ဆိုဖာပေါ်မှီချရင်း ပြောပြလေ၏

မြစ်ဖျားထိပ် " ဟင် ဒါဆိုထပ်တို့ဘာဆက်လုပ်ကြမလည်း Daddy "

ဒေါ်ကြွယ်သွေးခ " ဘာဆက်လုပ်ရမှာလည်း ဟိုကောင်လေးဝမ်ရိပေါ်ကို အပိုင်ဖမ်းရမှာပေါ့😏"

သားအဖနှစ်ယောက်ကြားဝင်ပြောလိုက်တဲ့ ဒေါ်ကြွယ်ပါ

အသက် ၄၃နှစ်လို့မထင်ရအောင်ကိုနုပျိုလှပတဲ့သူမက မြစ်ဖျားထိပ် ရဲ့မိထွေးပေမဟုတ်လား

ထိပ်ကတော့ ခေါင်းလေးတခါခါဖြင့်

မြစ်ဖျားထိပ် " မဖြစ်ဘူး မေကြွယ် ရိပေါ်ကခုထိသမီးကိုအနားအကပ်မခံသေးဘူး "

ဒေါ်ကြွယ်သွေးခက မြစ်ဖျားထိပ်ရဲ့မိထွေးဆိုပေမယ့် ထိပ်ကိုသမီးတစ်ယောက်လို သူမချစ်ပါ၏

ထိပ်ကလည်းသူ့အပေါ်စိမ်းကားမှု အလိုမကျမှုတွေမရှိဘဲ မေမေလို့မခေါ်ပေမယ့် မေကြွယ်လို့တော့ခေါ်ကာရိုသေမှုပေးပါသည်

အစကတော့ ဦးဂုဏ်လိုငွေကြေးချမ်းသာတဲ့မုဆိူးဖိုကို သူ့လိုအပျိုလေးက လက်ထပ်လိုက်ရပေမယ့် သမီးထိပ်ကြောင့် သူဒီနေ့အထိပေါင်းသင်းမိသည်

လောင်းကစားအရမ်းဝါသနာပါလွန်းတဲ့ ဦးဂုဏ်ကြောင့် သူ့တို့ရဲ့ " မြတ်ထိပ်ခေါင် " Company ကြီးကယိုင်နဲ့နဲ့ဖြစ်လာရပြီ

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now