ရှောင်းကျန့် " တကယ်လား အကို ဝမ်းသာလိုက်တာ "

မုန့်ယောင် " အကိုလည်းမင်းကို ကျေးဇူးတင်နေတာ ကျန့်ကျန့်ကြောင့် အကိုတို့ CQL စာအုပ်တိုက်ကနာမည်ကြီးလာတာလေ "

ရှောင်းကျန့် " ကျွန်တော်လည်း အကို့ကိုကျေးဇူးတင်နေတာပါ ကျွန်တော့်လိုတက်သစ်စတစ်ယောက်ကို ယုံယုံကြည်ကြည်နဲ့ စာအုပ်ထုတ်ပေးခဲ့လို့ ကျေးဇူးပါအကို Shadow အနေနဲ့မဟုတ်ဘဲ ကျွန်တော်ရဲ့ကလောင်နာမည်နဲ့ ထုတ်ပေးခဲ့တဲ့အတွက် "

မုန့်ယောင် " အကိုလည်း ကျန့်ကျန့်ရဲ့အရေးအသားတွေကို တကယ်သဘောကျလို့ပါ "

ရှောင်းကျန့် " ကျေးဇူးပါ "

မုန့်ယောင် " အော်ဒါနဲ့ အကိုခေါ်လိုက်တာ နောက်တစ်ခုပြောစရာရှိသေးလို့ "

ရှောင်းကျန့် " ဘာများလည်းအကို"

မုန့်ယောင် " အခုစာဖတ်သူတွေက ဝေ့ရင်းကိုအရမ်းစိတ်ဝင်စားနေကြတယ်လေ သူတို့ကကျန့်ကျန့်ကို အရမ်းမြင်ဖူးချင်နေကြတယ် အဲ့တာကြောင့် အကိုအမြင်တော့ ကျန့်ကျန့်ကို public မှာချပြသင့်ပြီလို့ထင်တယ် ဒါမှစာဖတ်သူတွေလည်း ကျေနပ်ကြမယ်ထင်တယ် "

ရှောင်းကျန့်နဲ့ ကျန်းချန်တစ်ယောက်မျက်နှာ တစ်ယောက်အကဲခတ်သလိုကြည့်ရင်း

ရှောင်းကျန့် " နေပါစေအကို ကျွန်တော့်အောင်မြင်မှုကို အရေးအသားနဲ့ပဲယူပါရစေ တော်ကြာရုပ်ရည်ကြောင့်လို့အားလုံးကတွေးမှာ ကျွန်တော်မလိုချင်ဘူး "

ကျန်းချန် " ကျွန်တော်လည်း အဲ့လိုပဲထင်တယ် ကျန့်ကျန့်ကိုpublic မှာချမပြပေးတာ ပိုပြီးအန္တရာယ်ကင်းမယ်လို့ထင်တယ် မဟုတ်ရင် ဒီလောက ကကြောက်စရာကောင်းတယ်လေ "

တစ်လျှောက်လုံးငြိမ်နေတဲ့ ကျန်းချန်ဆီမှ ပြောလေတဲ့စကားကြောင့် မုန့်ယောင် ခေါင်းတစ်ညှိမ့်ညှိမ့်နဲ့ ထောက်ခံလိုက်၏

ဟုတ်ပါသည် ကျန့်ကျန့်ရဲ့ရုပ်ရည်ကမိန်းကလေးလို ချောတာမဟုတ်ဘဲ လှသည့်ဘက်ကိုသွားတဲ့ မျက်နှာမျိုးလေး

ကြည့်လေကြည့်လေ မျက်နှာမလွှဲချင်စရာကောင်းလောက်အောင် ဒီကောင်လေးက အသည်းယားစရာကောင်းနေသလို

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now