ကျန်းချန် " မင်းကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ငါကတော့ပြောရမှာပဲကျန့်ကျန့် မင်းရောငါရောက ဆွေမရှိမျိုးမရှိတစ်ကောင်ကြွက်တွေကွ မင်းမှာကမိဘထားခဲ့တဲ့ ဒီတိုက်ခန်းလေးရယ် ဘဏ်မှာအပ်ထားတဲ့ အမွေအနည်းငယ်ရယ်ပဲရှိတာလေ မင်းမိဘတွေက မင်းအိမ်ထောင်ပြုတဲ့အခါမျက်နှာမငယ်ရအောင် သူများသားသမီးကို မျက်နှာလှလှတောင်းရမ်းနိုင်အောင် ဘဏ်မှာအပ်ပေးခဲ့တာ "

ရှောင်းကျန့် " ငါသိသားပဲ "

မျက်မှန်လေးကိုချွတ်ရင်း ပြန်ဖြေပုံက ထိပ်ခေါက်ချင်စရာ

ကျန့်ကျန့်က အမြဲမျက်မှန်တပ်မှမြင်ရတဲ့သူမဟုတ်ပါ

သူစားရေးတဲ့အခါတို့ စာဖတ်တဲ့အခါတို့ဆိုရင်တော့ တပ်ရတယ် အနည်းငယ်ဝေဝါးတက်လို့ပါ

ဒါ့ကြောင့် ကျန်တဲ့အချိန်ဆို မျက်မှန်မတပ်ဖြစ်
အခုလည်း မျက်မှန်လေးကို အင်္ကျီမှာတွယ်ရင်းသူ့ကိုပေကပ်ကပ်နဲ့ကြည့်နေ၏

ဘယ်လိုပဲဖစ်ဖစ်
ကျန်းချန် ပြောလတ်စကိုဆက်ပြောလိုက်သည်

ကျန်းချန် " သိလို့ပဲငါကပြောနေရတာပေါ့ ငါမင်းကိုစိတ်မချလို့တစ်အိမ်တည်းနေနေတာကျန့်ကျန့် မင်းကအသက်သာကြီးလာတာ အခုထိကလေးလိုနေတတ်တုန်းလေ "

ကျန့်ကျန့်တစ်ယောက် အပျိုကြီးစကားကိုနားညီးသည်ဆိုသည့်သဘောဖြင့် နားကိုလက်ထည့်ကာ ထိုးလိုက်၏

ကျန်းချန် " မင်းဝါသနာပါတဲ့စာရေးတဲ့အလုပ်ကို မလုပ်နဲ့လို့ငါမပြောပါဘူး ဒါပေမယ့် ငါ့လိုလည်းcompany တစ်ခုခုမှာဝင်လုပ်လေ အားတဲ့အခါကျရင် မင်းဝါသနာပါတဲ့အလုပ်ကိုလုပ်လို့ရတာပဲ "

ရှောင်းကျန့် " ကျန်းချန် မင်းတော်တော်အပြောကောင်းတယ်နော် စားရေးတဲ့အလုပ်ကလွယ်တယ်များထင်နေတာလား ဟမ် စာအုပ်တစ်အုပ်ထုတ်နိုင်ဖို့ ၆လနီးပါးအချိန်ယူရတယ် လေ့လာရတယ် ခရီးတွေထွက်ပြီး relax လုပ်ရတယ်ကွ အခုထရေးလို့မရဘူး ပြီးတော့မင်းပြောတဲ့ company အလုပ်ကိုငါစိတ်လည်းမဝင်စားဘူး မင်းငါ့ကိုဒါတွေပဲနေ့တိုင်းလာပြောနေတာ မမောသေးဘူးလားကွာ "

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now