ကုတင်ပေါ်မှာ စောင်ပုံထဲဝင်ခွေပြီး အိပ်နေတာများပုစွန်ထုပ်လေးအလား

ကျန်းချန် စောင်ကိုဆွဲချလိုက်တော့ အတင်းပြန်ကုတ်ထားပြန်တယ်

ကျန်းချန်စောင်ကိုအားဖြင့် ထပ်မံဆွဲဖယ်လိုက်တော့မှ ဆူပုတ်ပုတ်လေးဖြင့် သူ့ကိုမပွင့်တပွင့်မျက်လုံးများဖြင့်ကြည့်လာ၏

ကျန်းချန် " နိုးပြီလား နိုးရင်ထ မျက်နှာသစ်အောက်မှာ မနက်စာပြင်ထားတယ် ငါအလုပ်သွားတော့မယ် "

ရှောင်းကျန့် " အင်း..😴"

ခုထိ အိပ်ရှိန်မပြယ်သေးတဲ့ ကျန့်ကျန့်ကိုတစ်ချက်ကြည့်ရင်း ကျန်းချန်အပြင်ထွက်လာလိုက်သည်

နယ်ကနေ မြို့မှာလာနေတဲ့ သူငယ်ချင်းနှစ်ယောက်။ တိုက်ခန်းလေးကတော့ ကျန့်ကျန့်ရဲ့မိဘတွေထားခဲ့တဲ့ တစ်ခုတည်းသောပိုင်ဆိုင်မှုပင်

ငယ်ငယ်ထဲက လည်ပင်းဖက်ပေါင်းလာတဲ့သူတွေမလို့ ပြောမနာဆိုမနာ
အသက်သာ၂၄ ပြည့်တော့မှာ ခုထိဂျစ်ကန်ကန်စိတ်နဲ့ ပြိုင်ဆိုင်လိုစိတ်ကမသေး

အခုထိအလုပ်ကိုမည်မည်ရရလည်းမလုပ်ဘဲ အားနေcomputer ရှေ့ကမခွာဘဲ တကုပ်ကုပ်နှင့်

ကိုယ်ကသာ Wang company မှာ secretary တစ်ယောက်ဖြစ်လာတာ သူကတော့ခုထိ ဝတ္ထုရူးရူးကောင်းနေတုန်း

ကျန်းချန် တွေးလက်စကိုဖြတ်ပြီး company ကိုသာကားလေးမောင်းထွက်သွားလိုက်၏

..

..

..

ရိပေါ် " မင်းတို့တွေ အဲ့လောက်အချိန်တွေပေါနေတာလား💥"

Company ထဲဝင်ဝင်ချင်းကြားလိုက်ရတဲ့ bossရဲ့အမိန့်သံ

ကျန်းချန်အပြေးလေး သွားလိုက်တော့ ပြသာနာကတော့ထူံးစံအတိုင်းပါ

ဝန်ထမ်းကောင်မလေးတွေကလည်း သူဌေးကိုကြောက်လို့ ခေါင်းတွေငုံ့ထားကြ၏

ကျန်းချန် " Boss စိတ်လျော့ပါ "

ရိပေါ် " မင်းတို့တွေ အလုပ်မပြုတ်ချင်ရင်ကျပ်ကျပ်သတိထားနေကြ ငါ့company မှာနောက်တစ်ခါအဲ့အကြောင်းတွေပြောတာကြားကြည့် တစ်ခါတည်းအလုပ်ပြုတ်ပြီသာမှတ် "

ထူးထူးဆန်းဆန်း ချစ်ဖူးစာWhere stories live. Discover now